ကိုမိုအသင္းရဲ့ ဘုတ္အဖြဲ႕ဝင္ျဖစ္လာတဲ့ ဗာရန္း

ၿပီးခဲ့သည့္ စက္တင္ဘာလကုန္ပိုင္းတြင္ ကစားသမားဘဝမွ အနားယူေၾကာင္း ေၾကညာခဲ့သည့္ ျပင္သစ္ေနာက္ခံလူေဟာင္း ရာဖယ္ဗာရန္းသည္ စီးရီးေအကလပ္ ကိုမိုအသင္း၏ ဘုတ္အဖြဲ႕ဝင္အျဖစ္ ခန႔္အပ္ခံခဲ့ရေၾကာင္း သိရသည္။

အသက္ ၃၁ ႏွစ္သာရွိေသးသူ ဗာရန္း သည္ ၿပီးခဲ့သည့္ရာသီကုန္၌ မန္ယူအသင္းႏွင့္ လမ္းခြဲ၍ ဇူလိုင္တြင္ ကိုမိုအသင္းႏွင့္ ႏွစ္ႏွစ္ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့သည္။

သို႔ေသာ္ ၎သည္ ကိုမိုအသင္းအတြက္ ပထမဆုံးပြဲစဥ္ျဖစ္သည့္ ကိုပါအီတာလီယာဖလားၿပိဳင္ပြဲ ပထမပိုင္းမွာပင္ ဒူးဒဏ္ရာရရွိခဲ့သျဖင့္ အနားယူခဲ့ရၿပီး စက္တင္ဘာ ၂၅ ရက္တြင္ ကစားသမားဘဝမွ အနားယူေၾကာင္း ေၾကညာခဲ့သည္။ ထို႔ေၾကာင့္ ကိုမိုအသင္းက ၎အား ဘုတ္အဖြဲ႕ဝင္အျဖစ္ ခန႔္အပ္ခဲ့ျခင္းျဖစ္သည္။

ဗာရန္းသည္ ကိုမိုအသင္းတြင္ လူငယ္ဖြံ့ၿဖိဳးေရး၊ ပညာေရးႏွင့္ ထုတ္ကုန္သစ္ဖန္တီးမွုအတြက္ အႀကံေပးအျဖစ္ ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္းသိရသည္။


ကိုမိုအသင်းရဲ့ ဘုတ်အဖွဲ့ဝင်ဖြစ်လာတဲ့ ဗာရန်း
=============
ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းတွင် ကစားသမားဘဝမှ အနားယူကြောင်း ကြေညာခဲ့သည့် ပြင်သစ်နောက်ခံလူဟောင်း ရာဖယ်ဗာရန်းသည် စီးရီးအေကလပ် ကိုမိုအသင်း၏ ဘုတ်အဖွဲ့ဝင်အဖြစ် ခန့်အပ်ခံခဲ့ရကြောင်း သိရသည်။

အသက် ၃၁ နှစ်သာရှိသေးသူ ဗာရန်း သည် ပြီးခဲ့သည့်ရာသီကုန်၌ မန်ယူအသင်းနှင့် လမ်းခွဲ၍ ဇူလိုင်တွင် ကိုမိုအသင်းနှင့် နှစ်နှစ် စာချုပ် ချုပ်ဆိုခဲ့သည်။

သို့သော် ၎င်းသည် ကိုမိုအသင်းအတွက် ပထမဆုံးပွဲစဉ်ဖြစ်သည့် ကိုပါအီတာလီယာဖလားပြိုင်ပွဲ ပထမပိုင်းမှာပင် ဒူးဒဏ်ရာရရှိခဲ့သဖြင့် အနားယူခဲ့ရပြီး စက်တင်ဘာ ၂၅ ရက်တွင် ကစားသမားဘဝမှ အနားယူကြောင်း ကြေညာခဲ့သည်။ ထို့ကြောင့် ကိုမိုအသင်းက ၎င်းအား ဘုတ်အဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ဗာရန်းသည် ကိုမိုအသင်းတွင် လူငယ်ဖွံ့ဖြိုးရေး၊ ပညာရေးနှင့် ထုတ်ကုန်သစ်ဖန်တီးမှုအတွက် အကြံပေးအဖြစ် ဆောင်ရွက်ရမည်ဖြစ်ကြောင်းသိရသည်။