ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဒုတိယ ဥကၠ႒ ဦးလွထြန္း မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ တိုင္း၊ ခရိုင္၊ ၿမိဳ႕နယ္ပါတီတာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံ

ေအာက္တိုဘာ ၁၂
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဒုတိယဥကၠ႒ ဦးလွထြန္းသည္ မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ တိုင္း၊ ခရိုင္၊ ၿမိဳ႕နယ္ပါတီတာဝန္ရွိသူမ်ားႏွင့္ ေအာက္တိုဘာလ ၁၂ ရက္ေန႔ နံနက္ပိုင္းတြင္ မႏၲေလးတိုင္းေဒသႀကီးပါတီ႐ုံး အစည္း အေဝးခန္းမ၌ေတြ႕ဆုံခဲ့သည္။
ထိုသို႔ ေတြ႕ဆုံရာ၌ ပါတီဒုတိယဥကၠ႒ ဦးလွထြန္းမွ ႏွုတ္ခြန္းဆက္စကားေျပာၾကားခဲ့ၿပီး ပါတီ ၏ ေရွ႕လုပ္ငန္းစဥ္မ်ားႏွင့္ လက္တေလာေဆာင္ ရြက္ေနမွုမ်ားအား ရွင္းလင္းေဆြးေႏြးခဲ့သည္။
ထို႔ေနာက္ မႏၲေလးတိုင္းေဒသႀကီးပါတီ ဥကၠ႒ ပါတီဗဟိုအလုပ္မွုေဆာင္ ဦးေအာင္ေက်ာ္မိုးမွ မႏၲေလးတိုင္းေဒသႀကီးပါတီ၏ ျပည္သူ႔အက်ိဳးျပဳ ေဆာင္ရြက္ေနမွုမ်ား နယ္ေျမအေၿခ အေနမ်ားႏွင့္ ပါတီဌာနခ်ဳပ္၏ လမ္းညႊန္မွုမ်ားအား အေကာင္အထည္ေဖာ္ေဆာင္ရြက္မွု အေၿခ အေနမ်ားကို တင္ျပေဆြးေႏြးခဲ့ၿပီး ပါတီဗဟိုအလုပ္အမွုေဆာင္ ေဒါက္တာေမာင္သင္းမွ တိုင္းေဒသႀကီးအတြင္းရွိ လက္တေလာ ေရေဘးသင့္ျပည္သူမ်ားအား ျပန္လည္ထူေထာင္ေရးကူညီေဆာင္ရြက္ေနမွုအေျခအေနမ်ား၊ ပါတီဗဟို အလုပ္အမွုေဆာင္ ဦးတင့္လွိုင္ျမင့္မွ ပါတီစည္း ကမ္းထိန္းသိမ္းေရးဆိုင္ရာကိစၥရပ္မ်ား ရွင္းလင္းေဆြးေႏြးခဲ့သည္။
၎ေနာက္ မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ တိုင္းေဒသႀကီး၊ ခရိုင္၊ ၿမိဳ႕နယ္ပါတီအဆင့္ဆင့္တာဝန္ရွိသူမ်ားက နယ္ေျမအေျခအေန ေဆာင္ ရြက္ခ်က္မ်ားတင္ျပျခင္း၊ ေရေဘးသင့္ျပည္သူ မ်ား ျပန္လည္ထူေထာင္ေရးႏွင့္ ျပည္သူ႔အက်ိဳး ျပဳလုပ္ငန္းမ်ား ေဆာင္ရြက္ေနမွုအေျခအေနအား အသီးသီး တင္ျပခဲ့ၾကၿပီး ပါတီဒုတိယဥကၠ႒မွ ျပန္လည္ရွင္းလင္းေဆြးေႏြးရာတြင္ သဘာဝေဘးႏွင့္ ၾကဳံေတြ႕ခဲ့ရသည့္ ျပည္သူမ်ားအား အတက္နိုင္ဆုံး ကူညီေဆာင္ရြက္ေပးရန္ႏွင့္ နိုင္ငံေတာ္၏ ျပည္သူ႔ဘဝလုံျခဳံေရးႏွင့္ အၾကမ္းဖက္မွုအႏၲရာယ္ ကာကြယ္ေရးလုပ္ငန္းစဥ္မ်ားတြင္လည္း ျပည္သူမ်ားႏွင့္အတူ ပူးေပါင္းကူညီေဆာင္ရြက္ေပးၾကရန္ ေဆြးေႏြးမွာၾကားခဲ့သည္။
အစည္းအေဝး ဒုတိယပိုင္းအား တိုင္းေဒသႀကီးပါတီေကာ္မတီဝင္မ်ားႏွင့္ ေန႔လည္ပိုင္းတြင္ ဆက္လက္ျပဳလုပ္ခဲ့ၿပီး ပါတီေရွ႕လုပ္ငန္းစဥ္မ်ား ပါတီစည္းကမ္းထိန္းသိမ္းေရးဆိုင္ရာကိစၥရပ္မ်ားအား က႑အလိုက္ေဆြးေႏြးကာ အစည္းအေဝးအားညေနပိုင္းတြင္ ႐ုတ္သိမ္းခဲ့သည္။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးလှထွန်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ
==================
အောက်တိုဘာ ၁၂
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းသည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီတာဝန်ရှိသူများနှင့် အောက်တိုဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးပါတီရုံး အစည်း အဝေးခန်းမ၌တွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံရာ၌ ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်းမှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ပါတီ ၏ ရှေ့လုပ်ငန်းစဉ်များနှင့် လက်တလောဆောင် ရွက်နေမှုများအား ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ပါတီဗဟိုအလုပ်မှုဆောင် ဦးအောင်ကျော်မိုးမှ မန္တလေးတိုင်းဒေသကြီးပါတီ၏ ပြည်သူ့အကျိုးပြု ဆောင်ရွက်နေမှုများ နယ်မြေအခြေ အနေများနှင့် ပါတီဌာနချုပ်၏ လမ်းညွှန်မှုများအား အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေ အနေများကို တင်ပြဆွေးနွေးခဲ့ပြီး ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းမှ တိုင်းဒေသကြီးအတွင်းရှိ လက်တလော ရေဘေးသင့်ပြည်သူများအား ပြန်လည်ထူထောင်ရေးကူညီဆောင်ရွက်နေမှုအခြေအနေများ၊ ပါတီဗဟို အလုပ်အမှုဆောင် ဦးတင့်လှိုင်မြင့်မှ ပါတီစည်း ကမ်းထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေးခဲ့သည်။
၎င်းနောက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပါတီအဆင့်ဆင့်တာဝန်ရှိသူများက နယ်မြေအခြေအနေ ဆောင် ရွက်ချက်များတင်ပြခြင်း၊ ရေဘေးသင့်ပြည်သူ များ ပြန်လည်ထူထောင်ရေးနှင့် ပြည်သူ့အကျိုး ပြုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား အသီးသီး တင်ပြခဲ့ကြပြီး ပါတီဒုတိယဥက္ကဋ္ဌမှ ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် သဘာဝဘေးနှင့် ကြုံတွေ့ခဲ့ရသည့် ပြည်သူများအား အတက်နိုင်ဆုံး ကူညီဆောင်ရွက်ပေးရန်နှင့် နိုင်ငံတော်၏ ပြည်သူ့ဘဝလုံခြုံရေးနှင့် အကြမ်းဖက်မှုအန္တရာယ် ကာကွယ်ရေးလုပ်ငန်းစဉ်များတွင်လည်း ပြည်သူများနှင့်အတူ ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန် ဆွေးနွေးမှာကြားခဲ့သည်။
အစည်းအဝေး ဒုတိယပိုင်းအား တိုင်းဒေသကြီးပါတီကော်မတီဝင်များနှင့် နေ့လည်ပိုင်းတွင် ဆက်လက်ပြုလုပ်ခဲ့ပြီး ပါတီရှေ့လုပ်ငန်းစဉ်များ ပါတီစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များအား ကဏ္ဍအလိုက်ဆွေးနွေးကာ အစည်းအဝေးအားညနေပိုင်းတွင် ရုတ်သိမ်းခဲ့သည်။