ကမၻာ့အႀကီးဆုံး Solar Panel ကို ေလဆိပ္မွာ တပ္ဆင္ေတာ့မယ့္ ဒူဘိုင္း
ဒူဘိုင္းဟာ ကမၻာ့အျမင့္ဆုံး မိုးေမၽွာ္အေဆာက္အဦး အပါအဝင္ ကမၻာ့ စံခ်ိန္မ်ားစြာကို ပိုင္ဆိုင္ထားပါတယ္။ အခုလည္း ေနာက္ထပ္ ကမၻာ့ စံခ်ိန္အသစ္ ၁ ခုကို ခ်ိဳးေတာ့မွာ ျဖစ္ပါတယ္။
ဒူဘိုင္း ေလဆိပ္မ်ားဌာနဟာ ေလဆိပ္ တစ္ခုမွာ ကမၻာ့ အႀကီးဆုံး ေခါင္မိုး Solar Panel တပ္ဆင္မယ္လို႔ ေၾကညာလိုက္ပါတယ္။ ဒူဘိုင္း နိုင္ငံတကာေလဆိပ္နဲ႔ Al Maktoum နိုင္ငံတကာေလဆိပ္မွာ Solar Panel ေပါင္း ၆၂,၉၀၄ ခုကို တပ္ဆင္မွာ ျဖစ္ပါတယ္။ သန႔္ရွင္းတဲ့ စြမ္းအင္ 39 megawatts peak (MWp) ကို ထုတ္လုပ္ေပးဖို႔ ရည္ရြယ္ထားၿပီး အဲဒီစီမံကိန္းဟာ ၂၀၂၆ ခုႏွစ္မွာ စတင္ လည္ပတ္မွာျဖစ္ပါတယ္။
ေလဆိပ္ ၂ ခုစလုံးရဲ့ Passenger Terminal မွာ Solar Panel ေတြကို တပ္ဆင္မွာ ျဖစ္ၿပီး ႏွစ္စဥ္ ကာဘြန္ဒိုင္ေအာက္ဆိုက္ ထုတ္လႊင့္မွု ၂၃,၀၀၀ တန္ ေလၽွာ့ခ်ေပးနိုင္မယ္လို႔ ေမၽွာ္မွန္းထားပါတယ္။
အဲဒီ စီမံကိန္းကို ဒူဘိုင္း ေလဆိပ္မ်ားဌာန၊ Emirates ေလေၾကာင္းလိုင္းနဲ႔ Etihad Clean Energy Development Company တို႔ ပူးေပါင္းလုပ္ေဆာင္တာ ျဖစ္ပါတယ္။ အဲဒီ အဖြဲ႕အစည္း ၃ ခုဟာ ေနေရာင္ျခည္လို ျပန္လည္ ျဖည့္တင္းနိုင္တဲ့ စြမ္းအင္ကို ေလဆိပ္ေတြမွာ အသုံးျပဳဖို႔ ႀကိဳးစားေနၾကပါတယ္။
Ref : digitaltrends
#DigitalTimes
ကမ္ဘာ့အကြီးဆုံး Solar Panel ကို လေဆိပ်မှာ တပ်ဆင်တော့မယ့် ဒူဘိုင်း
=========================================
ဒူဘိုင်းဟာ ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်အဆောက်အဦး အပါအဝင် ကမ္ဘာ့ စံချိန်များစွာကို ပိုင်ဆိုင်ထားပါတယ်။ အခုလည်း နောက်ထပ် ကမ္ဘာ့ စံချိန်အသစ် ၁ ခုကို ချိုးတော့မှာ ဖြစ်ပါတယ်။
ဒူဘိုင်း လေဆိပ်များဌာနဟာ လေဆိပ် တစ်ခုမှာ ကမ္ဘာ့ အကြီးဆုံး ခေါင်မိုး Solar Panel တပ်ဆင်မယ်လို့ ကြေညာလိုက်ပါတယ်။ ဒူဘိုင်း နိုင်ငံတကာလေဆိပ်နဲ့ Al Maktoum နိုင်ငံတကာလေဆိပ်မှာ Solar Panel ပေါင်း ၆၂,၉၀၄ ခုကို တပ်ဆင်မှာ ဖြစ်ပါတယ်။ သန့်ရှင်းတဲ့ စွမ်းအင် 39 megawatts peak (MWp) ကို ထုတ်လုပ်ပေးဖို့ ရည်ရွယ်ထားပြီး အဲဒီစီမံကိန်းဟာ ၂၀၂၆ ခုနှစ်မှာ စတင် လည်ပတ်မှာဖြစ်ပါတယ်။
လေဆိပ် ၂ ခုစလုံးရဲ့ Passenger Terminal မှာ Solar Panel တွေကို တပ်ဆင်မှာ ဖြစ်ပြီး နှစ်စဉ် ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်မှု ၂၃,၀၀၀ တန် လျှော့ချပေးနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။
အဲဒီ စီမံကိန်းကို ဒူဘိုင်း လေဆိပ်များဌာန၊ Emirates လေကြောင်းလိုင်းနဲ့ Etihad Clean Energy Development Company တို့ ပူးပေါင်းလုပ်ဆောင်တာ ဖြစ်ပါတယ်။ အဲဒီ အဖွဲ့အစည်း ၃ ခုဟာ နေရောင်ခြည်လို ပြန်လည် ဖြည့်တင်းနိုင်တဲ့ စွမ်းအင်ကို လေဆိပ်တွေမှာ အသုံးပြုဖို့ ကြိုးစားနေကြပါတယ်။
Ref : digitaltrends
#DigitalTimes