ျမန္မာ-သီရိလကၤာ ပထမအေက်ာ့ ဖီဖာေျခစမ္းပြဲ ျမန္မာအသင္း ဂိုးျပတ္ျဖင့္အနိုင္ရ

ယေန႔ ေအာက္တိုဘာ (၁၀)ရက္ ညေန (၄)နာရီအခ်ိန္တြင္ ျမန္မာ-သီရိလကၤာ ပထမအေက်ာ့ ဖီဖာေျခစမ္းပြဲစဥ္အား ယွဥ္ၿပိဳင္ကစားၾကရာတြင္ ျမန္မာအသင္းက (၂)ဂိုးသြင္းယူ၍ ဂိုးျပတ္ျဖင့္အနိုင္ရလဒ္ထြက္‌ေပၚခဲ့သည္။
ပြဲစဥ္ ပထမပိုင္းၿပီးဆုံးခ်ိန္တြင္ ျမန္မာအသင္းက သီရိလကၤာအသင္းကို ဦးေဆာင္ (၁)ဂိုး သြင္းယူထားနိုင္ခဲ့ၿပီး ဒုတိယပိုင္းပြဲခ်ိန္အၿပီးတြင္ ေနာက္ထပ္(၁)ဂိုးထပ္မံသြင္းယူနိုင္ခဲ့ျခင္းျဖစ္သည္။
ျမန္မာအသင္းအတြက္ ဂိုးမ်ားကို ပြဲခ်ိန္(၁၆)မိနစ္တြင္ လြင္မိုးေအာင္ႏွင့္ ပြဲခ်ိန္(၅၃)မိနစ္တြင္ ေမာင္ေမာင္လြင္တို႔က သြင္းယူေပးခဲ့သည္။
ျမန္မာ့လက္ေရြးစင္အသင္းအေနျဖင့္ နည္းျပသစ္ ဦးမ်ိဳးလွိုင္၀င္းလက္ထက္ ပထမဆုံးပြဲစဥ္တြင္ နိုင္ပြဲရရွိခဲ့ျခင္းျဖစ္သည္။
ဒုတိယ အေက်ာ့ပြဲစဥ္အား ေအာက္တိုဘာ (၁၃)ရက္တြင္ ထပ္မံယွဥ္ကစားသြားၾကရမည္ျဖစ္သည္။
ယေန႔ ပြဲထြက္ကစားသမားစာရင္းတြင္ ေမာင္ေမာင္လြင္က အသင္းေခါင္းေဆာင္အျဖစ္ ကစားခဲ့ၿပီး၊ ဟိန္းၿဖိဳးဝင္း၊ သက္ဟိန္းစိုး၊ စိုးမိုးေက်ာ္ ၊ နႏၵေက်ာ္၊ ေက်ာ္မင္းဦး ၊ လြင္မိုးေအာင္ ၊သန္းပိုင္ ၊ ျပည့္ ၿဖိဳးသူ ၊ ဟိန္းထက္ေအာင္၊ ေဇာ္ဝင္းသိန္းတို႔ ပါဝင္ခဲ့သည္။


မြန်မာ-သီရိလင်္ကာ ပထမအကျော့ ဖီဖာခြေစမ်းပွဲ မြန်မာအသင်း ဂိုးပြတ်ဖြင့်အနိုင်ရ
=========================
ယနေ့ အောက်တိုဘာ (၁၀)ရက် ညနေ (၄)နာရီအချိန်တွင် မြန်မာ-သီရိလင်္ကာ ပထမအကျော့ ဖီဖာခြေစမ်းပွဲစဉ်အား ယှဉ်ပြိုင်ကစားကြရာတွင် မြန်မာအသင်းက (၂)ဂိုးသွင်းယူ၍ ဂိုးပြတ်ဖြင့်အနိုင်ရလဒ်ထွက်‌ပေါ်ခဲ့သည်။
ပွဲစဉ် ပထမပိုင်းပြီးဆုံးချိန်တွင် မြန်မာအသင်းက သီရိလင်္ကာအသင်းကို ဦးဆောင် (၁)ဂိုး သွင်းယူထားနိုင်ခဲ့ပြီး ဒုတိယပိုင်းပွဲချိန်အပြီးတွင် နောက်ထပ်(၁)ဂိုးထပ်မံသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းအတွက် ဂိုးများကို ပွဲချိန်(၁၆)မိနစ်တွင် လွင်မိုးအောင်နှင့် ပွဲချိန်(၅၃)မိနစ်တွင် မောင်မောင်လွင်တို့က သွင်းယူပေးခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် နည်းပြသစ် ဦးမျိုးလှိုင်၀င်းလက်ထက် ပထမဆုံးပွဲစဥ်တွင် နိုင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။
ဒုတိယ အကျော့ပွဲစဉ်အား အောက်တိုဘာ (၁၃)ရက်တွင် ထပ်မံယှဉ်ကစားသွားကြရမည်ဖြစ်သည်။
ယနေ့ ပွဲထွက်ကစားသမားစာရင်းတွင် မောင်မောင်လွင်က အသင်းခေါင်းဆောင်အဖြစ် ကစားခဲ့ပြီး၊ ဟိန်းဖြိုးဝင်း၊ သက်ဟိန်းစိုး၊ စိုးမိုးကျော် ၊ နန္ဒကျော်၊ ကျော်မင်းဦး ၊ လွင်မိုးအောင် ၊သန်းပိုင် ၊ ပြည့် ဖြိုးသူ ၊ ဟိန်းထက်အောင်၊ ဇော်ဝင်းသိန်းတို့ ပါဝင်ခဲ့သည်။