ျပည္ၿမိဳ႕နယ္ရွိ ေရသင့္အိမ္ေထာင္စု(၆၈၀)အ တြက္ ကိုရီးယားနိုင္ငံမွလွူဒါန္းသည့္ ဆန္အိတ္မ်ားေထာက္ပံ့ေပး
ပဲခူးတိုင္း၊ ျပည္ၿမိဳ႕နယ္ရွိ ေရေဘးသင့္အိမ္ ေထာင္စု(၆၈၀)အတြက္ အာဆီယံအေပါင္းသုံး အေရးေပၚဆန္အရန္ရိကၡာ(APTERR)အစီအစဥ္ (၃)အရ ကိုရီးယားနိုင္ငံမွလွူဒါန္းသည့္ ဆန္အိတ္မ်ားကို ေထာက္ပံ့ေပးအပ္ခဲ့ေၾကာင္း သိရသည္။
ယမန္ေန႔ ေအာက္တိုဘာ ၇ ရက္မြန္းလြဲပိုင္းက ျပည္ၿမိဳ႕ရွိ တည္ေဆာက္ေရး(၂)အစည္းအေဝးခန္းမ၌က်င္းပရာ ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ဦးမ်ိဳးေဆြဝင္း တက္ေရာက္ေပးအပ္ခဲ့ေၾကာင္း သိရသည္။
ဇူလိုင္လႏွင့္ဩဂုတ္လမ်ားတြင္ မိုးသည္းထန္စြာ ရြာသြန္းခဲ့၍ ေရေဘးသင့္ခဲ့သည့္ျပည္ၿမိဳ႕နယ္မွ ရပ္ကြက္(၂)ခု၊ ေက်းရြာအုပ္စု(၃)စုရွိ အိမ္ေထာင္စု(၆၈၀)၊ လူဦးေရ(၂၇၁၉)ဦးအတြက္ ဆန္အိတ္ေပါင္း(၂၄၈)အိတ္ကို အကူအညီအေထာက္အပံ့အျဖစ္ ေထာက္ပံ့ေပးျခင္းျဖစ္သည္ဟု တိုင္းဝန္ႀကီးခ်ဳပ္ဦးမ်ိဳးေဆြဝင္းက ေျပာၾကားခဲ့သည္။
ထို႔ေနာက္ ျပည္ၿမိဳ႕မွ ေရႀကီးနစ္ျမႇုပ္ခဲ့သည့္ ရပ္ ကြက္(၂)ခုမွ ေရေဘးသင့္အိမ္ေထာင္စုဝင္မ်ားအတြက္ဆန္အိတ္မ်ားကို တိုင္းဝန္ႀကီးခ်ဳပ္ဦးမ်ိဳးေဆြဝင္း၊ ေရႀကီးနစ္ျမဳပ္ခဲ့သည့္ ေက်းရြာ အုပ္စုမ်ားမွ အိမ္ေထာင္စုဝင္မ်ားအတြက္ဆန္အိတ္မ်ားကို ပဲခူးတိုင္းအစိုးရအဖြဲ႕၏ လမ္းပန္း ဆက္သြယ္ေရးဝန္ႀကီး ဦးတင္ေဆြႏွင့္ တိုင္းရဲ တပ္ဖြဲ႕မွူး ရဲမွူးႀကီးေက်ာ္ထြဋ္တို႔က ေထာက္ပံ့ေပးအပ္ခဲ့ၾကေၾကာင္း သိရသည္။
ပြည်မြို့နယ်ရှိ ရေသင့်အိမ်ထောင်စု(၆၈၀)အ တွက် ကိုရီးယားနိုင်ငံမှလှူဒါန်းသည့် ဆန်အိတ်များထောက်ပံ့ပေး
=================
ပဲခူးတိုင်း၊ ပြည်မြို့နယ်ရှိ ရေဘေးသင့်အိမ် ထောင်စု(၆၈၀)အတွက် အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ(APTERR)အစီအစဉ် (၃)အရ ကိုရီးယားနိုင်ငံမှလှူဒါန်းသည့် ဆန်အိတ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ အောက်တိုဘာ ၇ ရက်မွန်းလွဲပိုင်းက ပြည်မြို့ရှိ တည်ဆောက်ရေး(၂)အစည်းအဝေးခန်းမ၌ကျင်းပရာ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း တက်ရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇူလိုင်လနှင့်ဩဂုတ်လများတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ ရေဘေးသင့်ခဲ့သည့်ပြည်မြို့နယ်မှ ရပ်ကွက်(၂)ခု၊ ကျေးရွာအုပ်စု(၃)စုရှိ အိမ်ထောင်စု(၆၈၀)၊ လူဦးရေ(၂၇၁၉)ဦးအတွက် ဆန်အိတ်ပေါင်း(၂၄၈)အိတ်ကို အကူအညီအထောက်အပံ့အဖြစ် ထောက်ပံ့ပေးခြင်းဖြစ်သည်ဟု တိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ပြောကြားခဲ့သည်။
ထို့နောက် ပြည်မြို့မှ ရေကြီးနစ်မြှုပ်ခဲ့သည့် ရပ် ကွက်(၂)ခုမှ ရေဘေးသင့်အိမ်ထောင်စုဝင်များအတွက်ဆန်အိတ်များကို တိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ ရေကြီးနစ်မြုပ်ခဲ့သည့် ကျေးရွာ အုပ်စုများမှ အိမ်ထောင်စုဝင်များအတွက်ဆန်အိတ်များကို ပဲခူးတိုင်းအစိုးရအဖွဲ့၏ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေနှင့် တိုင်းရဲ တပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ထွဋ်တို့က ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။