အဂၤလန္တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ကိုးလ္ပယ္မာဆြတ္ခူး

ခ်ဲလ္ဆီးတိုက္စစ္ကစားသမားကိုးလ္ပယ္လ္မာဟာ ၂၀၂၃-၂၄ရာသီအတြက္ အဂၤလန္တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ဆြတ္ခူးရရွိခဲ့ပါတယ္။ ပရိသတ္ေတြရဲ့မဲေပးမွုအရ ပယ္မာဟာ ဘယ္လင္ဂမ္နဲ႔ ဆာကာတို႔ကိုေက်ာ္ျဖတ္ၿပီး ဒီဆုကိုရရွိခဲ့တာပါ။ ပယ္လ္မာဟာ ၿပီးခဲ့တဲ့ႏွစ္နိုဝင္ဘာလက ဝင္ဘာေလမွာ ေမာ္လ္တာကို (၂-ဝ)ဂိုးနဲ႔အနိုင္ရတဲ့ပြဲမွသာ အဂၤလန္အသင္းအတြက္ ပထမဆုံးကစားခြင့္ရခဲ့တာျဖစ္ပါတယ္။ သူဟာ အဂၤလန္အသင္းအတြက္ (၉)ပြဲကစားေပးခဲ့ၿပီး (၂)ဂိုးသြင္းယူေပးခဲ့ပါတယ္။ ပယ္လ္မာဟာ ခ်ဲလ္ဆီးနဲ႔ပြဲဦးထြက္ရာသီမွာ ေျခစြမ္းျပကစားနိုင္ခဲ့တာေၾကာင့္ ၾသဂုတ္လမွာ ၂၀၂၃-၂၄ ရာသီအတြက္ ပီအက္ဖ္ေအတစ္ႏွစ္တာအေကာင္းဆုံးလူငယ္ကစားသမားဆုကိုရရွိခဲ့ပါတယ္။


အင်္ဂလန်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ကိုးလ်ပယ်မာဆွတ်ခူး
======================================
ချဲလ်ဆီးတိုက်စစ်ကစားသမားကိုးလ်ပယ်လ်မာဟာ ၂၀၂၃-၂၄ရာသီအတွက် အင်္ဂလန်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ပရိသတ်တွေရဲ့မဲပေးမှုအရ ပယ်မာဟာ ဘယ်လင်ဂမ်နဲ့ ဆာကာတို့ကိုကျော်ဖြတ်ပြီး ဒီဆုကိုရရှိခဲ့တာပါ။ ပယ်လ်မာဟာ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလက ဝင်ဘာလေမှာ မော်လ်တာကို (၂-ဝ)ဂိုးနဲ့အနိုင်ရတဲ့ပွဲမှသာ အင်္ဂလန်အသင်းအတွက် ပထမဆုံးကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ သူဟာ အင်္ဂလန်အသင်းအတွက် (၉)ပွဲကစားပေးခဲ့ပြီး (၂)ဂိုးသွင်းယူပေးခဲ့ပါတယ်။ ပယ်လ်မာဟာ ချဲလ်ဆီးနဲ့ပွဲဦးထွက်ရာသီမှာ ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် သြဂုတ်လမှာ ၂၀၂၃-၂၄ ရာသီအတွက် ပီအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုကိုရရှိခဲ့ပါတယ်။