ျမန္မာ့လက္ေရြးစင္ အမ်ိဳးသမီးအသင္းႏွင့္ ေဟာင္ေကာင္အသင္းတို႔၏ ေျခစမ္းပြဲကို ျမန္မာနိုင္ငံက အိမ္ရွင္အျဖစ္ က်င္းပမည္

ျမန္မာနိုင္ငံက အိမ္ရွင္အျဖစ္ က်င္းပမည့္ ျမန္မာ့လက္ေရြး စင္အမ်ိဳးသမီးအသင္းႏွင့္ ေဟာင္ေကာင္အသင္းတို႔၏ ေျခစမ္းပြဲကို ေအာက္တိုဘာ (၂၃)ရက္ႏွင့္(၂၆)ရက္တို႔တြင္ ႏွစ္ေက်ာ့ယွဥ္ၿပိဳင္ကစားသြားမည္ျဖစ္ ေၾကာင္း သိရသည္။
အဆိုပါ ေျခစမ္းပြဲကို ရန္ကုန္ၿမိဳ႕ ၊ သုဝဏၰအားကစားကြင္းႏွင့္ ရန္ကုန္ယူနိုက္တက္၏ အိမ္ကြင္း YUSC တြင္ ယွဥ္ၿပိဳင္ ကစားရန္ စီစဥ္ထားေၾကာင္း MFF က အသိေပးထားသည္။
ပြဲစဥ္အတြက္ ျမန္မာ့လက္‌ေရြးစင္ အမ်ိဳးသမီးအသင္းသည္ ေအာက္တိုဘာ(၆)ရက္ နံနက္ပိုင္းမွစတင္၍ ေလ့က်င့္မွုမ်ား ျပဳလုပ္ေနၿပီျဖစ္သည္။
ျမန္မာ့လက္ေရြးစင္ အမ်ိဳးသမီးႏွင့္ ေဟာင္ေကာင္လက္ေရြး စင္ အမ်ိဳးသမီးအသင္းတို႔ ေနာက္ဆုံး ေတြ႕ဆုံခဲ့သည့္ပြဲမွာ တ႐ုတ္နိုင္ငံတြင္ က်င္းပခဲ့သည့္ ၂၀၂၂ အာရွအားကစားၿပိဳင္ပြဲတြင္ ျဖစ္ၿပီး ျမန္မာ့လက္ေရြးစင္ အမ်ိဳးသမီးအသင္းက ျမတ္နိုးခင္ သြင္းယူသည့္ တစ္လုံးတည္းေသာ ဂိုးျဖင့္ အနိုင္ရရွိထားသည္။
ျမန္မာ့လက္‌ေရြးစင္ အမ်ိဳးသမီးအသင္းကို နည္းျပခ်ဳပ္အျဖစ္ ဂ်ပန္လူမ်ိဳး ယူကီ တက္ဆုရို၊ လက္ေထာက္နည္းျပမ်ားအျဖစ္ ေဒၚသက္သက္ဝင္းႏွင့္ ဦးစထက္နိုင္ဝင္း၊ ဂိုးန ည္းျပအျဖစ္ ဦးစိန္‌ေအးတို႔က ကိုင္တြယ္လ်က္ရွိၿပီး လက္ ေရြးစင္အသင္းမ်ား အေဆာင္တြင္ ကစားသမား (၂၈) ဦးျဖင့္ စခန္းသြင္း ေလ့က်င့္သြားမည္ျဖစ္သည္။
ျမန္မာ့လက္‌ေရြးစင္ အမ်ိဳးသမီးအသင္းသည္ နိုင္ငံတကာေျခစမ္းပြဲမ်ား ကစားသြားမည့္အျပင္ ျပည္ပ နိုင္ငံမ်ားသို႔လည္း ေလ့က်င့္‌ေရး ေျခစမ္းခရီးစဥ္မ်ား သြားေရာက္ရန္ လည္း စီစဥ္ထားေၾကာင္း သိရသည္။
ပဏာမ ျမန္မာ့လက္ေရြးစင္ အမ်ိဳးသမီးအသင္းတြင္ အ ေတြ႕အၾကဳံရွိ ကစားသမားမ်ားအျပင္ ျမန္မာအမ်ိဳးသမီးလိဂ္ၿပိဳင္ပြဲ၌ ေျခစြမ္းျပကစားခဲ့သည့္ လူငယ္ကစားသမားမ်ားကိုလည္း ထည့္သြင္း ေရြးခ်ယ္ထားေၾကာင္း သိရသည္။


မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ဟောင်ကောင်အသင်းတို့၏ ခြေစမ်းပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည်
====================
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည့် မြန်မာ့လက်ရွေး စင်အမျိုးသမီးအသင်းနှင့် ဟောင်ကောင်အသင်းတို့၏ ခြေစမ်းပွဲကို အောက်တိုဘာ (၂၃)ရက်နှင့်(၂၆)ရက်တို့တွင် နှစ်ကျော့ယှဉ်ပြိုင်ကစားသွားမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါ ခြေစမ်းပွဲကို ရန်ကုန်မြို့ ၊ သုဝဏ္ဏအားကစားကွင်းနှင့် ရန်ကုန်ယူနိုက်တက်၏ အိမ်ကွင်း YUSC တွင် ယှဉ်ပြိုင် ကစားရန် စီစဉ်ထားကြောင်း MFF က အသိပေးထားသည်။
ပွဲစဉ်အတွက် မြန်မာ့လက်‌ရွေးစင် အမျိုးသမီးအသင်းသည် အောက်တိုဘာ(၆)ရက် နံနက်ပိုင်းမှစတင်၍ လေ့ကျင့်မှုများ ပြုလုပ်နေပြီဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးနှင့် ဟောင်ကောင်လက်ရွေး စင် အမျိုးသမီးအသင်းတို့ နောက်ဆုံး တွေ့ဆုံခဲ့သည့်ပွဲမှာ တရုတ်နိုင်ငံတွင် ကျင်းပခဲ့သည့် ၂၀၂၂ အာရှအားကစားပြိုင်ပွဲတွင် ဖြစ်ပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းက မြတ်နိုးခင် သွင်းယူသည့် တစ်လုံးတည်းသော ဂိုးဖြင့် အနိုင်ရရှိထားသည်။
မြန်မာ့လက်‌ရွေးစင် အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဂျပန်လူမျိုး ယူကီ တက်ဆုရို၊ လက်ထောက်နည်းပြများအဖြစ် ဒေါ်သက်သက်ဝင်းနှင့် ဦးစထက်နိုင်ဝင်း၊ ဂိုးန ည်းပြအဖြစ် ဦးစိန်‌အေးတို့က ကိုင်တွယ်လျက်ရှိပြီး လက် ရွေးစင်အသင်းများ အဆောင်တွင် ကစားသမား (၂၈) ဦးဖြင့် စခန်းသွင်း လေ့ကျင့်သွားမည်ဖြစ်သည်။
မြန်မာ့လက်‌ရွေးစင် အမျိုးသမီးအသင်းသည် နိုင်ငံတကာခြေစမ်းပွဲများ ကစားသွားမည့်အပြင် ပြည်ပ နိုင်ငံများသို့လည်း လေ့ကျင့်‌ရေး ခြေစမ်းခရီးစဉ်များ သွားရောက်ရန် လည်း စီစဉ်ထားကြောင်း သိရသည်။
ပဏာမ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင် အ တွေ့အကြုံရှိ ကစားသမားများအပြင် မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ၌ ခြေစွမ်းပြကစားခဲ့သည့် လူငယ်ကစားသမားများကိုလည်း ထည့်သွင်း ရွေးချယ်ထားကြောင်း သိရသည်။