ရေဘေးသင့်ကျေးရွာသို့သွားရောက်၍ ကျေးရွာချင်းဆက်လမ်းပြုပြင်မြေဖို့ခြင်း၊ ကျောင်းသုံးဗလာစာအုပ်နှင့်သောက်ရေသန့်များ လှူဒါန်းခြင်း၊စားသောက်ဖွယ်ရာနှင့်အဝတ်အထည်များလှူဒါန်းခြင်း
===============================
နေပြည်တော် အောက်တိုဘာ ၅
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်မှူးဦးသောင်းရွှေ ဦးဆောင်၍ဌာနမှူး ဦးဇော်လွင်ခိုင်နှင့်ဦးစီးရုံးအဖွဲ့ဝင် (၁၂၀)ဦးတို့သည်ယနေ့ အောက်တိုဘာ (၅)ရက်နေ့တွင် ရေကြီးနှစ်မြုပ်ခြင်းခံခဲ့ရသောနေပြည်တော်၊ လယ်ဝေးမြို့နယ်၊ကွမ်းခြံရွာသို့သွားရောက်ပြီး စစ်တောင်းမြစ်ရေတိုက်စားခြင်းကြောင့်ပျက်စီးနေသောကျေးရွာချင်းဆက်လမ်းအား မြေသယ်ယာဥ်(၉)စီးဖြင့်အရေးပေါ်လမ်းပြုပြင်ခြင်း၊မြေဖို့ခြင်းများဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်၍ ရေဘေးသင့်ခဲ့သော၎င်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ(ကွမ်းခြံ)၌ ပညာသင်ကြားနေကြသောကျောင်းသား၊ကျောင်းသူ ( ၅၂၀ )ဦးအတွက်ကျောင်းသုံးဗလာစာအုပ်(၁၀၀)ဒါဇင်၊ခဲတံ (၃၀၀၀)ချောင်း၊ဆရာ၊ဆရာမများ၊ပညာရေးဝန်ထမ်းများအတွက်ပုဆိုးအသစ်၊လုံချည်အသစ်များ၊နှင့်သောက်ရေသန့် (၂၀၀၀)လီတာတို့အားလှူဒါန်းခဲ့ပါသည်။
နေ့လည်ပိုင်းတွင် ၎င်းကျေးရွာမှရေဘေးသင့် အိမ်ထောင်စု(၆၂၇)စုအား ဆန်၊ကြက်သွန်နီ၊ငါးသေတ္တာ၊ခေါက်ဆွဲခြောက်အပါအဝင်စားသောက်ဖွယ်ရာများနှင့်အဝတ်အထည်များလှူဒါန်းခဲ့ပါသည်။
ယနေ့ ရေဘေးသင့်ကွမ်းခြံကျေးရွာသို့သွားရောက်၍ကျေးရွာချင်းဆက်လမ်းပြုပြင်မြေဖို့ခြင်း၊ကျောင်းသုံးဗလာစာအုပ်နှင့်သောက်ရေသန့်များလှူဒါန်းခြင်း၊စားသောက်ဖွယ်ရာနှင့်အဝတ်အထည်များလှူဒါန်းခြင်းတို့တွင်ပြည်ခိုင်ဖြိုးပါတီနှင့်အတူ နေပြည်တော်၊အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း(MWCDF)ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရွှေပြည်တော်သို့ဆုံမှတ်ပရဟိအသင်းသားများ
ပူးပေါင်း ပါဝင် ဆောင်ရွက်ခဲ့ကြပြီး ပြည်ခိုင်ဖြိုးပါတီဌာနချုပ်အလှူရှင်များမှလည်းရေဘေးသင့်ပြန်လည်ထူထောင်ရေးများဆောင်ရွက်ရာတွင်အသုံးပြုနိုင်ရန်အလှူငွေ (၁၃)သိန်းလှူဒါန်းခဲ့ကြောင်းသိရှိရပါသည်။