အိႏၵိယေလေၾကာင္းျပပြဲ၌ အပူရွပ္၍ လူ သုံးဦး ေသဆုံး

အိႏၵိယနိုင္ငံ ေတာင္ပိုင္း ခ်န္နိုင္းၿမိဳ႕တြင္ တနဂၤေႏြေန႔က လူ ၁ သန္းခြဲခန႔္ တက္ေရာက္ခဲ့ေသာ အိႏၵိယေလတပ္၏ ေလေၾကာင္းျပပြဲတစ္ခု၌ အပူရွပ္သျဖင့္ လူ သုံးဦးထက္မနည္းေသဆုံး ခဲ့သည္ဟု ရဲအရာရွိမ်ားက ေျပာဆိုသည္။
ေလတပ္၏ ၉၂ ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔ အထိမ္းအမွတ္အျဖစ္ ကမၻာ့အရွည္ဆုံး ကမ္းေျခမ်ားတြင္ ပါဝင္သည့္ မာရီနာကမ္းေျခတြင္ ေလေၾကာင္းျပပြဲ ကို ျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး အဆိုပါေန႔တြင္ အျမင့္ဆုံးအပူခ်ိန္သည္ ၃၅ ဒီဂရီ ဆဲလ္စီးယပ္စ္အထိ ရွိခဲ့သည္ဟု မိုးေလဝသဌာနက သတင္းေဖာ္ျပသည္။
“အဓိက ကေတာ့ ေရဓါတ္ခမ္းေျခာက္တာေၾကာင့္ ေလေၾကာင္းျပပြဲကို တက္ေရာက္ခဲ့သူႏွစ္ဦး ေ-သဆုံးခဲ့ပါတယ္၊ အပူရွပ္ၿပီး သူတို႔ေတြ မူးလဲက်ၿပီး ေသဆုံးခဲ့တာပါ” ဟု ခ်န္နိုင္း၏ Triplicane ေဒသဆိုင္ရာ အႀကီးတန္းရဲအရာရွိ R.Alagu က ေျပာဆိုခဲ့သည္။
ထို႔အျပင္ ခ်န္နိုင္းၿမိဳ႕ Mylapore အရပ္တြင္ အပူဒဏ္ေၾကာင့္ ေနာက္တစ္ဦး ထပ္မံ၍ ေ-သဆုံးခဲ့သည္ဟု ရဲအရာရွိ T.Vivekanandan က ေျပာၾကားခဲ့သည္။
ရာသီဥတု ပူးျပင္းေနေသာ္လည္း ေရေပးေဝမွုစနစ္အလုပ္လုပ္ျခင္း မရွိေၾကာင္းႏွင့္ ေလဝင္ေလထြက္မရွိမွုႏွင့္ ေရဓါတ္ခမ္းေျခာက္မွုတို႔ေၾကာင့္ လူမ်ား မူးေမ့လဲက်ခဲ့သည္ကို ျမင္ေတြ႕ခဲ့ရေၾကာင္း အခမ္းအနားကို တက္ေရာက္ခဲ့သည့္ ေဆာ့ဖ္ဝဲလ္ အင္ဂ်င္နီယာတစ္ဦးက ေျပာသည္။
“အဆိုးဆုံးကေတာ့ ပြဲအၿပီး ထြက္ေပါက္ပါပဲ။ လမ္းေတြ႕ပိတ္ဆို႔ၿပီး ဘတ္စ္ကားေတြလည္း က်ပ္ေနခဲ့ပါတယ္” ဟု သူက ေျပာသည္။
ျပည္နယ္ ေဆးဘက္ဆိုင္ရာႏွင့္ မိသားစု သက္သာေခ်ာင္ခ်ိေရး ဝန္ႀကီး Ma Subramanian က အစိုးရသည္ အခမ္းအနားအတြက္ ေဆးအဖြဲ႕မ်ား၊ လုံျခဳံေရး၊ ယာယီအိမ္သာမ်ားႏွင့္ ေသာက္သုံးေရေပးေဝမွုတို႔ကို ေဆာင္ရြက္ေပးခဲ့သည္ဟု ေျပာဆိုသည္။
ယခုျဖစ္ရပ္မ်ားႏွင့္ ပတ္သက္၍ မွတ္ခ်က္ေပးရန္ ေမးျမန္းခဲ့မွုကို ေလတပ္အရာရွိမ်ားဘက္က လတ္တေလာတြင္ ေျဖၾကားျခင္း မရွိခဲ့ေသးေပ။
Ref: ယူအက္စ္ႏူးစ္
အိန္ဒိယလေကြောင်းပြပွဲ၌ အပူရှပ်၍ လူ သုံးဦး သေဆုံး
====================
အိန္ဒိယနိုင်ငံ တောင်ပိုင်း ချန်နိုင်းမြို့တွင် တနင်္ဂနွေနေ့က လူ ၁ သန်းခွဲခန့် တက်ရောက်ခဲ့သော အိန္ဒိယလေတပ်၏ လေကြောင်းပြပွဲတစ်ခု၌ အပူရှပ်သဖြင့် လူ သုံးဦးထက်မနည်းသေဆုံး ခဲ့သည်ဟု ရဲအရာရှိများက ပြောဆိုသည်။
လေတပ်၏ ၉၂ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ကမ္ဘာ့အရှည်ဆုံး ကမ်းခြေများတွင် ပါဝင်သည့် မာရီနာကမ်းခြေတွင် လေကြောင်းပြပွဲ ကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါနေ့တွင် အမြင့်ဆုံးအပူချိန်သည် ၃၅ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ ရှိခဲ့သည်ဟု မိုးလေဝသဌာနက သတင်းဖော်ပြသည်။
“အဓိက ကတော့ ရေဓါတ်ခမ်းခြောက်တာကြောင့် လေကြောင်းပြပွဲကို တက်ရောက်ခဲ့သူနှစ်ဦး ေ-သဆုံးခဲ့ပါတယ်၊ အပူရှပ်ပြီး သူတို့တွေ မူးလဲကျပြီး သေဆုံးခဲ့တာပါ” ဟု ချန်နိုင်း၏ Triplicane ဒေသဆိုင်ရာ အကြီးတန်းရဲအရာရှိ R.Alagu က ပြောဆိုခဲ့သည်။
ထို့အပြင် ချန်နိုင်းမြို့ Mylapore အရပ်တွင် အပူဒဏ်ကြောင့် နောက်တစ်ဦး ထပ်မံ၍ ေ-သဆုံးခဲ့သည်ဟု ရဲအရာရှိ T.Vivekanandan က ပြောကြားခဲ့သည်။
ရာသီဥတု ပူးပြင်းနေသော်လည်း ရေပေးဝေမှုစနစ်အလုပ်လုပ်ခြင်း မရှိကြောင်းနှင့် လေဝင်လေထွက်မရှိမှုနှင့် ရေဓါတ်ခမ်းခြောက်မှုတို့ကြောင့် လူများ မူးမေ့လဲကျခဲ့သည်ကို မြင်တွေ့ခဲ့ရကြောင်း အခမ်းအနားကို တက်ရောက်ခဲ့သည့် ဆော့ဖ်ဝဲလ် အင်ဂျင်နီယာတစ်ဦးက ပြောသည်။
“အဆိုးဆုံးကတော့ ပွဲအပြီး ထွက်ပေါက်ပါပဲ။ လမ်းတွေ့ပိတ်ဆို့ပြီး ဘတ်စ်ကားတွေလည်း ကျပ်နေခဲ့ပါတယ်” ဟု သူက ပြောသည်။
ပြည်နယ် ဆေးဘက်ဆိုင်ရာနှင့် မိသားစု သက်သာချောင်ချိရေး ဝန်ကြီး Ma Subramanian က အစိုးရသည် အခမ်းအနားအတွက် ဆေးအဖွဲ့များ၊ လုံခြုံရေး၊ ယာယီအိမ်သာများနှင့် သောက်သုံးရေပေးဝေမှုတို့ကို ဆောင်ရွက်ပေးခဲ့သည်ဟု ပြောဆိုသည်။
ယခုဖြစ်ရပ်များနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် မေးမြန်းခဲ့မှုကို လေတပ်အရာရှိများဘက်က လတ်တလောတွင် ဖြေကြားခြင်း မရှိခဲ့သေးပေ။
Ref: AFP