ေမဂ်ာလိဂ္ Supporters’ Shield အင္တာမိုင္ယာမီရရွိ
အင္တာမိုင္ယာမီအသင္းဟာ ေအာက္တိုဘာ ၂ ရက္ညက ကစားခဲ့တဲ့ ေမဂ်ာလိဂ္ပြဲစဥ္မွာ ကိုလံဘတ္စ္ခ႐ူအသင္း ကို အနိုင္ရခဲ့ၿပီးေနာက္ ၂၀၂၄ ေမဂ်ာလိဂ္ Supporters’ Shield ကို ရရွိသြားခဲ့ပါတယ္။ အခုပြဲစဥ္မွာ မက္ဆီက အင္တာမိုင္ယာမီအသင္းအတြက္ ေျခစြမ္းျပခဲ့ၿပီး သြင္းဂိုး၂ ဂိုး သြင္းယူေပးခဲ့သလို ဆြာရက္ဇ္ကလည္း သြင္းဂိုး ၁ ဂိုးသြင္းယူေပးခဲ့တာပါ။
ပြဲအၿပီးမွာေတာ့ အင္တာမိုင္ယာမီအသင္းက ကိုလံဘတ္စ္ခ႐ူအသင္းကို ၃ ဂိုး၊ ၂ ဂိုးနဲ႔ အနိုင္ရခဲ့ၿပီး အမွတ္ေပး ဇယားထိပ္မွာ ဆက္လက္ရပ္တည္ခြင့္ရခဲ့ပါတယ္။ ဒါ့အျပင္ ၂၀၂၄ ေမဂ်ာလိဂ္ရာသီ ပြဲစဥ္ ၃၂ ပြဲကစားၿပီးခ်ိန္မွာ ပြဲ ၂၀ နိုင္ ၄ ပြဲသေရ ၈ ပြဲရွုံးနဲ႔ ရမွတ္ (၆၈)မွတ္ရထားခဲ့တဲ့ အင္တာမိုင္ယာမီအသင္းဟာ ေမဂ်ာလိဂ္ေဘာလုံးရာသီ တစ္ခုမွာ ရလဒ္အေကာင္းဆုံးအသင္းေတြကို ေပးအပ္ေလ့ရွိတဲ့ Supporters’ Shield ကိုပါ ရရွိသြားခဲ့တာျဖစ္ပါ တယ္။
ပြဲအၿပီးမွာေတာ့ အင္တာမိုင္ယာမီအသင္း တိုက္စစ္မွူး မက္ဆီက အသင္းနဲ႔အတူ အခုလိုမ်ိဳး ခ်န္ပီယံဆုေတြရ ယူနိုင္ဖို႔ ေမၽွာ္လင့္ထားခဲ့သလို ေနာက္ထပ္ ေအာင္ျမင္မွုေတြ ရယူသြားနိုင္ဖို႔ကိုလည္း ႀကိဳးစားသြားမယ္လို႔ ေျပာ ၾကားသြားပါတယ္။ ပြဲစဥ္ ၃၄ ပြဲကစားရမယ့္ ေမဂ်ာလိဂ္ေဘာလုံးရာသီမွာ အင္တာ မိုင္ယာမီအသင္းဟာ ၃၂ ပြဲ ကစားအၿပီး ဒုတိယေနရာက အယ္လ္ေအ ဂလက္စီ အသင္းကို ၇ မွတ္အထိ ျဖတ္ထားနိုင္တာျဖစ္ပါတယ္။
မေဂျာလိဂ် Supporters’ Shield အင်တာမိုင်ယာမီရရှိ
——————–
အင်တာမိုင်ယာမီအသင်းဟာ အောက်တိုဘာ ၂ ရက်ညက ကစားခဲ့တဲ့ မေဂျာလိဂ်ပွဲစဉ်မှာ ကိုလံဘတ်စ်ခရူအသင်း ကို အနိုင်ရခဲ့ပြီးနောက် ၂၀၂၄ မေဂျာလိဂ် Supporters’ Shield ကို ရရှိသွားခဲ့ပါတယ်။ အခုပွဲစဉ်မှာ မက်ဆီက အင်တာမိုင်ယာမီအသင်းအတွက် ခြေစွမ်းပြခဲ့ပြီး သွင်းဂိုး၂ ဂိုး သွင်းယူပေးခဲ့သလို ဆွာရက်ဇ်ကလည်း သွင်းဂိုး ၁ ဂိုးသွင်းယူပေးခဲ့တာပါ။
ပွဲအပြီးမှာတော့ အင်တာမိုင်ယာမီအသင်းက ကိုလံဘတ်စ်ခရူအသင်းကို ၃ ဂိုး၊ ၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီး အမှတ်ပေး ဇယားထိပ်မှာ ဆက်လက်ရပ်တည်ခွင့်ရခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၄ မေဂျာလိဂ်ရာသီ ပွဲစဉ် ၃၂ ပွဲကစားပြီးချိန်မှာ ပွဲ ၂၀ နိုင် ၄ ပွဲသရေ ၈ ပွဲရှုံးနဲ့ ရမှတ် (၆၈)မှတ်ရထားခဲ့တဲ့ အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ်ဘောလုံးရာသီ တစ်ခုမှာ ရလဒ်အကောင်းဆုံးအသင်းတွေကို ပေးအပ်လေ့ရှိတဲ့ Supporters’ Shield ကိုပါ ရရှိသွားခဲ့တာြဖစ်ပါ တယ်။
ပွဲအပြီးမှာတော့ အင်တာမိုင်ယာမီအသင်း တိုက်စစ်မှူး မက်ဆီက အသင်းနဲ့အတူ အခုလိုမျိုး ချန်ပီယံဆုတွေရ ယူနိုင်ဖို့ မျှော်လင့်ထားခဲ့သလို နောက်ထပ် အောင်မြင်မှုတွေ ရယူသွားနိုင်ဖို့ကိုလည်း ကြိုးစားသွားမယ်လို့ ပြော ကြားသွားပါတယ်။ ပွဲစဉ် ၃၄ ပွဲကစားရမယ့် မေဂျာလိဂ်ဘောလုံးရာသီမှာ အင်တာ မိုင်ယာမီအသင်းဟာ ၃၂ ပွဲ ကစားအပြီး ဒုတိယနေရာက အယ်လ်အေ ဂလက်စီ အသင်းကို ၇ မှတ်အထိ ဖြတ်ထားနိုင်တာဖြစ်ပါတယ်။