ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဇေယျာသိရီမြို့နယ် စည်ပင်ကြီးကျေးရွာ အိမ်ထောင်စု (၅၀၀)အတွက် ထောက်ပံ့မှုများပြုလုပ်
============================
အောက်တိုဘာ ၂၊ ဇေယျာသီရိ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များနှင့် ပြည်ထောင်စုနယ်မြေ ယာယီဥက္ကဋ္ဌ ဦးလှဆွေနှင့် တာဝန်ရှိသူများသည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် ရေကြီးနစ်မြုပ်မှုဒဏ်ခံရသည့် ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်အား န၀ကမ္မနှင့် အလှူပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပြီး အိမ်ထောင်စု ၅၀၀ အတွက် တစ်အိမ်ထောင်လျှင် ဆန် ၆ ပြည်၊ ဆီ ၁ ဘူး၊ ဒန်အိုး၊ စတီးဇလုံ၊ အဝတ်အစား(ကျား/မ/ကလေး)၊ ခေါင်းအုံး၊ ခြုံဆောင်၊ ဖိနပ်(ကျား/မ)၊ ကြာဇံထုတ်များ၊ မုန့်များ စသည့်ပစ္စည်း ၁၄ မျိုးပါဝင်သော စက္ကူပုံး ၁ ပုံး၊ စုစုပေါင်း ပစ္စည်း (၁၆)မျိုး ထောက်ပံ့လှူဒါန်းခဲ့ပါသည်။