ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီမွ တပ္ကုန္းၿမိဳ႕နယ္ မက်ီးပင္အုပ္စု အိမ္ေထာင္စု ၅၀၀ အတြက္ ေထာက္ပံ့မွုမ်ားျပဳလုပ္

ေအာက္တိုဘာ ၂၊ တပ္ကုန္း
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီသည္ ေရႀကီးနစ္ျမဳပ္မွု သဘာ၀ေဘးဒဏ္မ်ား ခံစားခဲ့ရသည့္ နယ္ေျမမ်ားတြင္ ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ား၊ ေထာက္ပံ့လွူဒါန္းမွုမ်ား၊ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားကို စတင္ျဖစ္ပြားသည့္အခ်ိန္မွ ယေန႔အခ်ိန္ထိ ေဆာင္ရြက္လ်က္ရွိရာ ၂-၁၀-၂၀၂၄ ရက္ေန႔ နံနက္ပိုင္းတြင္ တပ္ကုန္းၿမိဳ႕နယ္၊ မက်ီးပင္ေက်းရြာ ဘုန္းေတာ္ႀကီးေက်ာင္းတြင္ ေရာက္ရွိေနေသာ အိမ္ေထာင္စု ၅၀၀ အတြက္ ေထာက္ပံ့ပစၥည္းမ်ားအား ပါတီဥကၠ႒ ဦးခင္ရီႏွင့္အတူ ပါတီအႀကီးအကဲမ်ားက သြားေရာက္လွူဒါန္းခဲ့ၾကၿပီး အားေပးစကားမ်ား ေျပာၾကားခဲ့ပါသည္။
လွူဒါန္းေထာက္ပံ့မွုအေနျဖင့္ တစ္အိမ္ေထာင္လၽွင္ ဆန္ ၆ ျပည္၊ ဆီ ၁ ဘူး၊ ဒန္အိုး၊ စတီးဇလုံ၊ အဝတ္အစား(က်ား/မ/ကေလး)၊ ေခါင္းအုံး၊ ျခဳံေဆာင္၊ ဖိနပ္(က်ား/မ)၊ ၾကာဇံထုတ္မ်ား၊ မုန႔္မ်ား စသည့္ပစၥည္း ၁၄ မ်ိဳးပါဝင္ေသာ စကၠဴပုံး ၁ ပုံး၊ စုစုေပါင္း ပစၥည္း (၁၆)မ်ိဳး ေထာက္ပံ့နိုင္ခဲ့ပါသည္။
အဆိုပါ သြားေရာက္လွူဒါန္းရာသို႔ ပါတီဥကၠ႒ ဦးခင္ရီႏွင့္အတူ ဒုတိယဥကၠ႒ ဦးလွထြန္း၊ အေထြေထြအတြင္းေရးမွူး ဦးေသာင္းေအး၊ ဗဟိုအတြင္းေရးမွူးမ်ား၊ ဗဟိုအလုပ္အမွုေဆာင္မ်ား၊ ျပည္ေထာင္စုနယ္ေၿမ ယာယီဥကၠ႒ ဦးလွေဆြႏွင့္ တာဝန္ရွိသူမ်ား လိုက္ပါေဆာင္ရြက္ခဲ့ၾကပါသည္။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တပ်ကုန်းမြို့နယ် မကျီးပင်အုပ်စု အိမ်ထောင်စု ၅၀၀ အတွက် ထောက်ပံ့မှုများပြုလုပ်
===============================
အောက်တိုဘာ ၂၊ တပ်ကုန်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ရေကြီးနစ်မြုပ်မှု သဘာ၀ဘေးဒဏ်များ ခံစားခဲ့ရသည့် နယ်မြေများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ထောက်ပံ့လှူဒါန်းမှုများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စတင်ဖြစ်ပွားသည့်အချိန်မှ ယနေ့အချိန်ထိ ဆောင်ရွက်လျက်ရှိရာ ၂-၁၀-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ်၊ မကျီးပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ရောက်ရှိနေသော အိမ်ထောင်စု ၅၀၀ အတွက် ထောက်ပံ့ပစ္စည်းများအား ပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့်အတူ ပါတီအကြီးအကဲများက သွားရောက်လှူဒါန်းခဲ့ကြပြီး အားပေးစကားများ ပြောကြားခဲ့ပါသည်။
လှူဒါန်းထောက်ပံ့မှုအနေဖြင့် တစ်အိမ်ထောင်လျှင် ဆန် ၆ ပြည်၊ ဆီ ၁ ဘူး၊ ဒန်အိုး၊ စတီးဇလုံ၊ အဝတ်အစား(ကျား/မ/ကလေး)၊ ခေါင်းအုံး၊ ခြုံဆောင်၊ ဖိနပ်(ကျား/မ)၊ ကြာဇံထုတ်များ၊ မုန့်များ စသည့်ပစ္စည်း ၁၄ မျိုးပါဝင်သော စက္ကူပုံး ၁ ပုံး၊ စုစုပေါင်း ပစ္စည်း (၁၆)မျိုး ထောက်ပံ့နိုင်ခဲ့ပါသည်။
အဆိုပါ သွားရောက်လှူဒါန်းရာသို့ ပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ပြည်ထောင်စုနယ်မြေ ယာယီဥက္ကဋ္ဌ ဦးလှဆွေနှင့် တာဝန်ရှိသူများ လိုက်ပါဆောင်ရွက်ခဲ့ကြပါသည်။