ရွီဂဲ႐ူအီရွိဘာ ဂ်ပန္ဝန္ႀကီးခ်ဳပ္အျဖစ္ ေရြးေကာက္ခံရ
ဂ်ပန္အာဏာရ လစ္ဘရယ္ဒီမိုကရက္တစ္ပါတီေခါင္းေဆာင္ ရွီဂဲ႐ူအီရွိဘာ က ေအာက္တိုဘာလ ၁ ရက္ တြင္ ျပဳလုပ္တဲ့ လႊတ္ေတာ္ႏွစ္ရပ္မဲခြဲဆုံးျဖတ္မွု၌ ေထာက္ခံမဲအမ်ားဆုံး ရရွိကာ ဝန္ႀကီးခ်ဳပ္အျဖစ္ ေရြးေကာက္ခံရေၾကာင္း သိရသည္။
ထို႔ေနာက္ ရွီဂဲ႐ူ အီရွီဘာ က အဖြဲ႕ဝင္ ၁၉ ဦးပါဝင္ေသာ လ်ာထားအစိုးရအဖြဲ႕ကို ထုတ္ျပန္သည္။ ၎တို႔ထဲတြင္ ၁၃ ဦးက အသစ္ခန႔္အပ္ခဲ့ျခင္းျဖစ္ၿပီး ႏွစ္ဦးမွာ ယခင္အစိုးရလက္ထက္တြင္ ခန႔္အပ္ခံရသူမ်ားျဖစ္ကာ ေလးဦးမွာ ဝန္ႀကီးအျဖစ္တာဝန္ထမ္းေဆာင္ဖူးသူမ်ား ျဖစ္သည္။
ရွီဂဲ႐ူ အီရွီဘာအေနျဖင့္ ဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ထမ္းေဆာင္စဥ္ ၎၏ပါတီအေပၚ ျပည္သူလူထု၏ ယုံၾကည္မွုျပန္ရေစရန္ႀကိဳးပမ္းရမည္ ျဖစ္သည္။
ထို႔ျပင္ စီးပြားေရး တိုးတက္မွုေႏွးေကြးေနျခင္း၊ ကုန္ေဈးႏွုန္းမ်ား ျမင့္တက္ေနျခင္း၊ ေငြတန္ဖိုးက်ဆင္းေနျခင္း အစရွိသည့္ ျပႆနာမ်ားကို ဦးစားေပးကိုင္တြယ္ရမည္ ျဖစ္ေၾကာင္း ဆင္ဟြာသတင္းဌာနေဖာ္ျပခ်က္အရ သိရသည္။
ရှီဂဲရူအီရှိဘာ ဂျပန်ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံရ
=====================
ဂျပန်အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ရှီဂဲရူအီရှိဘာ က အောက်တိုဘာလ ၁ ရက် တွင် ပြုလုပ်တဲ့ လွှတ်တော်နှစ်ရပ်မဲခွဲဆုံးဖြတ်မှု၌ ထောက်ခံမဲအများဆုံး ရရှိကာ ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံရကြောင်း သိရသည်။
ထို့နောက် ရှီဂဲရူ အီရှီဘာ က အဖွဲ့ဝင် ၁၉ ဦးပါဝင်သော လျာထားအစိုးရအဖွဲ့ကို ထုတ်ပြန်သည်။ ၎င်းတို့ထဲတွင် ၁၃ ဦးက အသစ်ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး နှစ်ဦးမှာ ယခင်အစိုးရလက်ထက်တွင် ခန့်အပ်ခံရသူများဖြစ်ကာ လေးဦးမှာ ဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ဖူးသူများ ဖြစ်သည်။
ရှီဂဲရူ အီရှီဘာအနေဖြင့် ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်စဉ် ၎င်း၏ပါတီအပေါ် ပြည်သူလူထု၏ ယုံကြည်မှုပြန်ရစေရန်ကြိုးပမ်းရမည် ဖြစ်သည်။
ထို့ပြင် စီးပွားရေး တိုးတက်မှုနှေးကွေးနေခြင်း၊ ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်း၊ ငွေတန်ဖိုးကျဆင်းနေခြင်း အစရှိသည့် ပြဿနာများကို ဦးစားပေးကိုင်တွယ်ရမည် ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။