ဂူတားရက္စ္ အစၥေရးျပည္ဝင္ခြင့္တားျမစ္

အစၥေရးနိုင္ငံအေပၚ အီရန္၏ ဒုံးက်ည္တိုက္ခိုက္မွုကို ျပတ္ျပတ္သားသား ရွုတ္ခ်ျခင္းမရွိေသာေၾကာင့္ ကုလသမဂၢ အေထြေထြအတြင္းေရးမွူးခ်ဳပ္ အန္တိုနီယို ဂူတားရက္စ္အား အစၥေရး နိုင္ငံတြင္းသို႔ ၀င္ေရာက္ျခင္းမွ တားျမစ္ထားေၾကာင္း အစၥေရးနိုင္ငံျခားေရးဝန္ႀကီးက ဗုဒၶဟူးေန႔က ေျပာၾကားခဲ့သည္။
အီရန္သည္ လက္ဘႏြန္တြင္ အစၥေရးႏွင့္ ဟစ္ဇ္ဘိုလာတို႔အၾကားခံ တိုက္ပြဲမ်ား ျပင္းထန္ေနခ်ိန္ဝယ္ အစၥေရးကို ပဲ့ထိန္းဒုံးက်ည္မ်ားစြာျဖင့္ အဂၤါေန႔က ပစ္ခတ္ခဲ့သည္။ ယင္းတို႔အမ်ားအျပားအား ၾကားျဖတ္ဟန႔္တားနိုင္ခဲ့သည္ဟု အစၥေရးကဆို ေသာ္လည္း ဒုံးက်ည္၈၀ ရာခိုင္ႏွုန္းသည္ ပစ္မွတ္မ်ားကို ထိမွန္ခဲ့ေၾကာင္း ယင္းတို႔အနက္ ေမာ့ဆက္ဌာနခ်ဳပ္လည္းပါဝင္‌ေၾကာင္း အီရန္ကဆိုသည္။
ကုလသမဂၢအေထြေထြအတြင္းေရးမွူးခ်ဳပ္ အန္တိုနီယို ဂူတားရက္စ္ကမူ “အေရွ႕အလယ္ပိုင္းေဒသ ပဋိပကၡကို အရွိန္ျမႇင့္ၿပီးရင္း ျမႇင့္ၿပီး ပဋိပကၡေတြ က်ယ္ျပန႔္သည္ထက္ က်ယ္ျပန႔္လာေနတာကို ကၽြန္ေတာ္ ရွုတ္ခ်ပါတယ္။ ရပ္ၾကပါ။ အပစ္အခတ္ရပ္စဲေရးကို က်ဳပ္တို ခၽြင္းခ်က္မရွိ လိုအပ္ေနပါတယ္”ဟု သူ၏ ယမန္ေန႔က ထုတ္ျပန္ခ်က္တြင္ ေဖၚျပထားသည္။


ဂူတားရက်စ် အစ္စရေးပြည်ဝင်ခွင့်တားမြစ်
====================

အစ္စရေးနိုင်ငံအပေါ် အီရန်၏ ဒုံးကျည်တိုက်ခိုက်မှုကို ပြတ်ပြတ်သားသား ရှုတ်ချခြင်းမရှိသောကြောင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်အား အစ္စရေး နိုင်ငံတွင်းသို့ ၀င်ရောက်ခြင်းမှ တားမြစ်ထားကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။
အီရန်သည် လက်ဘနွန်တွင် အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့အကြားခံ တိုက်ပွဲများ ပြင်းထန်နေချိန်ဝယ် အစ္စရေးကို ပဲ့ထိန်းဒုံးကျည်များစွာဖြင့် အင်္ဂါနေ့က ပစ်ခတ်ခဲ့သည်။ ယင်းတို့အများအပြားအား ကြားဖြတ်ဟန့်တားနိုင်ခဲ့သည်ဟု အစ္စရေးကဆို သော်လည်း ဒုံးကျည်၈၀ ရာခိုင်နှုန်းသည် ပစ်မှတ်များကို ထိမှန်ခဲ့ကြောင်း ယင်းတို့အနက် မော့ဆက်ဌာနချုပ်လည်းပါဝင်‌ေကြာင်း အီရန်ကဆိုသည်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်ကမူ “အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခကို အရှိန်မြှင့်ပြီးရင်း မြှင့်ပြီး ပဋိပက္ခတွေ ကျယ်ပြန့်သည်ထက် ကျယ်ပြန့်လာနေတာကို ကျွန်တော် ရှုတ်ချပါတယ်။ ရပ်ကြပါ။ အပစ်အခတ်ရပ်စဲရေးကို ကျုပ်တို ချွင်းချက်မရှိ လိုအပ်နေပါတယ်”ဟု သူ၏ ယမန်နေ့က ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။