စာခ်ဳပ္ပါစည္းကမ္းခ်က္မ်ားခ်ိဳးေဖာက္ခံေနရကာ ျမန္မာ MoU အလုပ္သမားမ်ားအခက္ေတြ႕ေန

MoU စာခ်ဳပ္ပါစည္းကမ္းခ်က္မ်ား ခ်ိဳးေဖာက္ခံေနရတာေၾကာင့္ ျပည္ပအလုပ္အကိုင္ရွာေဖြေရး ေအဂ်င္စီတစ္ခုရဲ့ ေစလႊတ္မွုနဲ႔ ထိုင္းနိုင္ငံသို႔ သြားေရာက္အလုပ္လုပ္ကိုင္ေနတဲ့ ျမန္မာ MoU အလုပ္သမား ၂၇၃ ဦး အခက္အခဲမ်ား ၾကဳံေတြ႕ေနရတယ္လို႔ ျမန္မာအလုပ္သမားမဟာမိတ္အဖြဲ (WAG)ကေန သိရပါတယ္။

ျမန္မာ MoU အလုပ္သမား ၂၇၃ ဦးကို ထိုင္းနိုင္ငံ၊ ရေယာင္ၿမိဳ႕ရွိ ကုမၸဏီတစ္ခုရဲ့ လုပ္ငန္းခြင္မွာ ေရလိုင္း၊ မီးလိုင္းတို႔နဲ႔ အလုပ္လုပ္ကိုင္ရန္ ျပည္ပအလုပ္အကိုင္ရွာေဖြေရးေအဂ်င္စီတစ္ခုႏွင့္ ၂ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုကာ စက္တင္ဘာလ ၁၃ ရက္က ရေယာင္ၿမိဳ႕သို႔ ေရာက္ရွိခဲ့ၾကတာ ျဖစ္ပါတယ္။

အခုလိုေရာက္ရွိလာခဲ့ေပမယ့္ ၎တို႔အလုပ္လုပ္ကိုင္မယ့္ ကုမၸဏီမွာ ေဒဝါလီခံသြားခဲ့တာေၾကာင့္ အျခားအလုပ္ရွာေပးမည္ဟု ေအဂ်င္စီတာဝန္ရွိသူမ်ားက ေျပာဆိုခဲ့ၿပီး စက္တင္ဘာလ ၁၇ ရက္မွာ ျမန္မာ MoU အလုပ္သမားမ်ားကို စီရတ္ခ်ာၿမိဳ႕သို႔ေခၚေဆာင္ကာ PENRUND CONDO VIEW ရဲ့ ေအာက္ဆုံးအထပ္မွာ ထားရွိခဲ့ပါတယ္။

ဒါ့အျပင္ ျမန္မာ MoU အလုပ္သမားမ်ားမွ စာခ်ဳပ္ပါလုပ္ငန္းမွာ လုပ္ကိုင္မည္ဟုေျပာဆိုခဲ့ေပမယ့္ ေအဂ်င္စီတာဝန္ရွိသူမ်ားက ေဆာက္လုပ္ေရးလုပ္ငန္းခြင္လုပ္ကိုင္မယ့္သူမ်ားကို စာရင္းေကာက္ယူၿပီး လုပ္ငန္းခြင္သို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရပါတယ္။

အခုလို MoU စာခ်ဳပ္ပါစည္းကမ္းခ်က္မ်ားခ်ိဳးေဖာက္ခံရတာေၾကာင့္ အခက္အခဲမ်ား ၾကဳံေတြ႕ေနရၿပီး ျမန္မာ MoU အလုပ္သမားမ်ားမွ ၎တို႔ရဲ့ အခက္အခဲမ်ားကို ကူညီေျဖရွင္းေပးနိုင္ရန္ WAG အဖြဲ႕ထံ အကူညီေတာင္းခံခဲ့သျဖင့္ WAG အဖြဲ႕ဝင္မ်ားက စက္တင္ဘာလ ၂၆ ရက္မွာ အလုပ္သမားမ်ားႏွင့္ေတြ႕ဆုံကာ ကူညီမွုမ်ားျပဳ လုပ္ေပးလ်က္ ရွိတယ္လို႔ သိရပါတယ္။


စာချုပ်ပါစည်းကမ်းချက်များချိုးဖောက်ခံနေရကာ မြန်မာ MoU အလုပ်သမားများအခက်တွေ့နေ
======================

MoU စာချုပ်ပါစည်းကမ်းချက်များ ချိုးဖောက်ခံနေရတာကြောင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုရဲ့ စေလွှတ်မှုနဲ့ ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ MoU အလုပ်သမား ၂၇၃ ဦး အခက်အခဲများ ကြုံတွေ့နေရတယ်လို့ မြန်မာအလုပ်သမားမဟာမိတ်အဖွဲ (WAG)ကနေ သိရပါတယ်။

မြန်မာ MoU အလုပ်သမား ၂၇၃ ဦးကို ထိုင်းနိုင်ငံ၊ ရယောင်မြို့ရှိ ကုမ္ပဏီတစ်ခုရဲ့ လုပ်ငန်းခွင်မှာ ရေလိုင်း၊ မီးလိုင်းတို့နဲ့ အလုပ်လုပ်ကိုင်ရန် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုနှင့် ၂ နှစ်စာချုပ်ချုပ်ဆိုကာ စက်တင်ဘာလ ၁၃ ရက်က ရယောင်မြို့သို့ ရောက်ရှိခဲ့ကြတာ ဖြစ်ပါတယ်။

အခုလိုရောက်ရှိလာခဲ့ပေမယ့် ၎င်းတို့အလုပ်လုပ်ကိုင်မယ့် ကုမ္ပဏီမှာ ဒေဝါလီခံသွားခဲ့တာကြောင့် အခြားအလုပ်ရှာပေးမည်ဟု အေဂျင်စီတာဝန်ရှိသူများက ပြောဆိုခဲ့ပြီး စက်တင်ဘာလ ၁၇ ရက်မှာ မြန်မာ MoU အလုပ်သမားများကို စီရတ်ချာမြို့သို့ခေါ်ဆောင်ကာ PENRUND CONDO VIEW ရဲ့ အောက်ဆုံးအထပ်မှာ ထားရှိခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ MoU အလုပ်သမားများမှ စာချုပ်ပါလုပ်ငန်းမှာ လုပ်ကိုင်မည်ဟုပြောဆိုခဲ့ပေမယ့် အေဂျင်စီတာဝန်ရှိသူများက ဆောက်လုပ်ရေးလုပ်ငန်းခွင်လုပ်ကိုင်မယ့်သူများကို စာရင်းကောက်ယူပြီး လုပ်ငန်းခွင်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

အခုလို MoU စာချုပ်ပါစည်းကမ်းချက်များချိုးဖောက်ခံရတာကြောင့် အခက်အခဲများ ကြုံတွေ့နေရပြီး မြန်မာ MoU အလုပ်သမားများမှ ၎င်းတို့ရဲ့ အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန် WAG အဖွဲ့ထံ အကူညီတောင်းခံခဲ့သဖြင့် WAG အဖွဲ့ဝင်များက စက်တင်ဘာလ ၂၆ ရက်မှာ အလုပ်သမားများနှင့်တွေ့ဆုံကာ ကူညီမှုများပြု လုပ်ပေးလျက် ရှိတယ်လို့ သိရပါတယ်။