Ref : Tech Explorer
ကမ္ဘာ့ တတိယ အချမ်းသာဆုံး ဖြစ်လာတဲ့ Mark Zuckerberg
===================================
Facebook တည်ထောင်သူ ဇူဇူဟာ ကမ္ဘာ့ တတိယ အချမ်းသာဆုံး ဖြစ်လာပြီး ဒေါ်လာ ၂၀၂ ဘီလီယမ် ပိုင်ဆိုင်ထားပါတယ်။ အဲဒီ ငွေပမာဏကို ပိုင်ဆိုင်တဲ့ ကမ္ဘာ့ အသက်အငယ်ဆုံး လူသားလည်း ဖြစ်ပါတယ်။
ဇူဇူဟာ Facebook လူမှုကွန်ရက်ကြောင့် ကမ္ဘာ့ တတိယ အချမ်းသာဆုံး ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ သူဟာ စိတ်ကူးယဉ်ဆန်တဲ့ Metaverse ကမ္ဘာကြီးကိုလည်း တည်ထောင်ဖို့ ကြိုးစားနေပါတယ်။
ဇူဇူဟာ Metaverse မှာ ငွေကြေးများစွာ ရင်းနှီးမြှပ်နှံခဲ့တဲ့အတွက် ၂၀၂၂ ခုနှစ်မှာ ငွေကြေးကြပ်တည်းမှုနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။ ၂၀၂၃ ခုနှစ်မှာတော့ ဝင်ငွေပြန်ကောင်းလာခဲ့ပါတယ်။ သူဟာ AI နည်းပညာမှာ ရင်းနှီးမြှုပ်နှံမှုကြောင့် ၂၀၂၄ ခုနှစ်မှာ ဒေါ်လာ ၇၃.၅ ဘီလီယမ် ဝင်ငွေရခဲ့ပါတယ်။
လက်ရှိမှာ ကမ္ဘာ့ အချမ်းသာဆုံးက Elon Musk ဖြစ်ပြီး ဒေါ်လာ ၂၆၈ ဘီလီယမ် ပိုင်ဆိုင်ထားပါတယ်။ နံပါတ် ၂ နေရာမှာ ဒေါ်လာ ၂၁၄ ဘီလီယမ်နဲ့ အမေဇုန် သူဌေး Jeff Bezos ရှိနေပါတယ်။ Bernard Arnault က ဒေါ်လာ ၂၀၁ ဘီလီယမ်နဲ့ နံပါတ် ၄ နေရာကို ရထားပါတယ်။
Ref : Tech Explorer