ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဉက္ကဋ္ဌ ဦးခင်ရီ တရုတ်ပြည်သူ့ သမ္မတနိုင်ငံတည်ထောင်သည့် (၇၅)နှစ်မြောက် အထိမ်းအမှတ် ဧည့်ခံပွဲအခမ်း အနားသို့ တက်ရောက်
===============
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဉက္ကဋ္ဌ ဦးခင်ရီသည် ၂၇-၉-၂၀၂၄ ရက်နေ့ ညနေ (၁၈၃၀)အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ပါတီဉက္ကဋ္ဌ၊ ဦးခင်မောင်စိုး နှင့် အတူ ရန်ကုန်မြို့၊ WYNDHAM GRAND ဟိုတယ်တွင်ကျင်းပပြု လုပ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့် (၇၅)နှစ်မြောက် အထိမ်း အမှတ်ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Ms Ma Jia နှင့် သံရုံးမှ တာဝန်ရှိသူများ၊ ရန်ကုန်အခြေစိုက် တရုတ် ကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူများ၊ နိုင်ငံရေး ပါတီအသီးသီးမှ လုပ်ဖော်ကိုင်ဖက်များ၊ နိုင်ငံခြားသံရုံးများမှ သံတမန်များ၊ စာနယ်ဇင်းအသီးသီးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံနှုတ်ဆက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။