ေနျပည္ေတာ္ ျပည္ေထာင္စုနယ္ေျမေဇယ်ာသီရိၿမိဳ႕နယ္တြင္ ျပည္ခိုင္ၿဖိဳးပါတီမွ ေရေဘးသင့္ျပည္သူမ်ားအား က်န္းမာေရးကူညီေစာင့္ေရွာက္မူ႔ျပဳလုပ္

 

ေနျပည္ေတာ္ စက္တင္ဘာ ၂၃
ေနျပည္ေတာ္၊ ျပည္ေထာင္စုနယ္ေျမ၊ ေဇယ်ာသီရိၿမိဳ႕နယ္၊ ေအာင္ေဇယ်စံျပရပ္ကြက္၊ပညာေရာင္ျခည္ေက်ာင္းတိုက္တြင္ လာေရာက္ေနၾကေသာေရေဘးသင့္ျပည္သူမ်ားအား ယေန႔နံနက္ ၁၀ နာရီအခ်ိန္ခန္႔တြင္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီမွ က်န္းမာေရးကူညီေစာင့္ေရွာက္မူ႔ျပဳလုပ္ခဲ့ေၾကာင္းသိရသည္။
ေဇယ်ာသီရိၿမိဳ႕နယ္ ေအာင္ေဇယ်စံျပရပ္ကြက္ ပညာေရာင္ျခည္ေက်ာင္းတိုက္တြင္ စည္ပင္ႀကီးအုပ္စု ေခ်ာင္းကမ္းႀကီးေက်းရြာ၊ စည္ပင္ႀကီးေက်းရြာ ၊ စည္ပင္သာယာေက်းရြာမ်ားမွ လူဦးေရ ၁၅၀ ခန္႔ လာေရာက္ ေရေဘးခိုလွူံ ေနၾကေၾကာင္းသိရသည္။ ေရေဘးေၾကာင့္ ၀မ္းပ်က္၀မ္းေလၽွာေရာဂါ၊ ကိုယ္အေရအပ်ားယားယံျခင္းေရာဂါ၊ ဖ်ားနာျခင္းမ်ား ကေလးသူငယ္မ်ား အျဖစ္မ်ားသည့္ ေသြးလြန္တုပ္ေကြးေရာဂါ စသည္တို႔ ခံစားေန​ရသူမ်ားကို ျပည္ခိုင္ၿဖိဳးပါတီမွ ဆရာဝန္မ်ား၊ သူနာျပဳမ်ားမွ ကုသေပးခဲ့ေၾကာင္းသိရၿပီး ဗဟိုေကာ္မတီဝင္ ဦးဖိုးသိန္း ႏွင့္ ေဇယ်ာသီရိၿမိဳ႕နယ္ ျပည္ခိုင္ၿဖိဳးပါတီမွ လိုက္ပါဝန္းရံခဲ့ေၾကာင္း သတင္းရရွိပါသည္။


နေပြည်တော် ပြည်ထောင်စုနယ်မြေဇေယျာသီရိမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီမှ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးကူညီစောင့်ရှောက်မူ့ပြုလုပ်
===========================
နေပြည်တော် စက်တင်ဘာ ၂၃
နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ အောင်ဇေယျစံပြရပ်ကွက်၊ပညာရောင်ခြည်ကျောင်းတိုက်တွင် လာရောက်နေကြသောရေဘေးသင့်ပြည်သူများအား ယနေ့နံနက် ၁၀ နာရီအချိန်ခန့်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကျန်းမာရေးကူညီစောင့်ရှောက်မူ့ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဇေယျာသီရိမြို့နယ် အောင်ဇေယျစံပြရပ်ကွက် ပညာရောင်ခြည်ကျောင်းတိုက်တွင် စည်ပင်ကြီးအုပ်စု ချောင်းကမ်းကြီးကျေးရွာ၊ စည်ပင်ကြီးကျေးရွာ ၊ စည်ပင်သာယာကျေးရွာများမှ လူဦးရေ ၁၅၀ ခန့် လာရောက် ရေဘေးခိုလှူံ နေကြကြောင်းသိရသည်။ ရေဘေးကြောင့် ၀မ်းပျက်၀မ်းလျှောရောဂါ၊ ကိုယ်အရေအပျားယားယံခြင်းရောဂါ၊ ဖျားနာခြင်းများ ကလေးသူငယ်များ အဖြစ်များသည့် သွေးလွန်တုပ်ကွေးရောဂါ စသည်တို့ ခံစားနေ​ရသူများကို ပြည်ခိုင်ဖြိုးပါတီမှ ဆရာဝန်များ၊ သူနာပြုများမှ ကုသပေးခဲ့ကြောင်းသိရပြီး ဗဟိုကော်မတီဝင် ဦးဖိုးသိန်း နှင့် ဇေယျာသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လိုက်ပါဝန်းရံခဲ့ကြောင်း သတင်းရရှိပါသည်။