ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ အေထြေထြအတြင္းေရးမွူးဦးေသာင္းေအး ေပ်ာ္ဘြယ္ၿမိဳ႕နယ္၊အေရွ႕ေလ်ာ္ျဖဴကုန္းေက်းရြာမွ ေရဝင္နစ္ျမဳပ္မွုဒဏ္ခံခဲ့ရသူမ်ားအား ေထာက္ပံ့ေငြႏွင့္ပစၥည္းမ်ား ေထာက္ပံ့လွူဒါန္းပြဲသို႔တက္ေရာက္
ေပ်ာ္ဘြယ္ စက္တင္ဘာ ၂၂
မႏၲေလးတိုင္းေဒသႀကီး၊ ေပ်ာ္ဘြယ္ၿမိဳ႕နယ္၊အေရွ႕ေလ်ာ္ျဖဴကုန္းေက်းရြာ၊ရြာဦးေက်ာင္း မဟာသႏၲိသုခ ဓမၼာ႐ုံတြင္ အေရွ႕ေလ်ာ္ျဖဴကုန္းေက်းရြာမွ ေရဝင္နစ္ျမဳပ္ၿပီး အသက္ေသဆုံးခဲ့သူ ၂ဦးႏွင့္ေနအိမ္ လုံးဝပ်က္စီးခဲ့ေသာ အိမ္ေထာင္စု ၃၀စုတို႔အား ေထာက္ ပံ့ေငြႏွင့္ ပစၥည္းမ်ား ေထာက္ပံ့လွူဒါန္းပြဲ က်င္းပျပဳလုပ္ခဲ့ပါသည္။
ေထာက္ပံ့လွူဒါန္းပြဲသို႔ ျပည္ခိုင္ၿဖိဳးပါတီ အေထြေထြအတြင္းေရးမွုး ဦးေသာင္းေအးႏွင့္ဇနီး ေဒါက္တာေဒၚသင္းမ်ိဳးမ်ိဳးေအာင္၊ပါတီဗဟိုအလုပ္အမွုေဆာင္၊မႏၲေလးတိုင္းေဒသႀကီးပါတီဥကၠဌ ဦးေအာင္ေက်ာ္မိုးႏွင့္တိုင္းေဒသႀကီးပါတီေကာ္မတီဝင္မ်ား၊ေပ်ာ္ဘြယ္ၿမိဳ႕နယ္ပါတီဥကၠဌ ဦးေအာင္နိူင္ညြန္႔ႏွင့္ေကာ္မတီဝင္မ်ား၊ပါတီဝင္မ်ား၊ေပ်ာ္ဘြယ္ၿမိဳ႕နယ္၊စီမံအုပ္ ခ်ဳပ္ေရးအဖြဲ႕ဥကၠဌ ဦးလြင္၊ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွုး ရဲမွုးေနထြန္း၊အလင္း ေရာင္ သဘာဝေဘးအႏၲရာယ္လူမွုကူညီေရးႏွင့္ကယ္ဆယ္ေရးပရဟိတ အဖြဲ႕ဝင္မ်ားတက္ေရာက္ခဲ့ၿပီး ပါတီဗဟို အေထြေထြအတြင္း ေရးမွုး ဦးေသာင္းေအးက ႏွုတ္ခြန္း ဆက္စကားႏွင့္ႏွစ္သိမ့္အားေပးစကား ေျပာၾကားခဲ့ပါသည္။
၎ေနာက္ အေရွ႕ေလ်ာ္ျဖဴကုန္းေက်းရြာမွ ေရဝင္နစ္ျမဳပ္မွုျဖစ္စဥ္တြင္ အသက္ေသဆုံးခဲ့သူ ၂ဦးအား ၁ဦးလ်င္ ၁သိန္းက်ပ္ႏွုန္း၊ေနအိမ္လုံးဝပ်က္စီးခဲ့ေသာ အိမ္ေထာင္စု ၃၀စုအား အိမ္ေထာင္စု ၁စုလ်င္ ၁သိန္းက်ပ္ႏွုန္းႏွင့္ ဆန္၊ေခါက္ဆြဲေျခာက္၊ေရသန္႔ဗူး၊အဝတ္အထည္မ်ား ေထာက္ပံ့လွူဒါန္းခဲ့ေၾကာင္းသိရွိရပါသည္။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူးဦးသောင်းအေး ပျော်ဘွယ်မြို့နယ်၊ အရှေ့လျော်ဖြူကုန်းကျေးရွာမှ ရေဝင်နစ်မြုပ်မှုဒဏ်ခံခဲ့ရသူများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများ ထောက်ပံ့လှူဒါန်းပွဲသို့တက်ရောက်
============================
ပျော်ဘွယ် စက်တင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊အရှေ့လျော်ဖြူကုန်းကျေးရွာ၊ရွာဦးကျောင်း မဟာသန္တိသုခ ဓမ္မာရုံတွင် အရှေ့လျော်ဖြူကုန်းကျေးရွာမှ ရေဝင်နစ်မြုပ်ပြီး အသက်သေဆုံးခဲ့သူ ၂ဦးနှင့်နေအိမ် လုံးဝပျက်စီးခဲ့သော အိမ်ထောင်စု ၃၀စုတို့အား ထောက် ပံ့ငွေနှင့် ပစ္စည်းများ ထောက်ပံ့လှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
ထောက်ပံ့လှူဒါန်းပွဲသို့ ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှုး ဦးသောင်းအေးနှင့်ဇနီး ဒေါက်တာဒေါ်သင်းမျိုးမျိုးအောင်၊ပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးနှင့်တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ပျော်ဘွယ်မြို့နယ်ပါတီဥက္ကဌ ဦးအောင်နိူင်ညွန့်နှင့်ကော်မတီဝင်များ၊ပါတီဝင်များ၊ပျော်ဘွယ်မြို့နယ်၊စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးလွင်၊မြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှုးနေထွန်း၊အလင်း ရောင် သဘာဝဘေးအန္တရာယ်လူမှုကူညီရေးနှင့်ကယ်ဆယ်ရေးပရဟိတ အဖွဲ့ဝင်များတက်ရောက်ခဲ့ပြီး ပါတီဗဟို အထွေထွေအတွင်း ရေးမှုး ဦးသောင်းအေးက နှုတ်ခွန်း ဆက်စကားနှင့်နှစ်သိမ့်အားပေးစကား ပြောကြားခဲ့ပါသည်။
၎င်းနောက် အရှေ့လျော်ဖြူကုန်းကျေးရွာမှ ရေဝင်နစ်မြုပ်မှုဖြစ်စဥ်တွင် အသက်သေဆုံးခဲ့သူ ၂ဦးအား ၁ဦးလျင် ၁သိန်းကျပ်နှုန်း၊နေအိမ်လုံးဝပျက်စီးခဲ့သော အိမ်ထောင်စု ၃၀စုအား အိမ်ထောင်စု ၁စုလျင် ၁သိန်းကျပ်နှုန်းနှင့် ဆန်၊ခေါက်ဆွဲခြောက်၊ရေသန့်ဗူး၊အဝတ်အထည်များ ထောက်ပံ့လှူဒါန်းခဲ့ကြောင်းသိရှိရပါသည်။