ေနျပည္ေတာ္ ျပည္ေထာင္စုနယ္ေၿမ လယ္ေဝးၿမိဳ႕နယ္တြင္ ျပည္ခိုင္ၿဖိဳးပါတီမွ ေရေဘးသင့္ျပည္သူမ်ားအား က်န္းမာေရးကူညီေစာင့္ေရွာက္မူ႔ျပဳလုပ္

လယ္ေဝး စက္တင္ဘာ ၂၂
ေနျပည္ေတာ္၊ ျပည္ေထာင္စုနယ္ေျမ၊ လယ္ေဝးၿမိဳ႕နယ္ ေပါက္ၿမိဳင္ကုန္းအုပ္စု ႀကိဳ႕ပင္သာရြာ ေရေဘးသင့္ျပည္သူမ်ားအား ယေန႔နံနက္ ၁၀ နာရီအခ်ိန္ခန္႔တြင္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီမွ က်န္းမာေရးကူညီေစာင့္ေရွာက္မူ႔ျပဳလုပ္ခဲ့ေၾကာင္းသိရသည္။
လယ္ေဝးၿမိဳ႕နယ္ ေပါက္ၿမိဳင္ကုန္းအုပ္စု ႀကိဳ႕ပင္သာေက်းရြာတြင္ အိမ္ေၿခ ၇၀ေက်ာ္ခန္႔ရွိၿပီး တစ္အုပ္စုလုံးေရေဘးဒဏ္သင့္ခဲ့ျခင္း ျဖစ္သည္။ေရေဘးေၾကာင့္ ၀မ္းပ်က္၀မ္းေလၽွာေရာဂါ၊ ကိုယ္အေရအပ်ားယားယံျခင္းေရာဂါ၊ ဖ်ားနာျခင္းမ်ား ကေလးသူငယ္မ်ား အျဖစ္မ်ားသည့္ ေသြးလြန္တုပ္ေကြးေရာဂါ စသည္တို႔ ခံစားေန​ရသူမ်ားကို ျပည္ခိုင္ၿဖိဳးပါတီမွ ဆရာဝန္မ်ား၊ သူနာျပဳမ်ားမွ ကုသေပးခဲ့ေၾကာင္းသိရၿပီး လယ္ေဝးၿမိဳ႕နယ္ ျပည္ခိုင္ၿဖိဳးပါတီယာယီဥကၠဌ ေဒၚျမင့္ျမင့္ေထြႏွင့္ၿမိဳ႕နယ္ေကာ္မတီဝင္မ်ားလိုက္ပါဝန္းရံခဲ့ေၾကာင္း သတင္းရရွိပါသည္။


နေပြည်တော် ပြည်ထောင်စုနယ်မြေ လယ်ဝေးမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီမှ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးကူညီစောင့်ရှောက်မူ့ပြုလုပ်
============================
လယ်ဝေး စက်တင်ဘာ ၂၂
နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပေါက်မြိုင်ကုန်းအုပ်စု ကြို့ပင်သာရွာ ရေဘေးသင့်ပြည်သူများအား ယနေ့နံနက် ၁၀ နာရီအချိန်ခန့်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကျန်းမာရေးကူညီစောင့်ရှောက်မူ့ပြုလုပ်ခဲ့ကြောင်းသိရသည်။
လယ်ဝေးမြို့နယ် ပေါက်မြိုင်ကုန်းအုပ်စု ကြို့ပင်သာကျေးရွာတွင် အိမ်ခြေ ၇၀ကျော်ခန့်ရှိပြီး တစ်အုပ်စုလုံးရေဘေးဒဏ်သင့်ခဲ့ခြင်း ဖြစ်သည်။ရေဘေးကြောင့် ၀မ်းပျက်၀မ်းလျှောရောဂါ၊ ကိုယ်အရေအပျားယားယံခြင်းရောဂါ၊ ဖျားနာခြင်းများ ကလေးသူငယ်များ အဖြစ်များသည့် သွေးလွန်တုပ်ကွေးရောဂါ စသည်တို့ ခံစားနေ​ရသူများကို ပြည်ခိုင်ဖြိုးပါတီမှ ဆရာဝန်များ၊ သူနာပြုများမှ ကုသပေးခဲ့ကြောင်းသိရပြီး လယ်ဝေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီယာယီဥက္ကဌ ဒေါ်မြင့်မြင့်ထွေနှင့်မြို့နယ်ကော်မတီဝင်များလိုက်ပါဝန်းရံခဲ့ကြောင်း သတင်းရရှိပါသည်။