
တပ်ကုန်း စက်တင်ဘာ ၂၂


ရေကြီးနစ်မြုပ်မှုကြောင့်ရွံနွံများတင်ကျန်ခဲ့သော ဘုန်းတော်ကြီးကျောင်းအားသန့်ရှင်းရေးဆောင်ရွက်ရာတွင်ပူးပေါင်းပါဝင်ဆောင်ရွက်
================================
တပ်ကုန်း စက်တင်ဘာ ၂၂
ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ရေးရာတာဝန်ခံ၊ဗဟိုအလုပ်အမှုဆောင် ဒေါက်တာအောင်မြတ်ဦး၊ဗဟိုအလုပ်အမှုဆောင် ဒေါ်သိင်္ဂီဝင်းရွှေ၊ဌာနမှူးဦးဇော်လွင်ခိုင်နှင့် ဦးစီးရုံးအဖွဲ့ဝင်များ၊ပါတီဝင်လူငယ်များသည် (၂၂.၉.၂၀၂၄)ရက်နေ့တွင် တပ်ကုန်းမြို့နယ်၊အနော်ရထာရပ်ကွက်ရှိ ရေကြီးနစ်မြုပ်ခြင်းကြောင့်ရွံနွံများတင်ကျန်ခဲ့သော မြို့ရှေ့စန္ဒါရုံ ဘုန်းတော်ကြီးကျောင်းတိုက်သို့ သွားရောက်၍ရွံနွံများဖယ်ရှားပြီးရေဖြင့်ဆေးကြော သန့်ရှင်းရေးပြုလုပ်ရာတွင်ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။
ထိုသို့ရွံနွံများဖယ်ရှားဆေးကြောခြင်းဆောင်ရွက်ရာ၌ ပြည်ထောင်စုနယ်မြေကော်မတီဝင်၊တပ်ကုန်းမြို့နယ် တာဝန်ခံဦးကျော်ကျော်လတ်၊ခရိုင်ဥက္ကဋ္ဌဦးဝင်းဗိုလ်၊ တပ်ကုန်းမြို့နယ်ဥက္ကဋ္ဌဦး​ဇော်မျိုးသိန်းနှင့် ပါတီဝင်လူငယ်များ၊ ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတအသင်းသားများ၊ မင်္ဂလာဒုံမြို့နယ်အရံမီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။