


ရေကြီးနစ်မြုပ်မှုကြောင့်ရွံနွံများ တင်ကျန်ခဲ့သော မူလတန်းကြိုကျောင်းအားသန့်ရှင်းရေးဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်
================================
နေပြည်တော် စက်တင်ဘာ ၂၀
ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး၊အမျိုးသမီးရေးရာတာဝန်ခံ ဒေါက်တာဒေါ်စန်းစန်းနွယ်၊အောက်မြန်မာပြည် အမျိုးသမီးရေးရာတာဝန်ခံ၊ဗဟိုအလုပ်အမှုဆောင် ဒေါ်ခင်ရွှေမြင့်၊ ဌာနမှူးဦးဇော်လွင်ခိုင်နှင့် ဦးစီးရုံးအဖွဲ့ဝင်များသည် (၂၀.၉.၂၀၂၄)ရက်နေ့တွင်နေပြည်တော်၊ပုဗ္ဗသီရိမြို့နယ်၊အေးမြင့်သာယာကျေးရွာရှိရေကြီးနစ်မြုပ်ခြင်းကြောင့် ရွံနွံများတင်ကျန်ခဲ့သော မူလတန်းကြိုကျောင်းအားသန့်ရှင်းရေးပြုလုပ်ရာသို့သွားရောက်ပြီး ရွံနွံများဖယ်ရှားပြီးရေဖြင့်ဆေးကြောရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။
ထိုသို့ရွံနွံများဖယ်ရှားဆေးကြောခြင်းဆောင်ရွက်ရာ၌ မင်္ဂလာဒုံမြို့နယ်၊သင်္ဃန်းကျွန်းကြီး ကျေးရွာအုပ်စုပါတီဥက္ကဋ္ဌဦးကျော်မိုးဦးဆောင်သောရေဘေးကူညီ ထောက်ပံ့ရေးအဖွဲ့များ၊အဖြူရောင်ပရဟိတအဖွဲ့သားများ၊မင်္ဂလာဒုံမြို့နယ်အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတအသင်းသားများ၊ ဗုဗ္ဗသီရိမြို့နယ်၊ပြည်ခိုင်ဖြိုးပါတီမှပါတီဝင်အမျိုးသမီးများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။