


နေပြည်တော် ပြည်ထောင်စုနယ်မြေ ပုဗ္ဗသီရိမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီမှ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးကူညီစောင့်ရှောက်မူ့ပြုလုပ်
============================
နေပြည်တော် စက်တင်ဘာ ၁၉
နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ရွာသစ်အုပ်စု၊ရွာသစ်ကျေးရွာ၊ ရန်အောင်မြင်ကျောင်းတိုက်တွင် ရေဘးသင့်ပြည်သူများအားပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကျန်းမာရေးကူညီစောင့်ရှောက်မူ့ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရွာသစ်ကျေးရွာ ရန်အောင်မြင်ဘုန်းတော်ကြီးကျောင်းတိုက်တွင် ရေဘေးသင့်ပြည်သူ ၂၈၀ ဦးခန့် လာရောက်ခိုလှုံနေကြောင်းသိရပြီး ရေဘေးကြောင့် ၀မ်းပျက် ၀မ်းလျှောရောဂါ၊ ကိုယ်အရေအပျားယားယံခြင်းရောဂါ၊ ဖျားနာခြင်းများ ကလေးသူငယ်များ အဖြစ်များသည့် သွေးလွန်တုပ်ကွေးရောဂါ စသည်တို့ ခံစားနေ​ရသူများကို ပြည်ခိုင်ဖြိုးပါတီမှ ဆရာဝန်များ၊ သူနာပြုများမှ ကုသပေးခဲ့ကြောင်းသိရသည်။