ျပည္ခိုင္ၿဖိဳးပါတီ ဆရာဝန္မ်ားအဖြဲ႕မွေရေဘးသင့္ ျပည္သူမ်ားကိုက်န္းမာေရးေစာင့္ေရွာက္ေပးေနမႈအား ပါတီဥကၠ႒ဦးခင္ရီ၊ဒုတိယဥကၠ႒ဦးလွထြန္းႏွင့္ အေထြေထြအတြင္းေရးမႉးဦးေသာင္းေအးတို႔ သြားေရာက္ၾကည့္ရႈ႔အားေပး

ေနျပည္ေတာ္ စက္တင္ဘာ ၁၅
တိုင္ဖုန္းမုန္တိုင္း ရာဂိႏွင့္ ဘဂၤလားပင္လယ္ေအာ္အတြင္းမွာျဖစ္ပြားခဲ့သည့္မုန္တိုင္းအရွိန္ေၾကာင့္ ေနျပည္ေတာ္၊ျပည္ေထာင္စုနယ္ေျမအတြင္းေရႀကီးေရလၽွံမႈမ်ား ျဖစ္ေပၚေနလၽွက္ရွိရာ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီမွ ကယ္ဆယ္ေရးလုပ္ငန္းမ်ားေဆာင္ရြက္ျခင္း၊ ေဒသခံျပည္သူမ်ားေရာက္ရွိခိုလႈံေရာက္ရွိေနၾကေသာ
ေရေဘး ကယ္ဆယ္ေရးစခန္းမ်ားအား စားေသာက္ဖြယ္ရာမ်ားေထာက္ပံ့ျခင္း၊ က်န္းမာေရးစစ္ေဆးကုသျခင္းမ်ားအား ေန႔စဥ္ေဆာင္ရြက္လၽွက္ရွိရာယေန႔
စက္တင္ဘာလ (၁၅)ရက္ေန႔ ေန႔လည္ပိုင္း၌ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီဥကၠ႒ ဦီးခင္ရီ၊ ဒုတိယဥကၠ႒ ဦးလွထြန္း၊ ပါတီအေထြေထြအတြင္းေရးမႉး ဦးေသာင္းေအးတို႔သည္ ေနျပည္ေတာ္၊ျပည္ေထာင္စုနယ္ေျမ၊ပ်ဥ္းမနားၿမိဳ႕နယ္၊တစ္ေလးလုံးေက်းရြာအုပ္စု၊ပုရြက္ဆိတ္ကုန္းေက်းရြာရွိ ရြာဦးဘုန္ေတာ္ႀကီးေက်ာင္းတြင္ေရာက္ရွိခိုလုံေနၾက
ေသာေရေဘးသင့္ေဒသခံျပည္သူမ်ားအား ျပည္ခိုင္ၿဖိဳးပါတီဆရာဝန္မ်ားဦးေဆာင္သည့္ ေဆးအဖြဲ႕မွေဆးဝါးကုသမႈေပးေနမႈကို သြားေရာက္ ၾကည့္ရႈ႔အားေပးခဲ့ပါသည္။
ေရွ႕ဦးစြာ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီဥကၠ႒ႏွင့္အဖြဲ႕သည္ ပုရြက္ဆိတ္ကုန္းေက်းရြာ ရြာဦးဘုန္းေတာ္ႀကီးေက်ာင္းဆရာေတာ္အားဖူးေမၽွာ္ၾကည္ညိဳကန္ေတာ့ၿပီးလႉဖြယ္ပစၥည္းမ်ားလႉဒါန္းခဲ့ပါသည္။
ပါတီဥကၠ႒ဦးခင္ရီမွေရေဘးဒဏ္သင့္ျပည္သူမ်ားအား ေက်ာင္းတိုက္အတြင္းေစာင့္ေလၽွာက္ထားသည့္အတြက္ ျပည္ခိုင္ၿဖိဳးပါတီအေနျဖင့္ အထူးပင္ေက်းဇူးတင္ရွိပါေၾကာင္း၊ ျပည္ခိုင္ၿဖိဳးပါတီအေနျဖင့္ အဆိုပါျပည္သူမ်ားရဲ့က်န္းမာေရးေစာင့္ေရွာက္မႈမ်ားအျပင္ စားေသာက္ဖြယ္ရာမ်ားကိုလည္း ေထာက္ပံ့ေနေၾကာင္း ေလၽွာက္ထားပါသည္။
၎ေနာက္အဆိုပါေက်ာင္းတိုက္အတြင္းခိုလုံေရာက္ရွိေနေသာ ေရေဘးသင့္ျပည္သူမ်ားအား ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီမွ ဆရာဝန္မ်ားဦးေဆာင္သည့္ ေဆးဝါးကုသေရးအဖြဲ႕မွ ေဆးဝါးကုသေပးေနမႈမ်ားကို ၾကည့္ရႈ႔အားေပးခဲ့ၾကၿပီးေရေဘးသင့္ျပည္သူမ်ားႏွင့္ေတြ႕ဆုံကာႏွစ္သိမ့္အားေပးစကားမ်ားေျပာၾကားခဲ့ပါသည္။
ဆက္လက္၍ ေနျပည္ေတာ္ ျပည္ေထာင္စုနယ္ေျမပါတီတာဝန္ရွိသူမ်ားအား ေရေဘးသင့္ျပည္သူမ်ား မိမိတို႔မိသားစုမ်ားသဖြယ္သေဘာထားၿပီး လိုအပ္ခ်က္မ်ားကို အစြမ္းကုန္ကူညီေပးၾကရန္ မွာၾကားခဲ့ပါသည္။
တိုင္ဖုန္းမုန္တိုင္း ရာဂိႏွင့္ ဘဂၤလားပင္လယ္ေအာ္အတြင္းမွာျဖစ္ပြားခဲ့သည့္မုန္တိုင္းရဲ့အရွိန္ေၾကာင့္ တိုင္းေဒသႀကီးႏွင့္ျပနယ္အခ်ိဳ႕ရွိ ၿမိဳ႕နယ္မ်ား၌ ေရႀကီးနစ္ျမဳပ္မႈမ်ားျဖစ္ေပၚလၽွက္ရွိရာ သက္ဆိုင္ရာ ျပည္နယ္နဲ႔တိုင္းေဒသႀကီးပါတီမ်ား၊ ခရိုင္နဲ႔ၿမိဳ႕နယ္ပါတီမ်ားကလည္း ကယ္ဆယ္ေရးႏွင့္ ကူညီေထာက္ပံ့ေရးလုပ္ငန္းမ်ား ေဆာင္ရြက္ေပးလၽွက္ရွိေၾကာင္းသိရွိရပါသည္။


ပြည်ခိုင်ဖြိုးပါတီ ဆရာဝန်များအဖွဲ့မှရေဘေးသင့် ပြည်သူများကိုကျန်းမာရေးစောင့်ရှောက်ပေးနေမှုအား ပါတီဥက္ကဋ္ဌဦးခင်ရီ၊ဒုတိယဥက္ကဋ္ဌဦးလှထွန်းနှင့် အထွေထွေအတွင်းရေးမှူးဦးသောင်းအေးတို့ သွားရောက်ကြည့်ရှု့အားပေး
===============================
နေပြည်တော် စက်တင်ဘာ ၁၅
တိုင်ဖုန်းမုန်တိုင်း ရာဂိနှင့် ဘင်္ဂလားပင်လယ်အော်အတွင်းမှာဖြစ်ပွားခဲ့သည့်မုန်တိုင်းအရှိန်ကြောင့် နေပြည်တော်၊ပြည်ထောင်စုနယ်မြေအတွင်းရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေလျှက်ရှိရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ဒေသခံပြည်သူများရောက်ရှိခိုလှုံရောက်ရှိနေကြသော
ရေဘေး ကယ်ဆယ်ရေးစခန်းများအား စားသောက်ဖွယ်ရာများထောက်ပံ့ခြင်း၊ ကျန်းမာရေးစစ်ဆေးကုသခြင်းများအား နေ့စဉ်ဆောင်ရွက်လျှက်ရှိရာယနေ့
စက်တင်ဘာလ (၁၅)ရက်နေ့ နေ့လည်ပိုင်း၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦီးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ ပါတီအထွေထွေအတွင်းရေးမှူး ဦးသောင်းအေးတို့သည် နေပြည်တော်၊ပြည်ထောင်စုနယ်မြေ၊ပျဉ်းမနားမြို့နယ်၊တစ်လေးလုံးကျေးရွာအုပ်စု၊ပုရွက်ဆိတ်ကုန်းကျေးရွာရှိ ရွာဦးဘုန်တော်ကြီးကျောင်းတွင်ရောက်ရှိခိုလုံနေကြ
သောရေဘေးသင့်ဒေသခံပြည်သူများအား ပြည်ခိုင်ဖြိုးပါတီဆရာဝန်များဦးဆောင်သည့် ဆေးအဖွဲ့မှဆေးဝါးကုသမှုပေးနေမှုကို သွားရောက် ကြည့်ရှု့အားပေးခဲ့ပါသည်။
ရှေ့ဦးစွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပုရွက်ဆိတ်ကုန်းကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းဆရာတော်အားဖူးမျှော်ကြည်ညိုကန်တော့ပြီးလှူဖွယ်ပစ္စည်းများလှူဒါန်းခဲ့ပါသည်။
ပါတီဥက္ကဋ္ဌဦးခင်ရီမှရေဘေးဒဏ်သင့်ပြည်သူများအား ကျောင်းတိုက်အတွင်းစောင့်လျှောက်ထားသည့်အတွက် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် အဆိုပါပြည်သူများရဲ့ကျန်းမာရေးစောင့်ရှောက်မှုများအပြင် စားသောက်ဖွယ်ရာများကိုလည်း ထောက်ပံ့နေကြောင်း လျှောက်ထားပါသည်။
၎င်းနောက်အဆိုပါကျောင်းတိုက်အတွင်းခိုလုံရောက်ရှိနေသော ရေဘေးသင့်ပြည်သူများအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဆရာဝန်များဦးဆောင်သည့် ဆေးဝါးကုသရေးအဖွဲ့မှ ဆေးဝါးကုသပေးနေမှုများကို ကြည့်ရှု့အားပေးခဲ့ကြပြီးရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံကာနှစ်သိမ့်အားပေးစကားများပြောကြားခဲ့ပါသည်။
ဆက်လက်၍ နေပြည်တော် ပြည်ထောင်စုနယ်မြေပါတီတာဝန်ရှိသူများအား ရေဘေးသင့်ပြည်သူများ မိမိတို့မိသားစုများသဖွယ်သဘောထားပြီး လိုအပ်ချက်များကို အစွမ်းကုန်ကူညီပေးကြရန် မှာကြားခဲ့ပါသည်။
တိုင်ဖုန်းမုန်တိုင်း ရာဂိနှင့် ဘင်္ဂလားပင်လယ်အော်အတွင်းမှာဖြစ်ပွားခဲ့သည့်မုန်တိုင်းရဲ့အရှိန်ကြောင့် တိုင်းဒေသကြီးနှင့်ပြနယ်အချို့ရှိ မြို့နယ်များ၌ ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်လျှက်ရှိရာ သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းဒေသကြီးပါတီများ၊ ခရိုင်နဲ့မြို့နယ်ပါတီများကလည်း ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရှိရပါသည်။