ျပည္ခိုင္ၿဖိဳးပါတီ၏ ဗဟိုအလုပ္အမႈေဆာင္ အလုပ္သမားေရးရာတာဝန္ခံဦးေမာင္ျမင့္ ပဲခူးတိုင္းေဒသႀကီးအတြင္းရွိ စက္႐ုံအလုပ္႐ုံရွိ အလုပ္သမားမ်ားႏွင့္ေတြ႕ဆုံေဆြးေႏြး
ပဲခူး စက္တင္ဘာ ၁၃
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဗဟိုအလုပ္အမႈေဆာင္ ၊ အလုပ္သမားေရးရာတာဝန္ခံဦးေမာင္ျမင့္သည္ စက္တင္ဘာလ ၁၃ ရက္ေန႔ နံနက္ပိုင္းက ပဲခူးၿမိဳ႕သို႔ေရာက္ခဲ့ၿပီး ပဲခူးတိုင္းေဒသႀကီးပါတီ ဥကၠ႒ဦးရဲျမင့္ထြန္းႏွင့္ တိုင္း/ ခရိုင္/ၿမိဳ႕နယ္ပါတီတာဝန္ရွိသူမ်ားလိုက္ပါလၽွက္ ပဲခူးၿမိဳ႕စက္မႈဇုံအတြင္းရွိ လုပ္ငန္းရွင္မ်ား ၊ စက္႐ုံလုပ္သားမ်ားႏွင့္ေတြ႕ဆုံခဲ့ၿပီး စက္႐ုံလုပ္ငန္းလည္ပတ္ေနမႈအေျခအေနမ်ားအား ေလ့လာၾကည့္ရႈခဲ့ေၾကာင္းသိရသည္။
ေရွးဦးစြာ ဗဟိုအလုပ္အမႈေဆာင္ႏွင့္အဖြဲ႕သည္ ပဲခူးၿမိဳ႕ရွိ ပဲခူးစက္မႈဇုံသို႔ေရာက္ရွိကာ ေဆး႐ုံသုံးပစၥည္းမ်ားအားထုတ္လုပ္၍ ျပည္ပနိုင္ငံမ်ားသို႔ တင္ပို႔ေရာင္းခ်လၽွက္ရွိေသာ “ေကာင္းပိတ္ဆဲလ္(ပဲခူး)ကုမၸဏီလီမိတက္” COBES INDUSTRIES (Bago) CO.,LTD သို႔ေရာက္ရွိကာ စက္႐ုံ၏တာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးေနာက္ စက္႐ုံတြင္တာဝန္ထမ္းေဆာင္ေနေသာ ႐ုံးအဖြဲ႕တာဝန္ရွိသူမ်ား ၊ စက္႐ုံလုပ္သားမ်ားႏွင့္ေတြ႕ဆုံခဲ့ၿပီး ပါတီ၏ဗဟိုအလုပ္အမႈေဆာင္မွ နိုင္ငံေတာ္၏တာဝန္မ်ားကို ထမ္းေဆာင္ခဲ့စဥ္ အလုပ္သမားမ်ားအေရးအရာ ကိစၥရပ္မ်ားကို ရင္ဆိုင္ေျဖရွင္းေပးခဲ့မႈ ၊နိုင္ငံတကာ အလုပ္သမားေရးရာကိစၥရပ္မ်ား ၊ ျဖတ္သန္းမႈကာလအေတြ႕အၾကဳံမ်ား ၊ ၂၀၂၀ ခုႏွစ္ပါတီစုံ ဒီမိုကေရစီ အေထြေထြေရြးေကာက္ပြဲႀကီးတြင္ ျဖစ္ေပၚခဲ့ေသာမဲမသမာမႈျဖစ္စဥ္မ်ား ၊ မဲစာရင္းကြာဟမႈအေျခအေနမွန္မ်ား ၊ တပ္မေတာ္၏ တိုင္းျပည္၏အေျခေနအရပ္ရပ္အား ထိန္းေၾကာင္းေနရမႈအေျခအေနမ်ား ၊ သန္းေခါင္းစာရင္း၏ အေရးပါရွိမႈႏွင့္ ျပည္သူမ်ား၏ပါဝင္မႈအခန္းက႑မ်ား ၊ နိုင္ငံသားအခြင့္အေရးမ်ား စသည့္အခ်က္မ်ားအား ခ်ျပရွင္းလင္းခဲ့ၿပီး တက္ေရာက္လာသူမ်ားမွ သိလိုသည္မ်ားကို ျပန္လည္ေမးျမန္း တင္ၿပ ေဆြးေႏြးခဲ့ၿပီး တင္ျပခ်က္မ်ားအေပၚ ပါတီ၏ ဗဟိုအလုပ္အမႈေဆာင္မွ ျပန္လည္ခ်ျပရွင္းလင္းခဲ့ၿပီးေနာက္ ဓမၼလက္ေဆာင္ျဖစ္ ပန္းေပါင္းစုံျဖစ္ထုဆစ္ထားေသာ ဗုဒၶ႐ုပ္ပြားေတာ္ဆင္းတုမ်ားအား ပါတီ၏တာဝန္ရွိသူမ်ားက ျပန္လည္ ေပးအပ္လႉဒါန္းခဲ့ၿပီးေနာက္ စက္႐ုံ၏ လည္ပတ္ေနမႈအေျခအေနမ်ား ၊ စက္႐ုံမွထုတ္လုပ္ေသာ ေဆး႐ုံသုံးပစည္းမ်ား၏ အသုံးဝင္မႈ ၊အေရးပါမႈ စသည္တို႔ကို စက္႐ုံ၏တာဝန္သူမ်ားမွအေသးစိတ္ရွင္းလင္းတင္ျပခဲ့ပါသည္ ။
ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုအလုပ်အမှုဆောင် အလုပ်သမားရေးရာတာဝန်ခံဦးမောင်မြင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စက်ရုံအလုပ်ရုံရှိ အလုပ်သမားများနှင့်တွေ့ဆုံဆွေးနွေး
=============================
ပဲခူး စက်တင်ဘာ ၁၃
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ၊ အလုပ်သမားရေးရာတာဝန်ခံဦးမောင်မြင့်သည် စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့သို့ရောက်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌဦးရဲမြင့်ထွန်းနှင့် တိုင်း/ ခရိုင်/မြို့နယ်ပါတီတာဝန်ရှိသူများလိုက်ပါလျှက် ပဲခူးမြို့စက်မှုဇုံအတွင်းရှိ လုပ်ငန်းရှင်များ ၊ စက်ရုံလုပ်သားများနှင့်တွေ့ဆုံခဲ့ပြီး စက်ရုံလုပ်ငန်းလည်ပတ်နေမှုအခြေအနေများအား လေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ဗဟိုအလုပ်အမှုဆောင်နှင့်အဖွဲ့သည် ပဲခူးမြို့ရှိ ပဲခူးစက်မှုဇုံသို့ရောက်ရှိကာ ဆေးရုံသုံးပစ္စည်းများအားထုတ်လုပ်၍ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျှက်ရှိသော “ကောင်းပိတ်ဆဲလ်(ပဲခူး)ကုမ္ပဏီလီမိတက်” COBES INDUSTRIES (Bago) CO.,LTD သို့ရောက်ရှိကာ စက်ရုံ၏တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် စက်ရုံတွင်တာဝန်ထမ်းဆောင်နေသော ရုံးအဖွဲ့တာဝန်ရှိသူများ ၊ စက်ရုံလုပ်သားများနှင့်တွေ့ဆုံခဲ့ပြီး ပါတီ၏ဗဟိုအလုပ်အမှုဆောင်မှ နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်ခဲ့စဥ် အလုပ်သမားများအရေးအရာ ကိစ္စရပ်များကို ရင်ဆိုင်ဖြေရှင်းပေးခဲ့မှု ၊နိုင်ငံတကာ အလုပ်သမားရေးရာကိစ္စရပ်များ ၊ ဖြတ်သန်းမှုကာလအတွေ့အကြုံများ ၊ ၂၀၂၀ ခုနှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ဖြစ်ပေါ်ခဲ့သောမဲမသမာမှုဖြစ်စဥ်များ ၊ မဲစာရင်းကွာဟမှုအခြေအနေမှန်များ ၊ တပ်မတော်၏ တိုင်းပြည်၏အခြေနေအရပ်ရပ်အား ထိန်းကြောင်းနေရမှုအခြေအနေများ ၊ သန်းခေါင်းစာရင်း၏ အရေးပါရှိမှုနှင့် ပြည်သူများ၏ပါဝင်မှုအခန်းကဏ္ဍများ ၊ နိုင်ငံသားအခွင့်အရေးများ စသည့်အချက်များအား ချပြရှင်းလင်းခဲ့ပြီး တက်ရောက်လာသူများမှ သိလိုသည်များကို ပြန်လည်မေးမြန်း တင်ပြ ဆွေးနွေးခဲ့ပြီး တင်ပြချက်များအပေါ် ပါတီ၏ ဗဟိုအလုပ်အမှုဆောင်မှ ပြန်လည်ချပြရှင်းလင်းခဲ့ပြီးနောက် ဓမ္မလက်ဆောင်ဖြစ် ပန်းပေါင်းစုံဖြစ်ထုဆစ်ထားသော ဗုဒ္ဓရုပ်ပွားတော်ဆင်းတုများအား ပါတီ၏တာဝန်ရှိသူများက ပြန်လည် ပေးအပ်လှူဒါန်းခဲ့ပြီးနောက် စက်ရုံ၏ လည်ပတ်နေမှုအခြေအနေများ ၊ စက်ရုံမှထုတ်လုပ်သော ဆေးရုံသုံးပစည်းများ၏ အသုံးဝင်မှု ၊အရေးပါမှု စသည်တို့ကို စက်ရုံ၏တာဝန်သူများမှအသေးစိတ်ရှင်းလင်းတင်ပြခဲ့ပါသည် ။