မိတၳီလာခရိုင္ ျပည္ခိုင္ၿဖိဳးပါတီ႐ုံး အစည္းအေဝးခန္းမတြင္ ပါတီ တြဲဖက္အေထြေထြအတြင္းေရးမႈး ဦးတင္ေအာင္ခ်စ္ႏွင့္ေတြ႕ဆုံ
မိတၳီလာ စက္တင္ဘာ ၁၇
မႏၲေလးတိုင္းေဒသႀကီး မိတၳီလာခရိုင္ ျပည္ခိုင္ၿဖိဳးပါတီ႐ုံး အစည္းအေဝးခန္းမတြင္ ပါတီဗဟိုတြဲဖက္အေထြ ေထြအတြင္းေရးမႈး ဦးတင္ေအာင္ခ်စ္ႏွင့္ေတြ႕ဆုံပြဲ က်င္းပျပဳလုပ္ခဲ့ပါသည္။
ေတြ႕ဆုံပြဲသို႔ ပါတီဗဟို တြဲဖက္အေထြေထြအတြင္းေရးမႈး ဦးတင္ေအာင္ခ်စ္၊ပါတီဗဟိုအလုပ္အမႈေဆာင္၊မႏၲေလးတိုင္းေဒသႀကီးပါတီဥကၠဌ ဦးေအာင္ေက်ာ္မိုး၊တိုင္းေဒသႀကီးပါတီအတြင္းေရးမႈး ဦးညြန္႔ေဆာင္၊တိုင္းေဒသႀကီးပါတီေကာ္မတီဝင္ ဦးေရႊနန္း၊ဦးေက်ာ္စန္း၊ဦးမ်ိဳးျမင့္၊ဦးသိန္းထြန္းဦး၊မိတၳီလာခရိုင္ပါတီဥကၠဌ ဦးထြန္းထြန္းဦးႏွင့္ေကာ္မတီဝင္မ်ား၊မိတၳီလာ၊သာစည္၊မလွိုင္၊ဝမ္းတြင္းၿမိဳ႕နယ္တို႔မွ ဥကၠဌ၊အတြင္း ေရးမႈးမ်ား၊အဆိုပါ ၿမိဳ႕နယ္မ်ားမွ ျပည္ခိုင္ၿဖိဳး အသင္းဝင္ေဟာင္းမ်ား၊ဝါရင့္ပါတီဝင္မ်ား၊ပါတီဝန္းရံသူမ်ား၊ဗပဆသင္တန္းဆင္းမ်ား၊စုစုေပါင္းအင္အား ၆၅ဦး တက္ေရာက္ခဲ့ၾကပါသည္။
ေတြ႕ဆုံပြဲတြင္ တြဲဖက္အေထြေထြအတြင္းေရးမႈး ဦးတင္ေအာင္ခ်စ္က ျပည့္မ႑ိဳင္ေဖာင္ေဒးရွင္း ဖြဲ႕စည္းရျခင္း ရည္ ရြယ္ခ်က္၊ေဆာင္ရြက္သြားမည့္ လုပ္ငန္းစဥ္မ်ား၊ေဖာင္ေဒးရွင္း အဖြဲ႕ဝင္မ်ား စုစည္းရရွိမႈအေျခအေနတို႔အား အေသးစိတ္ ရွင္းလင္း ေျပာၾကားခဲ့ပါသည္။၎ေနာက္ ပါတီဗဟိုအလုပ္အမႈေဆာင္၊မႏၲေလး တိုင္းေဒသႀကီးပါတီဥကၠဌ ဦးေအာင္ေက်ာ္မိုးက ျပည့္မ႑ိဳင္ေဖာင္ေဒးရွင္း ဖြဲ႕စည္းေရးဆိုင္ရာ လုပ္ငန္းစဥ္မ်ားႏွင့္ေဆာင္ရြက္သြားမည့္ လုပ္ငန္းစဥ္မ်ားအား ရွင္းလင္းေဆြးေႏြးခဲ့ပါသည္။၎ေနာက္ ခရိုင္/ၿမိဳ႕နယ္ပါတီဥကၠဌမ်ားႏွင့္တက္ေရာက္လာသူမ်ားက ျပည့္မ႑ိဳင္ေဖာင္ေဒးရွင္း ဖြဲ႕စည္းေရးႏွင့္ပတ္သက္၍ သိရွိလိုသည္မ်ားႏွင့္ ေဆာင္ရြက္သင့္သည္မ်ားကို အႀကံ ျပဳတင္ျပခဲ့ရာ တင္ျပခ်က္မ်ားအေပၚ ပါတီဗဟို တြဲဖက္အေထြ ေထြအတြင္းေရးမႈး ဦးတင္ေအာင္ခ်စ္က ျပန္လည္ရွင္းလင္း ေဆြးေႏြးခဲ့ၿပီး နိဂုံးခ်ဳပ္အမွာစကားေျပာၾကားကာ ေတြ႕ဆုံပြဲအား ႐ုပ္သိမ္းခဲ့ေၾကာင္း သိရွိရပါသည္။
မိတ္ထီလာခရိုင် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှုး ဦးတင်အောင်ချစ်နှင့်တွေ့ဆုံ
==========================
မိတ္ထီလာ စက်တင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် ပါတီဗဟိုတွဲဖက်အထွေ ထွေအတွင်းရေးမှုး ဦးတင်အောင်ချစ်နှင့်တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
တွေ့ဆုံပွဲသို့ ပါတီဗဟို တွဲဖက်အထွေထွေအတွင်းရေးမှုး ဦးတင်အောင်ချစ်၊ပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊တိုင်းဒေသကြီးပါတီအတွင်းရေးမှုး ဦးညွန့်ဆောင်၊တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးရွှေနန်း၊ဦးကျော်စန်း၊ဦးမျိုးမြင့်၊ဦးသိန်းထွန်းဦး၊မိတ္ထီလာခရိုင်ပါတီဥက္ကဌ ဦးထွန်းထွန်းဦးနှင့်ကော်မတီဝင်များ၊မိတ္ထီလာ၊သာစည်၊မလှိုင်၊ဝမ်းတွင်းမြို့နယ်တို့မှ ဥက္ကဌ၊အတွင်း ရေးမှုးများ၊အဆိုပါ မြို့နယ်များမှ ပြည်ခိုင်ဖြိုး အသင်းဝင်ဟောင်းများ၊ဝါရင့်ပါတီဝင်များ၊ပါတီဝန်းရံသူများ၊ဗပဆသင်တန်းဆင်းများ၊စုစုပေါင်းအင်အား ၆၅ဦး တက်ရောက်ခဲ့ကြပါသည်။
တွေ့ဆုံပွဲတွင် တွဲဖက်အထွေထွေအတွင်းရေးမှုး ဦးတင်အောင်ချစ်က ပြည့်မဏ္ဍိုင်ဖောင်ဒေးရှင်း ဖွဲ့စည်းရခြင်း ရည် ရွယ်ချက်၊ဆောင်ရွက်သွားမည့် လုပ်ငန်းစဥ်များ၊ဖောင်ဒေးရှင်း အဖွဲ့ဝင်များ စုစည်းရရှိမှုအခြေအနေတို့အား အသေးစိတ် ရှင်းလင်း ပြောကြားခဲ့ပါသည်။၎င်းနောက် ပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေး တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးက ပြည့်မဏ္ဍိုင်ဖောင်ဒေးရှင်း ဖွဲ့စည်းရေးဆိုင်ရာ လုပ်ငန်းစဥ်များနှင့်ဆောင်ရွက်သွားမည့် လုပ်ငန်းစဥ်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။၎င်းနောက် ခရိုင်/မြို့နယ်ပါတီဥက္ကဌများနှင့်တက်ရောက်လာသူများက ပြည့်မဏ္ဍိုင်ဖောင်ဒေးရှင်း ဖွဲ့စည်းရေးနှင့်ပတ်သက်၍ သိရှိလိုသည်များနှင့် ဆောင်ရွက်သင့်သည်များကို အကြံ ပြုတင်ပြခဲ့ရာ တင်ပြချက်များအပေါ် ပါတီဗဟို တွဲဖက်အထွေ ထွေအတွင်းရေးမှုး ဦးတင်အောင်ချစ်က ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ တွေ့ဆုံပွဲအား ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။