ပြည်ခိုင်ဖြိုးပါတီမှ မသန်စွမ်းကလေးပြုစုစောင့်ရှောက်ရေးဂေဟာသို့ အလှူငွေများလှူဒါန်း
==============
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာသန်းထွန်းသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့၊ နေ့လည် ၁၂ နာရီအချိန်တွင် တိုင်းကော်မတီဝင် ဒေါက်ထွန်းထွန်းဝင်း(ဥပဒေအကြံပေး)၊ တိုင်းကော်မတီဝင် ဦးနေဝင်း၊ မရမ်းကုန်းမြို့နယ်ပါတီဥက္ကဌ၊ အဖွဲ့ဝင်များနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မသန်စွမ်းကလေးပြုစုစောင့်ရှောက်ရေးဂေဟာသို့ သွားရောက်ကြည့်ရှု၍ အလှူငွေလှူဒါန်းခဲ့ကြပါသည်။