ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ (၃၃)ႀကိမ္ေျမာက္ ပါတီတြင္းေဆြးေႏြးပြဲျပဳလုပ္
ဩဂုတ္ ၁၅၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ၏ (၃၃)ႀကိမ္ေျမာက္ အပတ္စဥ္ ပါတီတြင္းေဆြးေႏြးပြဲကို ယေန႔ နံနက္ ၉ နာရီခြဲအခ်ိန္တြင္ ပါတီဌာနခ်ဳပ္ ညီလာခံခန္းမ၌ က်င္းပျပဳလုပ္ခဲ့ပါသည္။
အဆိုပါေဆြးေႏြးပြဲတြင္ ပါတီဗဟိုအလုပ္ အမႈေဆာင္ ဦးေအာင္သူ မွ “ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆိုင္ရာ ေဆာင္ရြက္ခ်က္မ်ား ” ေခါင္းစဥ္ျဖင့္ ဦးေဆာင္ေဆြးေႏြးခဲ့ၿပီး တက္ေရာက္လာၾကသည့္ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ားမွ ျပန္လည္ေဆြးေႏြးျခင္း၊သိရွိလိုသည္အခ်က္မ်ားအား ေမးျမန္းျခင္းမ်ားအားဗဟိုအလုပ္အမႈေဆာင္ ဦးေအာင္သူမွ ျပန္လည္ေျဖၾကားခဲ့ပါသည္။
ထို႔ေနာက္ အေထြေထြအတြင္းေရးမႉး ႏွင့္ ဒုတိယဥကၠ႒မ်ားမွ ေဆြးေႏြးမႈမ်ားႏွင့္စပ္လ်ဥ္းၿပီး ျဖည့္စြက္ေဆြးေႏြးျခင္း၊ အႀကံျပဳျခင္းႏွင့္ သုံးသပ္ခ်က္မ်ားအား ေဆြးေႏြးခဲ့ၾကၿပီး နိဂုံးခ်ဳပ္အေနျဖင့္ ပါတီဥကၠ႒မွ ” ျပည္ပနိုင္ငံျခားသားမ်ား ဝင္ထြက္မႈႏွင့္လုံျခဳံေရးဆိုင္ရာကိစၥရပ္မ်ား၊ နိုင္ငံသားျဖစ္မႈဆိုင္ရာအခ်က္အလက္မ်ား၊ E-ID စနစ္မ်ားအေၾကာင္း ၊ ၁၉၈၂နိုင္ငံသားဥပေဒအေၾကာင္း၊ ဝန္ႀကီးဌာနတြင္တာဝန္ထမ္းေဆာင္ခဲ့စဥ္က အေတြ႕အၾကဳံမ်ားႏွင့္သန္းေခါင္စာရင္းေကာက္ယူျခင္းႏွင့္ ပတ္သတ္သည့္သိမွတ္ဖြယ္ရာမ်ားအား ရွင္းလင္းေျပာၾကားကာ ေဆြးေႏြးပြဲကို ႐ုတ္သိမ္းခဲ့ပါသည္။
အဆိုပါ ပါတီတြင္းေဆြးေႏြးပြဲသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒ ဦးျမတ္ဟိန္း၊ ဦးလွထြန္း၊ ဦးမ်ိဳးေဇာ္သိန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ား၊ ဌာနခ်ဳပ္မႉးႏွင့္ ဌာနမႉးမ်ား၊ တာဝန္ရွိသူမ်ား တက္ေရာက္ၾကပါသည္။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (၃၃)ကြိမ်မြောက် ပါတီတွင်းဆွေးနွေးပွဲပြုလုပ်
=============
ဩဂုတ် ၁၅၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ (၃၃)ကြိမ်မြောက် အပတ်စဉ် ပါတီတွင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲအချိန်တွင် ပါတီဌာနချုပ် ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် ပါတီဗဟိုအလုပ် အမှုဆောင် ဦးအောင်သူ မှ “ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဆောင်ရွက်ချက်များ ” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များမှ ပြန်လည်ဆွေးနွေးခြင်း၊သိရှိလိုသည်အချက်များအား မေးမြန်းခြင်းများအားဗဟိုအလုပ်အမှုဆောင် ဦးအောင်သူမှ ပြန်လည်ဖြေကြားခဲ့ပါသည်။
ထို့နောက် အထွေထွေအတွင်းရေးမှူး နှင့် ဒုတိယဥက္ကဋ္ဌများမှ ဆွေးနွေးမှုများနှင့်စပ်လျဉ်းပြီး ဖြည့်စွက်ဆွေးနွေးခြင်း၊ အကြံပြုခြင်းနှင့် သုံးသပ်ချက်များအား ဆွေးနွေးခဲ့ကြပြီး နိဂုံးချုပ်အနေဖြင့် ပါတီဥက္ကဋ္ဌမှ ” ပြည်ပနိုင်ငံခြားသားများ ဝင်ထွက်မှုနှင့်လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံသားဖြစ်မှုဆိုင်ရာအချက်အလက်များ၊ E-ID စနစ်များအကြောင်း ၊ ၁၉၈၂နိုင်ငံသားဥပဒေအကြောင်း၊ ဝန်ကြီးဌာနတွင်တာဝန်ထမ်းဆောင်ခဲ့စဉ်က အတွေ့အကြုံများနှင့်သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် ပတ်သတ်သည့်သိမှတ်ဖွယ်ရာများအား ရှင်းလင်းပြောကြားကာ ဆွေးနွေးပွဲကို ရုတ်သိမ်းခဲ့ပါသည်။
အဆိုပါ ပါတီတွင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ ဌာနချုပ်မှူးနှင့် ဌာနမှူးများ၊ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။