ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ့ၿဖိဳးေရးပါတီမွ ေရႊရတုတိပိဋကဓရ ဆရာေတာ္ႀကီးအား ဝါဆို သကၤန္းဆက္ကပ္လႈဒါန္း

 

၂၀ ဇူလိုင္၊ ရန္ကုန္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီမွ ရန္ကုန္ၿမိဳ႕၊ ဒဂုံၿမိဳ႕သစ္ (ေတာင္ပိုင္း)ၿမိဳ႕နယ္၊နိကာယ္ငါး ရပ္ပိဋကသုံးပုံ စာသင္တိုက္၊ ေရႊရတုတိပိဋကဓရ တိပိဋကေကာဝိဒ ဓမၼဘ႑ာဂါရိက အဂၢမဟာ ပ႑ိတ တိပိဋကပါဠိပါရဂူ ဘဒၵႏၲ သီလကၡႏၶာဘိဝံသ (ေမာ္ကၽြန္းဆရာ ေတာ္)အား ယေန႔ နံနက္ပိုင္းတြင္ ဝါဆိုသကၤန္းႏွင့္ နဝကမၼအလႈေတာ္ေငြမ်ား ဆက္ကပ္လႈဒါန္းခဲ့သည္။
ဝါဆိုသကၤန္းဆက္ကပ္လႈဒါန္းျခင္းကို ဆရာေတာ္ဘုရားႀကီး သီတင္းသုံးေနထိုင္ေတာ္မူရာ ဒဂုံၿမိဳ႕သစ္ (ေတာင္ပိုင္း)ၿမိဳ႕နယ္ အမွတ္၂၆ရပ္ကြက္ရွိ နိကာယ္ငါး ရပ္ပိဋကသုံးပုံ စာသင္တိုက္ႀကီး၌ ျပဳလုပ္ခဲ့ျခင္းျဖစ္ သည္။ ဝါဆိုသကၤန္းဆက္ကပ္လႈဒါန္းမႈကို နံနက္ ၈ နာရီအခ်ိန္တြင္ နေမတႆ သုံးႀကိမ္ ရြတ္ဆိုဖြင့္လွစ္ခဲၿပီး ဆရာေတာ္ဘုရားႀကီးထံမွ ကိုးပါးသီလခံယူေဆာက္ တည္၍ ဆရာေတာ္အားသကၤန္းပရိကၡရာႏွင့္ လႈဖြယ္ဝတၳဳမ်ားဆက္ကပ္လႈဒါန္းခဲ့သည္။ ထို႔ေနာက္ ဆရာ ေတာ္ဘုရားႀကီးမွ လႈဒါန္းမႈအစုစုတို႔အတြက္ သာဓုအႏုေမာဒနာ တရားေတာ္မ်ားခ်ီးျမႇင့္ခဲ့ၿပီး လႈဒါန္းမႈအစုစုတို႔အတြက္ ေရစက္သြန္ခ်အမၽွအတန္းေပးေဝခဲ့ၾက၍ နံနက္ ၉ နာရီအခ်ိန္ခန္႔တြင္ ဗုဒၶသာသနံ စိရံတိဌတု သုံးႀကိမ္ရြတ္ဆိုကာ အခမ္းအနားကို ႐ုပ္သိမ္းခဲ့သည္။
အဆိုပါဝါဆိုသကၤန္းဆက္ကပ္လႈဒါန္းျခင္းကို ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီ (ရန္ကုန္ တိုင္းေဒသႀကီး) ဥကၠဌ ဦးခင္ေမာင္စိုး ၊ ဗဟိုအလုပ္ အမႈေဆာင္ ဦးေအာင္တင္ျမင့္ ၊ တိုင္းေဒသႀကီးေကာ္မတီဝင္မ်ားျဖစ္ၾကသည့္ ေဒၚစန္းစန္းဝင္း၊ေဒၚဇာျခည္လင္း ၊ဒဂုံၿမိဳ႕သစ္ခရိုင္ဥကၠဌ ေဒၚစမ္းစမ္းေဌး ႏွင့္ ေကာ္မတီဝင္မ်ား တက္ေရာက္ပူေဇာ္ခဲ့ၾကသည္။

______________________

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရွှေရတုတိပိဋကဓရ ဆရာတော်ကြီးအား ဝါဆို သင်္ကန်းဆက်ကပ်လှုဒါန်း
++++++++++++++++++++++++++++++++++++
၂၀ ဇူလိုင်၊ ရန်ကုန်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊နိကာယ်ငါး ရပ်ပိဋကသုံးပုံ စာသင်တိုက်၊ ရွှေရတုတိပိဋကဓရ တိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာ ပဏ္ဍိတ တိပိဋကပါဠိပါရဂူ ဘဒ္ဒန္တ သီလက္ခန္ဓာဘိဝံသ (မော်ကျွန်းဆရာ တော်)အား ယနေ့ နံနက်ပိုင်းတွင် ဝါဆိုသင်္ကန်းနှင့် နဝကမ္မအလှုတော်ငွေများ ဆက်ကပ်လှုဒါန်းခဲ့သည်။
ဝါဆိုသင်္ကန်းဆက်ကပ်လှုဒါန်းခြင်းကို ဆရာတော်ဘုရားကြီး သီတင်းသုံးနေထိုင်တော်မူရာ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အမှတ်၂၆ရပ်ကွက်ရှိ နိကာယ်ငါး ရပ်ပိဋကသုံးပုံ စာသင်တိုက်ကြီး၌ ပြုလုပ်ခဲ့ခြင်းဖြစ် သည်။ ဝါဆိုသင်္ကန်းဆက်ကပ်လှုဒါန်းမှုကို နံနက် ၈ နာရီအချိန်တွင် နမေတဿ သုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ခဲပြီး ဆရာတော်ဘုရားကြီးထံမှ ကိုးပါးသီလခံယူဆောက် တည်၍ ဆရာတော်အားသင်္ကန်းပရိက္ခရာနှင့် လှုဖွယ်ဝတ္ထုများဆက်ကပ်လှုဒါန်းခဲ့သည်။ ထို့နောက် ဆရာ တော်ဘုရားကြီးမှ လှုဒါန်းမှုအစုစုတို့အတွက် သာဓုအနုမောဒနာ တရားတော်များချီးမြှင့်ခဲ့ပြီး လှုဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချအမျှအတန်းပေးဝေခဲ့ကြ၍ နံနက် ၉ နာရီအချိန်ခန့်တွင် ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါဝါဆိုသင်္ကန်းဆက်ကပ်လှုဒါန်းခြင်းကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ (ရန်ကုန် တိုင်းဒေသကြီး) ဥက္ကဌ ဦးခင်မောင်စိုး ၊ ဗဟိုအလုပ် အမှုဆောင် ဦးအောင်တင်မြင့် ၊ တိုင်းဒေသကြီးကော်မတီဝင်များဖြစ်ကြသည့် ဒေါ်စန်းစန်းဝင်း၊ဒေါ်ဇာခြည်လင်း ၊ဒဂုံမြို့သစ်ခရိုင်ဥက္ကဌ ဒေါ်စမ်းစမ်းဌေး နှင့် ကော်မတီဝင်များ တက်ရောက်ပူဇော်ခဲ့ကြသည်။