ေဒၚနယ္ထရမ့္၏ ဒုတိယသမၼတေလာင္းကိုေၾကညာ
(နိုင္ငံတကာ) ဇူလိုင္ ၁၆
အေမရန္ကန္၏ သမၼတေဟာင္းျဖစ္သူ ေဒၚနယ္လ္ထရမ့္ ဂ်ဴနီယာသည္ ၎၏ ဒုတိယသက္တမ္းအနိုင္ရပါက ဒုတိယသမၼတေလာင္းအား JD Vance အား ခန႔္အပ္မည္ျဖစ္ေၾကာင္း ေၾကညာခဲ့သည္။
Vance သည္ ယခင္က အီရတ္စစ္ျပန္ အေမရိကန္စစ္သားေဟာင္းတစ္ဦးျဖစ္ၿပီး စစ္သတင္းေထာက္တစ္ဦးလည္းျဖစ္သည္။
သမၼတေဟာင္း ထရမ့္သည္ ဒုတိယ သမၼတအျဖစ္ ၎ထက္ အသက္ ထက္ဝက္မက ငယ္ရြယ္သည့္ ၃၉ ႏွစ္အရြယ္ JD Vance အား ေရြးခ်ယ္ခဲ့ျခင္းျဖစ္သည္။
JD Vance သည္ လက္ရွိတြင္ အိုဟိုင္ယိုျပည္နယ္ကိုယ္စားျပဳ ရီပက္ဘလစ္ကန္ပါတီ၏ အထက္လႊတ္ေတာ္အမတ္အျဖစ္ တာဝန္ထမ္းေဆာင္ေနသူလည္း ျဖစ္သည္။
ထို႔အျပင္ Vance အေနျဖင့္ ယူကရိန္းစစ္ပြဲအား အေမရိကန္မွ ေငြေၾကးေထာက္ပံ့မႈျဖင့္အဆုံးမသတ္နိုင္ပဲ ေဆြးေႏြးညႇိႏွိုင္းျခင္းျဖင့္သာ အဆုံးသတ္မည္ဟု ေျပာဆိုခဲ့ျခင္းေၾကာင့္ သမၼတေဟာင္းထရမ့္ႏွင့္ အယူအဆတူသူအျဖစ္ထင္ေၾကးေပးလ်က္ရွိသည္။
______________________________________________________
ဒေါ်နယ်ထရမ့်၏ ဒုတိယသမ္မတလောင်းကိုကြေညာ
(နိုင်ငံတကာ) ဇူလိုင် ၁၆
အမေရန်ကန်၏ သမ္မတဟောင်းဖြစ်သူ ဒေါ်နယ်လ်ထရမ့် ဂျူနီယာသည် ၎င်း၏ ဒုတိယသက်တမ်းအနိုင်ရပါက ဒုတိယသမ္မတလောင်းအား JD Vance အား ခန့်အပ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
Vance သည် ယခင်က အီရတ်စစ်ပြန် အမေရိကန်စစ်သားဟောင်းတစ်ဦးဖြစ်ပြီး စစ်သတင်းထောက်တစ်ဦးလည်းဖြစ်သည်။
သမ္မတဟောင်း ထရမ့်သည် ဒုတိယ သမ္မတအဖြစ် ၎င်းထက် အသက် ထက်ဝက်မက ငယ်ရွယ်သည့် ၃၉ နှစ်အရွယ် JD Vance အား ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
JD Vance သည် လက်ရှိတွင် အိုဟိုင်ယိုပြည်နယ်ကိုယ်စားပြု ရီပက်ဘလစ်ကန်ပါတီ၏ အထက်လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်နေသူလည်း ဖြစ်သည်။
ထို့အပြင် Vance အနေဖြင့် ယူကရိန်းစစ်ပွဲအား အမေရိကန်မှ ငွေကြေးထောက်ပံ့မှုဖြင့်အဆုံးမသတ်နိုင်ပဲ ဆွေးနွေးညှိနှိုင်းခြင်းဖြင့်သာ အဆုံးသတ်မည်ဟု ပြောဆိုခဲ့ခြင်းကြောင့် သမ္မတဟောင်းထရမ့်နှင့် အယူအဆတူသူအဖြစ်ထင်ကြေးပေးလျက်ရှိသည်။
______________________________________________________