AI အစြမ္းေၾကာင့္ Google Translate မွာ ဘာသာစကား အသစ္ ၁၁၀ ကို အသုံးျပဳနိုင္ၿပီ
Google Translate မွာ လက္ရွိအခ်ိန္အထိ ဘာသာစကား ၁၁၃ မ်ိဳးကို အသုံးျပဳနိုင္ပါတယ္။ အခုေတာ့ AI အစြမ္းေၾကာင့္ ေနာက္ထပ္ ဘာသာစကား အသစ္ ၁၁၀ ကို အသုံးျပဳနိုင္ပါၿပီ။ အခုတစ္ေခါက္က ဘာသာစကား အမ်ားဆုံး ေထာက္ပံ့ေပးလာတာ ျဖစ္ပါတယ္။
Google က PalM 2 AI Language Model ကို အသုံးျပဳကာ ဘာသာစကား အသစ္ ၁၁၀ ကို ေလ့က်င့္သင္ၾကားေပးထားတာ ျဖစ္ပါတယ္။ အဲဒီ AI က ဘာသာစကား ၁ ခုနဲ႔ တျခား ၁ ခု ဆက္စပ္မႈကို ေလ့က်င့္သင္ၾကားရာမွာ အလြန္ေတာ္ပါတယ္။ ဥပမာ အေနနဲ႔ Hindi, Awadhi , Marwadi, Seychellois Creole နဲ႔ Mauritian Creole French Creoles တို႔ေတြအၾကားမွာ ဘာသာျပန္ေပးတာကို ကၽြမ္းက်င္ပါတယ္။
ႏွစ္မ်ားစြာၾကာ ေတာင္းဆိုမႈ အမ်ားဆုံး ဘာသာစကား ျဖစ္တဲ့ Cantonese ကို အခု Update မွာ ထည့္သြင္းေပးထားပါတယ္။ ဒါေပမယ့္ Cantonese ဟာ Mandarin နဲ႔မ်ားစြာ တူညီေနၿပီး AI Model ကို ေလ့က်င့္ေပးဖို႔ ေဒတာ ရွာရတာ ခက္ခဲတယ္လို႔ Google က ေျပာပါတယ္။
Ref : gsmarena
+++++++++++++++++++++
AI အစွမ်းကြောင့် Google Translate မှာ ဘာသာစကား အသစ် ၁၁၀ ကို အသုံးပြုနိုင်ပြီ
=================================================
Google Translate မှာ လက်ရှိအချိန်အထိ ဘာသာစကား ၁၁၃ မျိုးကို အသုံးပြုနိုင်ပါတယ်။ အခုတော့ AI အစွမ်းကြောင့် နောက်ထပ် ဘာသာစကား အသစ် ၁၁၀ ကို အသုံးပြုနိုင်ပါပြီ။ အခုတစ်ခေါက်က ဘာသာစကား အများဆုံး ထောက်ပံ့ပေးလာတာ ဖြစ်ပါတယ်။
Google က PalM 2 AI Language Model ကို အသုံးပြုကာ ဘာသာစကား အသစ် ၁၁၀ ကို လေ့ကျင့်သင်ကြားပေးထားတာ ဖြစ်ပါတယ်။ အဲဒီ AI က ဘာသာစကား ၁ ခုနဲ့ တခြား ၁ ခု ဆက်စပ်မှုကို လေ့ကျင့်သင်ကြားရာမှာ အလွန်တော်ပါတယ်။ ဥပမာ အနေနဲ့ Hindi, Awadhi , Marwadi, Seychellois Creole နဲ့ Mauritian Creole French Creoles တို့တွေအကြားမှာ ဘာသာပြန်ပေးတာကို ကျွမ်းကျင်ပါတယ်။
နှစ်များစွာကြာ တောင်းဆိုမှု အများဆုံး ဘာသာစကား ဖြစ်တဲ့ Cantonese ကို အခု Update မှာ ထည့်သွင်းပေးထားပါတယ်။ ဒါပေမယ့် Cantonese ဟာ Mandarin နဲ့များစွာ တူညီနေပြီး AI Model ကို လေ့ကျင့်ပေးဖို့ ဒေတာ ရှာရတာ ခက်ခဲတယ်လို့ Google က ပြောပါတယ်။
Ref : gsmarena