ယူကရိန္းေလယာဥ္ကြင္းကို တိုက္ခိုက္ခဲ့မႈအတြင္း SU-27 တိုက္ေလယာဥ္ ၅ စင္းကို ဖ်က္ဆီးပစ္နိုင္ခဲ့ဟု ႐ုရွား ေျပာၾကား
ယူကရိန္းနိုင္ငံ Poltava ေဒသရွိ Myrhorod ေလယာဥ္ကြင္းကို အစၥကန္ဒါ-အမ္ ဒုံးက်ည္ေတြနဲ႔ တိုက္ခိုက္ခဲ့ရာမွာ ယူကရိန္း SU-27 တိုက္ေလယာဥ္ ၅ စင္း ပ်က္စီးခဲ့သလို အျခား ႏွစ္စင္း ထိခိုက္မႈရွိခဲ့တယ္လို႔ ႐ုရွား ကာကြယ္ေရးဝန္ႀကီး႒ာနက အဂၤါေန႔(ဇူလိုင္ ၂) မွာ ေျပာဆိုပါတယ္။
ေလယာဥ္ကြင္းဆီကေန မီးခိုးလုံးေတြနဲ႔ မီးေတာက္ေတြ ထြက္ေပၚေနခဲ့တဲ့ တိုက္ခိုက္မႈ ဗီဒီယိုဖိုင္ကိုလည္း ဝန္ႀကီး႒ာနက ထုတ္ျပန္ခဲ့ပါတယ္။
ေရာက္ရွိလာေတာ့မယ့္ အေမရိကန္လုပ္ F-16 တိုက္ေလယာဥ္ ပထမအသုတ္အတြက္ ႀကိဳတင္ျပင္ဆင္မႈေတြလုပ္ေနတဲ့ ယူကရိန္း ေလယာဥ္ကြင္းေတြကို ႐ုရွားက ပစ္မွတ္ထားတိုက္ခိုက္မႈေတြ လုပ္ေနတာျဖစ္ပါတယ္။ ယင္းေလယာဥ္ေတြ ယူကရိန္းကို ေရာက္ရွိလာခဲ့ရင္ ဖ်က္ဆီးပစ္မယ္လို႔ ႐ုရွားက ႀကိမ္ဝါးထားတာလည္းျဖစ္ပါတယ္။
F-16 တိုက္ေလယာဥ္ ပထမအသုတ္ဟာ ယခုလအတြင္း ယူကရိန္းကို ေရာက္ရွိလာမယ္လို႔ ေမၽွာ္လင့္ရၿပီး F-16 ေတြနဲ႔ glide ဗုံးေတြကို ႐ုန္းကန္ေနရတဲ့ တပ္ဖြဲ႕ေတြအတြက္ တိုက္စြမ္းရည္ျမႇင့္ေပးနိုင္မယ္လို႔ ယူကရိန္းက ေမၽွာ္လင့္ထားပါတယ္။
Arab News, Kathmandu Post
========================
ယူကရိန်းလေယာဉ်ကွင်းကို တိုက်ခိုက်ခဲ့မှုအတွင်း SU-27 တိုက်လေယာဉ် ၅ စင်းကို ဖျက်ဆီးပစ်နိုင်ခဲ့ဟု ရုရှား ပြောကြား
ယူကရိန်းနိုင်ငံ Poltava ဒေသရှိ Myrhorod လေယာဉ်ကွင်းကို အစ္စကန်ဒါ-အမ် ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ရာမှာ ယူကရိန်း SU-27 တိုက်လေယာဉ် ၅ စင်း ပျက်စီးခဲ့သလို အခြား နှစ်စင်း ထိခိုက်မှုရှိခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဋ္ဌာနက အင်္ဂါနေ့(ဇူလိုင် ၂) မှာ ပြောဆိုပါတယ်။
လေယာဉ်ကွင်းဆီကနေ မီးခိုးလုံးတွေနဲ့ မီးတောက်တွေ ထွက်ပေါ်နေခဲ့တဲ့ တိုက်ခိုက်မှု ဗီဒီယိုဖိုင်ကိုလည်း ဝန်ကြီးဋ္ဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ရောက်ရှိလာတော့မယ့် အမေရိကန်လုပ် F-16 တိုက်လေယာဉ် ပထမအသုတ်အတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်နေတဲ့ ယူကရိန်း လေယာဉ်ကွင်းတွေကို ရုရှားက ပစ်မှတ်ထားတိုက်ခိုက်မှုတွေ လုပ်နေတာဖြစ်ပါတယ်။ ယင်းလေယာဉ်တွေ ယူကရိန်းကို ရောက်ရှိလာခဲ့ရင် ဖျက်ဆီးပစ်မယ်လို့ ရုရှားက ကြိမ်ဝါးထားတာလည်းဖြစ်ပါတယ်။
F-16 တိုက်လေယာဉ် ပထမအသုတ်ဟာ ယခုလအတွင်း ယူကရိန်းကို ရောက်ရှိလာမယ်လို့ မျှော်လင့်ရပြီး F-16 တွေနဲ့ glide ဗုံးတွေကို ရုန်းကန်နေရတဲ့ တပ်ဖွဲ့တွေအတွက် တိုက်စွမ်းရည်မြှင့်ပေးနိုင်မယ်လို့ ယူကရိန်းက မျှော်လင့်ထားပါတယ်။
Arab News, Kathmandu Post