ျမန္မာ့လက္ေရြးစင္ ယူ-၁၆ အသင္း ဘ႐ူနိုင္းအသင္းအား (၈)ဂိုးသြင္းယူ အနိုင္ရရွိ
ယမန္ေန႔ ဇြန္(၂၅)ရက္က ျမန္မာ့လက္ေရြးစင္ ယူ-၁၆ အသင္းအေနျဖင့္ ဘ႐ူနိုင္းအသင္းႏွင့္ အုပ္စုအဆင့္ ယွဥ္ၿပိဳင္ကစားၾကရာ ျမန္မာအသင္းက ဘ႐ူးနိုင္းအသင္းကို (၈)ဂိုးသြင္းယူနိုင္ခဲ့ေၾကာင္း သိရသည္။
အုပ္စုအဆင့္ ယွဥ္ၿပိဳင္ရမည့္အသင္း ေလးသင္းရွိသည့္အနက္ ျမန္မာအသင္းအေနျဖင့္ ႏွစ္ပြဲကစား တစ္ပြဲရႈံး တစ္ပြဲအနိုင္ရခဲ့ျခင္းျဖစ္သည္။
ယမန္ေန႔ ဘ႐ူနိုင္းႏွင့္ပြဲစဥ္အတြင္း ေက်ာ္သီဟက (၂)ဂိုး၊ သူရမင္းက (၂)ဂိုး၊ ဉာဏ္ေအာင္(၁)ဂိုး၊ ေက်ာ္ညီညီ(၁)ဂိုးႏွင့္ မ်ိဳးနႏၵေအာင္ (၂)ဂိုး အသီးသီးသြင္းယူခဲ့ၾကၿပီး ဘ႐ူနိုင္းအသင္းဘက္မွ ေခ်ပဂိုး(၁)ဂိုးသာ ျပန္လည္သြင္းယူနိုင္ခဲ့သည္။
ျမန္မာအသင္းအေနျဖင့္ အုပ္စု(B)တြင္ ကေမၻာဒီးယား၊ ဘ႐ူနိုင္းႏွင့္ ဗီယက္နမ္အသင္းတို႔ျဖင့္ က်ေရာက္ေနကာ ၊ ဇြန္လ (၂၈)ရက္ မြန္းလြဲ(၂)နာရီခြဲအခ်ိန္တြင္ ဗီယက္နမ္အသင္းႏွင့္ အုပ္စုအဆင့္ ေနာက္ဆုံးပြဲစဥ္ ကစားသြားရမည္ျဖစ္သည္။
ASEAN U-16 Boys Cham pionship 2024 ၿပိဳင္ပြဲအား အင္ဒိုနီးရွားနိုင္ငံ က အိမ္ရွင္နိုင္ငံအျဖစ္ လက္ခံ က်င္းပျပဳလုပ္ေနျခင္းျဖစ္သည္။
ၿပိဳင္ပြဲတြင္ အုပ္စုသုံးစုခြဲ ယွဥ္ၿပိဳင္ကစားေနျခင္းျဖစ္ၿပီး အုပ္စုတစ္ခုစီမွ အုပ္စု ပထမရေသာအသင္း သုံးသင္းႏွင့္ အေကာင္းဆုံး အုပ္စု ဒုတိယရေသာ အသင္းတစ္သင္း၊ စုစုေပါင္း အသင္းေလးသင္း ဆီမီးဖိုင္နယ္အဆင့္သို႔ တက္ေရာက္ကစားသြားရမည္ျဖစ္သည္။
+++++++++++++++++++
မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်း ဘရူနိုင်းအသင်းအား (၈)ဂိုးသွင်းယူ အနိုင်ရရှိ
ယမန်နေ့ ဇွန်(၂၅)ရက်က မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းအနေဖြင့် ဘရူနိုင်းအသင်းနှင့် အုပ်စုအဆင့် ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းက ဘရူးနိုင်းအသင်းကို (၈)ဂိုးသွင်းယူနိုင်ခဲ့ကြောင်း သိရသည်။
အုပ်စုအဆင့် ယှဉ်ပြိုင်ရမည့်အသင်း လေးသင်းရှိသည့်အနက် မြန်မာအသင်းအနေဖြင့် နှစ်ပွဲကစား တစ်ပွဲရှုံး တစ်ပွဲအနိုင်ရခဲ့ခြင်းဖြစ်သည်။
ယမန်နေ့ ဘရူနိုင်းနှင့်ပွဲစဉ်အတွင်း ကျော်သီဟက (၂)ဂိုး၊ သူရမင်းက (၂)ဂိုး၊ ဉာဏ်အောင်(၁)ဂိုး၊ ကျော်ညီညီ(၁)ဂိုးနှင့် မျိုးနန္ဒအောင် (၂)ဂိုး အသီးသီးသွင်းယူခဲ့ကြပြီး ဘရူနိုင်းအသင်းဘက်မှ ချေပဂိုး(၁)ဂိုးသာ ပြန်လည်သွင်းယူနိုင်ခဲ့သည်။
မြန်မာအသင်းအနေဖြင့် အုပ်စု(B)တွင် ကမ္ဘောဒီးယား၊ ဘရူနိုင်းနှင့် ဗီယက်နမ်အသင်းတို့ဖြင့် ကျရောက်နေကာ ၊ ဇွန်လ (၂၈)ရက် မွန်းလွဲ(၂)နာရီခွဲအချိန်တွင် ဗီယက်နမ်အသင်းနှင့် အုပ်စုအဆင့် နောက်ဆုံးပွဲစဉ် ကစားသွားရမည်ဖြစ်သည်။
ASEAN U-16 Boys Cham pionship 2024 ပြိုင်ပွဲအား အင်ဒိုနီးရှားနိုင်ငံ က အိမ်ရှင်နိုင်ငံအဖြစ် လက်ခံ ကျင်းပပြုလုပ်နေခြင်းဖြစ်သည်။
ပြိုင်ပွဲတွင် အုပ်စုသုံးစုခွဲ ယှဉ်ပြိုင်ကစားနေခြင်းဖြစ်ပြီး အုပ်စုတစ်ခုစီမှ အုပ်စု ပထမရသောအသင်း သုံးသင်းနှင့် အကောင်းဆုံး အုပ်စု ဒုတိယရသော အသင်းတစ်သင်း၊ စုစုပေါင်း အသင်းလေးသင်း ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်ကစားသွားရမည်ဖြစ်သည်။