တ႐ုတ္၏ လကမၻာေလ့လာေရး Chang’e-6 အာကသယာဥ္ ကမၻာေျမသို႔ ျပန္လည္ေရာက္ရွိ
(နိုင္ငံတကာ)ဇြန္ ၂၅
တ႐ုတ္၏ သမိုင္းဝင္ လကမၻာေလ့လာေရးမစ္ရွင္ လုပ္ေဆာင္ရန္ သြားေရာက္ခဲ့သည့္ Chang’e-6 အာကသယာဥ္သည္ ဇြန္လ ၂၅ ရက္ေန႔ ေဒသစံေတာ္ခ်ိန္ မြန္းလြဲပိုင္းတြင္ ကမၻာေျမသို႔ ျပန္လည္ေရာက္ရွိခဲ့ေၾကာင္းသိရသည္။
Chang’e-6 အာကသယာဥ္သည္ တ႐ုတ္နိုင္ငံေျမာက္ပိုင္း မြန္ဂိုလီယားေဒသသို႔ သတ္မွတ္ထားသည့္ေနရာသို႔ ေအာင္ျမင္စြာဆင္းသတ္ခဲ့ျခင္းျဖစ္ေၾကာင္း CCTV သတင္းဌာနမွ ေဖာ္ျပခဲ့သည္။
တ႐ုတ္အမ်ိဳးသားအာကာသစီမံကြပ္ကဲမႈအဖြဲ႕ (CNSA) အႀကီးအကဲ Zhang Kejian မွ Chang’e-6 ၏ လကမၻာေလ့လာမ်ဳခရီးစဥ္သည္ ျပည့္စုံေအာင္ျမင္ခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။
Chang’e-6 စူးစမ္းေလ့လာေရးယာဥ္သည္ လကမၻာေပၚမွ ဖုန္မႈန႔္မ်ားႏွင့္ ေက်ာက္တုံးမ်ား 2 ကီလိုဂရမ္အထိ ကမၻာေျမသို႔ ျပန္လည္သယ္ေဆာင္လာနိုင္ဖြယ္ရွိေၾကာင္း၊ တ႐ုတ္နိုင္ငံမွ သုေတသီမ်ားက ခြဲျခမ္းစိတ္ျဖာကာ ေလ့လာမႈမ်ားလုပ္ေဆာင္သြားမည္ဟုသိရသည္။
Chang’e-6 သည္ တ႐ုတ္နိုင္ငံ၏ နည္းပညာပိုင္းဆိုင္ရာ အရႈပ္ေထြးဆုံး မစ္ရွင္ျဖစ္ၿပီး ေမလ ၃ ရက္ေန႔တြင္စတင္ကာ နိုင္ငံအတြင္း စိတ္ဝင္စားမႈျမင့္တက္ခဲ့သည္။
++++++++++++++++++++
တရုတ်၏ လကမ္ဘာလေ့လာရေး Chang’e-6 အာကသယာဉ် ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိ
(နိုင်ငံတကာ)ဇွန် ၂၅
တရုတ်၏ သမိုင်းဝင် လကမ္ဘာလေ့လာရေးမစ်ရှင် လုပ်ဆောင်ရန် သွားရောက်ခဲ့သည့် Chang’e-6 အာကသယာဉ်သည် ဇွန်လ ၂၅ ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်းသိရသည်။
Chang’e-6 အာကသယာဉ်သည် တရုတ်နိုင်ငံမြောက်ပိုင်း မွန်ဂိုလီယားဒေသသို့ သတ်မှတ်ထားသည့်နေရာသို့ အောင်မြင်စွာဆင်းသတ်ခဲ့ခြင်းဖြစ်ကြောင်း CCTV သတင်းဌာနမှ ဖော်ပြခဲ့သည်။
တရုတ်အမျိုးသားအာကာသစီမံကွပ်ကဲမှုအဖွဲ့ (CNSA) အကြီးအကဲ Zhang Kejian မှ Chang’e-6 ၏ လကမ္ဘာလေ့လာမျုခရီးစဉ်သည် ပြည့်စုံအောင်မြင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
Chang’e-6 စူးစမ်းလေ့လာရေးယာဉ်သည် လကမ္ဘာပေါ်မှ ဖုန်မှုန့်များနှင့် ကျောက်တုံးများ 2 ကီလိုဂရမ်အထိ ကမ္ဘာမြေသို့ ပြန်လည်သယ်ဆောင်လာနိုင်ဖွယ်ရှိကြောင်း၊ တရုတ်နိုင်ငံမှ သုတေသီများက ခွဲခြမ်းစိတ်ဖြာကာ လေ့လာမှုများလုပ်ဆောင်သွားမည်ဟုသိရသည်။
Chang’e-6 သည် တရုတ်နိုင်ငံ၏ နည်းပညာပိုင်းဆိုင်ရာ အရှုပ်ထွေးဆုံး မစ်ရှင်ဖြစ်ပြီး မေလ ၃ ရက်နေ့တွင်စတင်ကာ နိုင်ငံအတွင်း စိတ်ဝင်စားမှုမြင့်တက်ခဲ့သည်။