ဇူလိုင္ ၁ ရက္မွစ၍ ဆန္မ်ားကို အိမ္အေရာက္ပို႔စနစ္ျဖင့္ ေရာင္းခ်မည္

လာမည့္ဇူလိုင္လ (၁) ရက္မွစတင္၍ ဆန္မ်ားကို အိမ္အေရာက္ပို႔စနစ္ျဖင့္ ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း ျမန္မာနိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ ထုတ္ျပန္ထားသည္။
ယင္းအစီအစဥ္အရ ေနျပည္ေတာ္၊ ရန္ကုန္ႏွင့္ မႏၲေလးၿမိဳ႕တို႔တြင္ သက္သာေသာေဈးႏႈန္းျဖင့္ ေပၚဆန္းဆန္မ်ားကို အိမ္အေရာက္ပို႔စနစ္ျဖင့္ ေရာင္းခ်ေပးသြားမည္ျဖစ္ၿပီး မွာယူသည့္ေန႔မွစ၍ (၃)ရက္အတြင္း အေရာက္ပို႔ေပးမည္ျဖစ္ေၾကာင္း သိရသည္။
ဆန္အမ်ိဳးအစားမ်ားႏွင့္ အိမ္အေရာက္ ေဈးႏႈန္းမ်ားမွာ ေရႊဘိုေပၚဆန္း ၁၀၈ ေပါင္ (၂၄)ျပည္ တစ္အိတ္ က်ပ္ ၁၅ ၂,၀၀၀၊ ဧရာဝတီေပၚဆန္း တစ္အိတ္ က်ပ္ ၁၃၀,၀၀ဝ ၊ ဧရာဝတီေပၚဆန္း (၁၀) ကီလို (၅) ျပည္တစ္အိတ္ က်ပ္ ၂၆, ၅၀၀ ျဖင့္ ေရာင္းခ်ေပးမည္ျဖစ္ၿပီး ေငြေပးေခ်မႈကိုလည္း KBZ Pay သို႔မဟုတ္ အျခားနည္းလမ္းျဖင့္ ေဆာင္ရြက္နိုင္ေၾကာင္း သိရသည္။
ထို႔ျပင္ မွာၾကားသည့္ ေန႔ရက္/ေငြေပးသြင္းၿပီးသည့္အခ်ိန္ကာလမွစတင္၍ အမ်ားဆုံး (၃)ရက္အတြင္း အရည္အေသြးမွန္၊ အေလးခ်ိန္မွန္ ဆန္အိတ္မ်ားကို လိပ္စာပါအတိုင္း အိမ္အေရာက္ပို႔ေပးသြားမည္ျဖစ္ေၾကာင္း၊ ေနျပည္ေတာ္၊ ရန္ကုန္ႏွင့္ မႏၲေလးၿမိဳ႕မ်ားရွိ မိဘျပည္သူမ်ားမွ အိမ္အေရာက္ပို႔စနစ္ျဖင့္ ေပၚဆန္းေမႊးဆန္မ်ား ဝယ္ယူလိုပါက Viber ဖုန္းနံပါတ္မ်ားျဖစ္သည့္ ၀၉-၄၀၀၀၆၇၂၄၀၊ ၀၉-၄၀ဝ၀၆၇၂၅ ၀၊ ၀၉-၄၀၀၀၆၇၂၆၀ ႏွင့္ အီးေမးလ္ sales@mrf.com.mm သို႔ ဆက္သြယ္မွာယူနိုင္ေၾကာင္း ေဖာ္ျပထားသည္။
အလားတူ အျခားဆန္အမ်ိဳးအစားမ်ားႏွင့္ ထုပ္ပိုးမႈပုံစံအမ်ိဳးမ်ိဳးကိုလည္း အိမ္အေရာက္ပို႔စနစ္ျဖင့္ ျဖန႔္ျဖဴးနိုင္ရန္ စီစဥ္ေဆာင္ရြက္ေနၿပီး တိုးခ်ဲ႕ေဆာင္ရြက္နိုင္ရန္လည္း စီစဥ္ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။
သတ္မွတ္ေဈးႏႈန္းမ်ားသည္ ရည္ညႊန္းေဈးမ်ားႏွင့္အညီ သင့္တင့္မၽွတေသာ ေဈးႏႈန္းမ်ားျဖစ္ၿပီး ထပ္မံေလၽွာ့ခ်နိုင္ေရးေဆာင္ရြက္ေနၿပီး ယခုအစီအစဥ္အား စဥ္ဆက္မျပတ္ ေဆာင္ရြက္သြားမည္ျဖစ္သည့္အတြက္ အမွန္လိုအပ္မႈအတြက္သာ မွာယူၾကရန္လည္း ေမတၱာရပ္ခံထားသည္။

+++++++++++++++++

ဇူလိုင် ၁ ရက်မှစ၍ ဆန်များကို အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချမည်
============================

လာမည့်ဇူလိုင်လ (၁) ရက်မှစတင်၍ ဆန်များကို အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။
ယင်းအစီအစဉ်အရ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် သက်သာသောဈေးနှုန်းဖြင့် ပေါ်ဆန်းဆန်များကို အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး မှာယူသည့်နေ့မှစ၍ (၃)ရက်အတွင်း အရောက်ပို့ပေးမည်ဖြစ်ကြောင်း သိရသည်။
ဆန်အမျိုးအစားများနှင့် အိမ်အရောက် ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း ၁၀၈ ပေါင် (၂၄)ပြည် တစ်အိတ် ကျပ် ၁၅ ၂,၀၀၀၊ ဧရာဝတီပေါ်ဆန်း တစ်အိတ် ကျပ် ၁၃၀,၀၀ဝ ၊ ဧရာဝတီပေါ်ဆန်း (၁၀) ကီလို (၅) ပြည်တစ်အိတ် ကျပ် ၂၆, ၅၀၀ ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး ငွေပေးချေမှုကိုလည်း KBZ Pay သို့မဟုတ် အခြားနည်းလမ်းဖြင့် ဆောင်ရွက်နိုင်ကြောင်း သိရသည်။
ထို့ပြင် မှာကြားသည့် နေ့ရက်/ငွေပေးသွင်းပြီးသည့်အချိန်ကာလမှစတင်၍ အများဆုံး (၃)ရက်အတွင်း အရည်အသွေးမှန်၊ အလေးချိန်မှန် ဆန်အိတ်များကို လိပ်စာပါအတိုင်း အိမ်အရောက်ပို့ပေးသွားမည်ဖြစ်ကြောင်း၊ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များရှိ မိဘပြည်သူများမှ အိမ်အရောက်ပို့စနစ်ဖြင့် ပေါ်ဆန်းမွှေးဆန်များ ဝယ်ယူလိုပါက Viber ဖုန်းနံပါတ်များဖြစ်သည့် ၀၉-၄၀၀၀၆၇၂၄၀၊ ၀၉-၄၀ဝ၀၆၇၂၅ ၀၊ ၀၉-၄၀၀၀၆၇၂၆၀ နှင့် အီးမေးလ် sales@mrf.com.mm သို့ ဆက်သွယ်မှာယူနိုင်ကြောင်း ဖော်ပြထားသည်။
အလားတူ အခြားဆန်အမျိုးအစားများနှင့် ထုပ်ပိုးမှုပုံစံအမျိုးမျိုးကိုလည်း အိမ်အရောက်ပို့စနစ်ဖြင့် ဖြန့်ဖြူးနိုင်ရန် စီစဉ်ဆောင်ရွက်နေပြီး တိုးချဲ့ဆောင်ရွက်နိုင်ရန်လည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတ်မှတ်ဈေးနှုန်းများသည် ရည်ညွှန်းဈေးများနှင့်အညီ သင့်တင့်မျှတသော ဈေးနှုန်းများဖြစ်ပြီး ထပ်မံလျှော့ချနိုင်ရေးဆောင်ရွက်နေပြီး ယခုအစီအစဉ်အား စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် အမှန်လိုအပ်မှုအတွက်သာ မှာယူကြရန်လည်း မေတ္တာရပ်ခံထားသည်။