ပါတီဝင်များအနေဖြင့် ပါတီအောင်နိုင်ရေးအတွက် အမြဲတမ်း တွေးတောကြံဆ ကြိုးစားရန်၊နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးအတွက် ဝိုင်းဝန်း​ဆောင်ရွက်ရန်ပါတီဒုတိယဥက္ကဋ္ဌဦးလှထွန်းမှာကြား

မန္တလေး ဇွန် ၁၄
၁၄-၆-၂၀၂၄ ရက်နေ့ တွင်
ဒုတိယဥက္ကဋ္ဌဦးလှထွန်းမှ နှုတ်ခွန်း ဆက်စကား ပြောကြားခဲ့ကာ နိုင်ငံတော်၏ သမိုင်းကြောင်း အခြေ အနေများ၊ပြည်ခိုင်ဖြိုးအသင်းကာလနှင့် ပြည်ခိုင်ဖြိုးပါတီကာလ ဆောင်ရွက်ခဲ့မှုများ၊ပြည်ခိုင်ဖြိုးပါတီဝင်များမှ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့၊တိုင်းပြည် အေးချမ်းတည်ငြိမ်ဖို့၊တိုင်းပြည် ကမ္ဘာ့အလယ်မှာ တင့်တယ်စွာရပ်တည်နိုင်ဖို့ အန္တိမရည်မှန်းချက်ထားကာ ဆောင်ရွက်​နေမှုများအား ရှင်းလင်းပြောကြားခဲ့ပါသည်။
၎င်းနောက် ပါတီဗဟိုအလုပ်အမှု ဆောင်၊တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးက ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပါတီဝင်အားလုံး ကြိုးစားဆောင်ရွက်ရေး၊ဖြတ်သန်းခဲ့သော ရွေးကောက်ပွဲများမှ ရရှိခဲ့သော အတွေ့အကြုံ၊သင်ခန်းစာများကို အခြေခံကာ အောင်မြင်အောင် ဆောင်ရွက်ရေး၊ပါတီဗဟိုဌာနချုပ်မှ လမ်းညွှန်ထားသည့် အသွင်သစ်ဖြင့် ဆက်ဆံရေး၊တန်းတူရည်တူ ဆက်ဆံရေး၊အစိမ်းရောင် စီမံချက်၊ပြည့်မဏ္ဍိုင် ဖောင်ဒေးရှင်း ဖွဲ့စည်းရေး လုပ်ငန်းစဉ်များအား အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရေး ရှင်းလင်းပြောကြားခဲ့ပြီး လာမည့်ရွေးကောက်ပွဲတွင် ကျင့်သုံးမည့် PR စနစ်အကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
၎င်းနောက် ဒုတိယဥက္ကဋ္ဌမှနိဂုံးချုပ်အနေဖြင့် ပါတီဝင်များအနေဖြင့် ပါတီအောင်နိုင်ရေးအတွက် အမြဲတမ်း တွေးတောကြံဆ ကြိုးစားရန်၊နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးအတွက် ဝိုင်းဝန်း​ဆောင်ရွက်ရန်၊​ပါတီအောင်နိုင်ရေးအခြေအနေနှင့်ပတ်သက်၍ လစဉ် Mapping ရေးဆွဲပြီး သုံးသပ်ဆောင်ရွက်ရန်၊ရပ်ကျေးကဏ္ဍ မြှင့်တင်ရေး ဆောင်ရွက်ကြရန်၊ပါတီအောင်နိုင်ရေးအတွက် အားလုံးတက်ညီလက်ညီဖြင့် ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ပြီး တွေ့ဆုံပွဲ အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။

++++++++++++++++++++++++++++++++++++++++++++

ပါတီဝင်များအနေဖြင့် ပါတီအောင်နိူင်ရေးအတွက် အမြဲတမ်း တွေးတောကြံဆ ကြိုးစားရန်၊နိူင်ငံတော် တည်ငြိမ်အေးချမ်းရေးအတွက် ဝိုင်းဝန်း​ဆောင်ရွက်ရန်ပါတီဒုတိယဥက္ကဋ္ဌဦးလှထွန်းမှာကြား
=============================
မန္တလေး ဇွန် ၁၄
၁၄-၆-၂၀၂၄ ရက်နေ့ တွင်
မန္တလေးတိုင်းဒေ သကြီး ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ ၌ပါတီဒုတိယဥက္ကဌဦးလှထွန်းနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ရာဗဟိုအလုပ်အမှုဆောင်၊မန္တလေး တိုင်းဒေသကြီးပေါင်းစပ်ညှိနှိုင်းရေးမှုး ဒေါက်တာမောင်သင်း၊ပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေး တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊တိုင်းဒေသကြီးပါတီအတွင်းရေးမှုး ဦးညွန့်ဆောင်၊ဘဏ္ဍာရေးမှုး ဒေါ်သိင်္ဂီအောင်နှင့်တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ခရိုင်/မြို့နယ်ဥက္ကဋ္ဌများ၊အတွင်းရေးမှူးများ၊လူငယ်နှင်ံ့အမျိုးသမီးပါတီဝင်များတက်ရောက်ခဲ့ကြပါသည်။
ဒုတိယဥက္ကဋ္ဌဦးလှထွန်းမှ နှုတ်ခွန်း ဆက်စကား ပြောကြားခဲ့ကာ နိူင်ငံတော်၏ သမိုင်းကြောင်း အခြေ အနေများ၊ပြည်ခိုင်ဖြိုးအသင်းကာလနှင့် ပြည်ခိုင်ဖြိုးပါတီကာလ ဆောင်ရွက်ခဲ့မှုများ၊ပြည်ခိုင်ဖြိုးပါတီဝင်များမှ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့၊တိုင်းပြည် အေးချမ်းတည်ငြိမ်ဖို့၊တိုင်းပြည် ကမ္ဘာ့အလယ်မှာ တင့်တယ်စွာရပ်တည်နိူင်ဖို့ အန္တိမရည်မှန်းချက်ထားကာ ဆောင်ရွက်​နေမှုများအား ရှင်းလင်းပြောကြားခဲ့ပါသည်။
၎င်းနောက် ပါတီဗဟိုအလုပ်အမှု ဆောင်၊တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးက ရွေးကောက်ပွဲ အောင်နိူင်ရေးအတွက် ပါတီဝင်အားလုံး ကြိုးစားဆောင်ရွက်ရေး၊ဖြတ်သန်းခဲ့သော ရွေးကောက်ပွဲများမှ ရရှိခဲ့သော အတွေ့အကြုံ၊သင်ခန်းစာများကို အခြေခံကာ အောင်မြင်အောင် ဆောင်ရွက်ရေး၊ပါတီဗဟိုဌာနချုပ်မှ လမ်းညွှန်ထားသည့် အသွင်သစ်ဖြင့် ဆက်ဆံရေး၊တန်းတူရည်တူ ဆက်ဆံရေး၊အစိမ်းရောင် စီမံချက်၊ပြည့်မဏ္ဍိုင် ဖောင်ဒေးရှင်း ဖွဲ့စည်းရေး လုပ်ငန်းစဥ်များအား အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရေး ရှင်းလင်းပြောကြားခဲ့ပြီး လာမည့်ရွေးကောက်ပွဲတွင် ကျင့်သုံးမည့် PR စနစ်အကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေး တိုင်းဒေသကြီး ပေါင်းစပ်ညှိနှိုင်းရေးမှုး ဒေါက်တာမောင်သင်းက ပြည်ခိုင်ဖြိုးပါတီသည် လောကကောင်းကျိုး သယ်ပိုးလိုသူများနှင့် ဖွဲ့စည်းထားသည့် ပါတီဖြစ် ကြောင်း၊နိုင်ငံကိုကာကွယ်ရန်ပါတီဝင်တိုင်း၊နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်ပါတီဥက္ကဌများက နယ်မြေဒေသအခြေအနေများ၊ပါတီလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများအား တင်ပြခဲ့ကြပါသည်။
၎င်းနောက် ဒုတိယဥက္ကဋ္ဌမှနိဂုံးချုပ်အနေဖြင့် ပါတီဝင်များအနေဖြင့် ပါတီအောင်နိူင်ရေးအတွက် အမြဲတမ်း တွေးတောကြံဆ ကြိုးစားရန်၊နိူင်ငံတော် တည်ငြိမ်အေးချမ်းရေးအတွက် ဝိုင်းဝန်း​ဆောင်ရွက်ရန်၊​ပါတီအောင်နိူင်ရေးအခြေအနေနှင့်ပတ်သက်၍ လစဥ် Mapping ရေးဆွဲပြီး သုံးသပ်ဆောင်ရွက်ရန်၊ရပ်ကျေးကဏ္ဍ မြှင့်တင်ရေး ဆောင်ရွက်ကြရန်၊ပါတီအောင်နိူင်ရေးအတွက် အားလုံးတက်ညီလက်ညီဖြင့် ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ပြီး တွေ့ဆုံပွဲ အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။