ONE တြင္ ပြဲဦးထြက္ နိုင္ပြဲရထားသည့္ ရိုးရာဖိုက္တာ မိုးထက္ေအာင္ ဒုတိယအႀကိမ္ ထပ္မံ ထိုးသ-တ္မည္
ONE Championship တြင္ ပြဲဦးထြက္အနိုင္ရထားသည့္ ရိုးရာဖိုက္တာ မိုက္ထက္ေအာင္အေနျဖင့္ ယခုလဇြန္(၁၄) ရက္တြင္ ေနာက္ထပ္ဂ်ပန္နိုင္ငံသားတစ္ဦးႏွင့္ ယွဥ္ၿပိဳင္ထိုးသ-တ္သြားမည္ျဖစ္သည္။
အဆိုပါ ပြဲစဥ္တြင္ ရိုးရာဖိုက္တာ မိုးထက္ေအာင္ႏွင့္ ဂ်ပန္နိုင္ငံသားဖိုက္တာတို႔မွာ (၆၃)ကီလိုတန္းတြင္ သုံးမိနစ္ထိုး တစ္မိနစ္နား သုံးခ်ီ စနစ္ျဖင့္ ယွဥ္ၿပိဳင္ထိုးသ-တ္သြားရမည္ျဖစ္သည္။
လက္ရွိတြင္ ၿပိဳင္ဘက္ ဂ်ပန္နိုင္ငံသား၏ အမည္ကို ONE ဘက္က အသိေပးျခင္းမရွိေသးေသာ္လည္း ဝိတ္န္းတူး ဖိုက္တာေကာင္းတစ္ဦးျဖစ္မည္ဟု ေမၽွာ္လင့္ထားေၾကာင့္ ရိုးရာလက္ေဝွ႕ ဝါသနာရွင္မ်ားက သုံးသပ္ထားသည္။
ၿပီးခဲ့သည့္ မတ္လ (၂၉)ရက္ ညပိုင္းတြင္ က်င္းပသည့္ One Friday Fight ပြဲစဥ္တစ္ခုတြင္ ျမန္မာဖိုက္တာ မိုးထက္ေအာင္သည္ ၿပိဳင္ဖက္ဂ်ပန္နိုင္ငံသား ဖိုက္တာ မာ႐ုယာမကို အလဲထိုးအနိုင္ရယူထားျခင္းျဖစ္သည္။
အဆိုပါ ပြဲစဥ္တြင္ ရိုးရာဖိုက္တာ မိုက္ထက္ေအာင္မွာ အလဲထိုးအနိုင္ယူခဲ့သည့္အတြက္ ထိုးေၾကးအျပင္ ေဘာနပ္ဆုေၾကး ဘတ္ (၃) သိန္းခြဲကိုပါ ရရွိခဲ့ျခင္းျဖစ္သည္။
ယင္း မတ္လ(၂၉)ရက္ ပြဲစဥ္အတြင္း ရိုးရာဖိုက္တာ သံမဏိ စိုးလင္းဦး၏ ပြဲစဥ္လည္း ပါဝင္ခဲ့ၿပီး၊ ပြဲစဥ္ႏွစ္ခုလုံး ၿပိဳင္ဘက္မ်ားအား အလဲထိုးျဖင့္ အနိုင္ရရွိခဲ့ျခင္းျဖစ္ကာ ခ်က္ထရီက ေပးအပ္သည့္ဘတ္ေငြ သုံးသိန္းခြဲအား ရရွိခဲ့သည္။
====
ONE တွင် ပွဲဦးထွက် နိုင်ပွဲရထားသည့် ရိုးရာဖိုက်တာ မိုးထက်အောင် ဒုတိယအကြိမ် ထပ်မံ ထိုးသ-တ်မည်
ONE Championship တွင် ပွဲဦးထွက်အနိုင်ရထားသည့် ရိုးရာဖိုက်တာ မိုက်ထက်အောင်အနေဖြင့် ယခုလဇွန်(၁၄) ရက်တွင် နောက်ထပ်ဂျပန်နိုင်ငံသားတစ်ဦးနှင့် ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်သည်။
အဆိုပါ ပွဲစဉ်တွင် ရိုးရာဖိုက်တာ မိုးထက်အောင်နှင့် ဂျပန်နိုင်ငံသားဖိုက်တာတို့မှာ (၆၃)ကီလိုတန်းတွင် သုံးမိနစ်ထိုး တစ်မိနစ်နား သုံးချီ စနစ်ဖြင့် ယှဉ်ပြိုင်ထိုးသ-တ်သွားရမည်ဖြစ်သည်။
လက်ရှိတွင် ပြိုင်ဘက် ဂျပန်နိုင်ငံသား၏ အမည်ကို ONE ဘက်က အသိပေးခြင်းမရှိသေးသော်လည်း ဝိတ်န်းတူး ဖိုက်တာကောင်းတစ်ဦးဖြစ်မည်ဟု မျှော်လင့်ထားကြောင့် ရိုးရာလက်ဝှေ့ ဝါသနာရှင်များက သုံးသပ်ထားသည်။
ပြီးခဲ့သည့် မတ်လ (၂၉)ရက် ညပိုင်းတွင် ကျင်းပသည့် One Friday Fight ပွဲစဉ်တစ်ခုတွင် မြန်မာဖိုက်တာ မိုးထက်အောင်သည် ပြိုင်ဖက်ဂျပန်နိုင်ငံသား ဖိုက်တာ မာရုယာမကို အလဲထိုးအနိုင်ရယူထားခြင်းဖြစ်သည်။
အဆိုပါ ပွဲစဉ်တွင် ရိုးရာဖိုက်တာ မိုက်ထက်အောင်မှာ အလဲထိုးအနိုင်ယူခဲ့သည့်အတွက် ထိုးကြေးအပြင် ဘောနပ်ဆုကြေး ဘတ် (၃) သိန်းခွဲကိုပါ ရရှိခဲ့ခြင်းဖြစ်သည်။
ယင်း မတ်လ(၂၉)ရက် ပွဲစဉ်အတွင်း ရိုးရာဖိုက်တာ သံမဏိ စိုးလင်းဦး၏ ပွဲစဉ်လည်း ပါဝင်ခဲ့ပြီး၊ ပွဲစဉ်နှစ်ခုလုံး ပြိုင်ဘက်များအား အလဲထိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ကာ ချက်ထရီက ပေးအပ်သည့်ဘတ်ငွေ သုံးသိန်းခွဲအား ရရှိခဲ့သည်။