ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီဌာနခ်ဳပ္တြင္ ပဥၥမအႀကိမ္ေျမာက္ “စာဖတ္ရွိန္ျမႇင့္တင္ေရး(Book Review Section)” အစီအစဥ္က်င္းပျပဳလုပ္
ေမ ၃၁၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီသည္ ပဥၥမအႀကိမ္ေျမာက္ “စာဖတ္ရွိန္ျမႇင့္တင္ေရး(Book Review Section)” အစီအစဥ္ကို ၂၀၂၄ ခုႏွစ္၊ ေမလ (၃၁)ရက္ေန႔ နံနက္ ၀၉၃၀ အခ်ိန္တြင္ ပါတီဌာနခ်ဳပ္ရွိ စာၾကည့္တိုက္၌ က်င္းပျပဳလုပ္ခဲ့ပါသည္။
အဆိုပါ စာဖတ္ရွိန္ျမႇင့္တင္ေရး(Book Review Section) တြင္ အလုပ္သမားေရးရာဌာနမွ ဌာနမႉး ေဒၚခိုင္သူဇာဝင္းက “အမ်ားအားျဖင့္ တစ္ျပည္လုံးတြင္ သာယာမည္” စာအုပ္ႏွင့္ ဗဟိုလုပ္ငန္းစိစစ္ေရးေကာ္မတီဌာနမႉး ဦးဉာဏ္မင္းက “စည္း႐ုံးေရး၊ ပါတီေလ့က်င့္ေရး၊ ပါတီတြင္းဒီမိုကေရစီေကဒါမ်ား” စာအုပ္တို႔အားတင္ျပေဆြးေႏြးခဲ့ၾကပါသည္။ ေဆြးေႏြးခ်က္မ်ားႏွင့္ စပ္လ်ဥ္း၍ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ား၊ ဌာနခ်ဳပ္မႉးႏွင့္ ဌာနမႉးမ်ားက ျပန္လည္ေဆြးေႏြးခဲ့ပါသည္။ ထို႔ေနာက္ ပါတီဒုတိယဥကၠ႒ ဦးလွထြန္းက ေဆြးေႏြးခ်က္မ်ားႏွင့္စပ္လ်ဥ္း၍ လိုအပ္သည္မ်ားအား ျဖည့္စြက္ေဆြးေႏြးေပးခဲ့ၿပီး ပါတီဒုတိယဥကၠ႒ ဦးျမတ္ဟိန္းက နိဂုံးခ်ဳပ္အမွာစကားေျပာၾကားကာ တင္ျပေဆြးေႏြးသူႏွစ္ဦးအား အမွတ္တရလက္ေဆာင္စာအုပ္မ်ား ေပးအပ္ခဲ့ပါသည္။
အဆိုပါ စာဖတ္ရွိန္ျမႇင့္တင္ေရး(Book Review Section) ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဒုတိယဥကၠ႒မ်ားျဖစ္ၾကသည့္ ဦးျမတ္ဟိန္း၊ ဦးလွထြန္း၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ား၊ ပါတီဌာနခ်ဳပ္မႉးႏွင့္ ဌာနမႉးမ်ား၊ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ပါသည္။
=========
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် ပဉ္စမအကြိမ်မြောက် “စာဖတ်ရှိန်မြှင့်တင်ရေး(Book Review Section)” အစီအစဉ်ကျင်းပပြုလုပ်
====================================================
မေ ၃၁၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ပဉ္စမအကြိမ်မြောက် “စာဖတ်ရှိန်မြှင့်တင်ရေး(Book Review Section)” အစီအစဉ်ကို ၂၀၂၄ ခုနှစ်၊ မေလ (၃၁)ရက်နေ့ နံနက် ၀၉၃၀ အချိန်တွင် ပါတီဌာနချုပ်ရှိ စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး(Book Review Section) တွင် အလုပ်သမားရေးရာဌာနမှ ဌာနမှူး ဒေါ်ခိုင်သူဇာဝင်းက “အများအားဖြင့် တစ်ပြည်လုံးတွင် သာယာမည်” စာအုပ်နှင့် ဗဟိုလုပ်ငန်းစိစစ်ရေးကော်မတီဌာနမှူး ဦးဉာဏ်မင်းက “စည်းရုံးရေး၊ ပါတီလေ့ကျင့်ရေး၊ ပါတီတွင်းဒီမိုကရေစီကေဒါများ” စာအုပ်တို့အားတင်ပြဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ဗဟိုကော်မတီဝင်များ၊ ဌာနချုပ်မှူးနှင့် ဌာနမှူးများက ပြန်လည်ဆွေးနွေးခဲ့ပါသည်။ ထို့နောက် ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်းက ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးပေးခဲ့ပြီး ပါတီဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းက နိဂုံးချုပ်အမှာစကားပြောကြားကာ တင်ပြဆွေးနွေးသူနှစ်ဦးအား အမှတ်တရလက်ဆောင်စာအုပ်များ ပေးအပ်ခဲ့ပါသည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး(Book Review Section) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ ပါတီဌာနချုပ်မှူးနှင့် ဌာနမှူးများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။