ဗီယက္နမ္ က လုံျခဳံေရးဝန္ႀကီးကို သမၼတသစ္အျဖစ္ ေရြးေကာက္တင္ေျမႇာက္
ဗီယက္နမ္လႊတ္ေတာ္ က ယခင္ျပည္သူ႔လုံျခဳံေရးဝန္ႀကီး တိုလမ္ ကို သမၼတသစ္အျဖစ္ ေရြးေကာက္တင္ေျမႇာက္လိုက္ပါတယ္။ တိုလမ္ က ကြန္ျမဴနစ္ပါတီရဲ့ စည္းကမ္းေတြကို ခ်ိဳးေဖာက္လို႔ဆိုကာ ရာထူးက ႏုတ္ထြက္ခဲ့ရတဲ့ ဗိုဗန္ေသာင္ ေနရာကို သူက အစားထိုးဝင္ေရာက္မွာ ျဖစ္ပါတယ္။
နိုင္ငံရဲ့ သမၼတေလာင္းအျဖစ္ စေနေန႔မွာ ကြန္ျမဴနစ္ပါတီ က အတည္ျပဳခဲ့ၿပီးေနာက္မွာ ဗီယက္နမ္လႊတ္ေတာ္အမတ္ေတြက တိုလမ္ ကို သမၼတအျဖစ္ အတည္ျပဳ မဲေပးခဲ့ၾကတာျဖစ္ေၾကာင္း အစိုးရထုတ္ျပန္ခ်က္ က ေဖာ္ျပပါတယ္။
မစၥတာ တိုလမ္ က အရင္တုန္းက ျပည္သူ႔လုံျခဳံေရးဝန္ႀကီးအျဖစ္တာဝန္ယူခဲ့ၿပီး သမၼတအျဖစ္ ဝင္ေရာက္မယွဥ္ၿပိဳင္မီ က အဲဒီ ရာထူးကေနႏုတ္ထြက္ခဲ့ပါတယ္။
ဗီယက္နမ္နိုင္ငံရဲ့ တစ္ပါတီစနစ္မွာ သမၼတေနရာက အာဏာႀကီးမားတဲ့ရာထူး ေလးခုထဲက တစ္ခုျဖစ္ေၾကာင္းသိရပါတယ္။ အျခားအေရးပါတဲ့ ေနရာေတြကို တာဝန္ယူထားသူေတြကေတာ့ ကြန္ျမဴနစ္ပါတီ အေထြေထြအတြင္းေရးမႉး ငုရင္ဖုထေရာင္၊ ဝန္ႀကီးခ်ဳပ္ ဖန္မင္ခ်င္နဲ႔ ျပည္သူ႔လႊတ္ေတာ္ဥကၠဌ ေဗာင္ဒင္ဟူး တို႔ျဖစ္ၾကပါတယ္။
မစၥတာ တိုလမ္ က ကြန္ျမဴနစ္စနစ္နိုင္ငံမွာ ဩဇာအႀကီးမားဆုံးေနရာျဖစ္တဲ့ ပါတီအေထြေထြအတြင္းေရးမႉးေနရာကို ဝင္ေရာက္နိုင္သူအျဖစ္လည္း သုံးသပ္ၾကပါတယ္။
တိုလမ္ကို ၁၉၅၇ ခုႏွစ္ က ေျမာက္ပိုင္းက ဟြန္ယန္ ျပည္နယ္မွာေမြးဖြားခဲ့ၿပီး ၁၉၇၄ မွ ၁၉၇၉ ခုႏွစ္ အထိ ျပည္သူ႔လုံျခဳံေရးအကယ္ဒမီမွာ ပညာသင္ၾကားခဲ့ကာ ဘြဲ႕ရရွိၿပီးေနာက္ ၁၉၇၉ ၊ ဇူလိုင္မွာပဲ ျပည္သူ႔လုံျခဳံေရးဝန္ႀကီးဌာနမွာ စတင္တာဝန္ ထမ္းေဆာင္ခဲ့ပါတယ္။
၂၀၁၀ ခုႏွစ္ ဩဂုတ္လမွာ လက္ေထာက္ျပည္သူ႔လုံျခဳံေရးဝန္ႀကီးအျဖစ္ ခန႔္အပ္ခံခဲ့ရကာ ၂၀၁၆ ဧၿပီလမွာ ဝန္ႀကီးျဖစ္လာခဲ့ပါတယ္။
-Ref: AA
=======
ဗီယက်နမ် က လုံခြုံရေးဝန်ကြီးကို သမ္မတသစ်အဖြစ် ရွေးကောက်တင်မြှောက်
ဗီယက်နမ်လွှတ်တော် က ယခင်ပြည်သူ့လုံခြုံရေးဝန်ကြီး တိုလမ် ကို သမ္မတသစ်အဖြစ် ရွေးကောက်တင်မြှောက်လိုက်ပါတယ်။ တိုလမ် က ကွန်မြူနစ်ပါတီရဲ့ စည်းကမ်းတွေကို ချိုးဖောက်လို့ဆိုကာ ရာထူးက နုတ်ထွက်ခဲ့ရတဲ့ ဗိုဗန်သောင် နေရာကို သူက အစားထိုးဝင်ရောက်မှာ ဖြစ်ပါတယ်။
နိုင်ငံရဲ့ သမ္မတလောင်းအဖြစ် စနေနေ့မှာ ကွန်မြူနစ်ပါတီ က အတည်ပြုခဲ့ပြီးနောက်မှာ ဗီယက်နမ်လွှတ်တော်အမတ်တွေက တိုလမ် ကို သမ္မတအဖြစ် အတည်ပြု မဲပေးခဲ့ကြတာဖြစ်ကြောင်း အစိုးရထုတ်ပြန်ချက် က ဖော်ပြပါတယ်။
မစ္စတာ တိုလမ် က အရင်တုန်းက ပြည်သူ့လုံခြုံရေးဝန်ကြီးအဖြစ်တာဝန်ယူခဲ့ပြီး သမ္မတအဖြစ် ဝင်ရောက်မယှဉ်ပြိုင်မီ က အဲဒီ ရာထူးကနေနုတ်ထွက်ခဲ့ပါတယ်။
ဗီယက်နမ်နိုင်ငံရဲ့ တစ်ပါတီစနစ်မှာ သမ္မတနေရာက အာဏာကြီးမားတဲ့ရာထူး လေးခုထဲက တစ်ခုဖြစ်ကြောင်းသိရပါတယ်။ အခြားအရေးပါတဲ့ နေရာတွေကို တာဝန်ယူထားသူတွေကတော့ ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး ငုရင်ဖုထရောင်၊ ဝန်ကြီးချုပ် ဖန်မင်ချင်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဗောင်ဒင်ဟူး တို့ဖြစ်ကြပါတယ်။
မစ္စတာ တိုလမ် က ကွန်မြူနစ်စနစ်နိုင်ငံမှာ ဩဇာအကြီးမားဆုံးနေရာဖြစ်တဲ့ ပါတီအထွေထွေအတွင်းရေးမှူးနေရာကို ဝင်ရောက်နိုင်သူအဖြစ်လည်း သုံးသပ်ကြပါတယ်။
တိုလမ်ကို ၁၉၅၇ ခုနှစ် က မြောက်ပိုင်းက ဟွန်ယန် ပြည်နယ်မှာမွေးဖွားခဲ့ပြီး ၁၉၇၄ မှ ၁၉၇၉ ခုနှစ် အထိ ပြည်သူ့လုံခြုံရေးအကယ်ဒမီမှာ ပညာသင်ကြားခဲ့ကာ ဘွဲ့ရရှိပြီးနောက် ၁၉၇၉ ၊ ဇူလိုင်မှာပဲ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှာ စတင်တာဝန် ထမ်းဆောင်ခဲ့ပါတယ်။
၂၀၁၀ ခုနှစ် ဩဂုတ်လမှာ လက်ထောက်ပြည်သူ့လုံခြုံရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရကာ ၂၀၁၆ ဧပြီလမှာ ဝန်ကြီးဖြစ်လာခဲ့ပါတယ်။
-Ref: AA