======
လီဗာပူးနည်းပြရာထူးကို လျစ်လျူရှုရန်ခက်ခဲသည်ဟု အာနီဆလော့ ပြော
လီဗာပူးနည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရပြီးနောက် နည်းပြအာနီဆလော့က ကမ္ဘာ့အကြီးဆုံးကလပ်တွေထဲက တစ်သင်းမှာ အလုပ်လုပ်ဖို့အခွင့်အရေးကို လျစ်လျူရှုဖို့ခက်ခဲတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ လီဗာပူအသင်းဟာ အသင်းကနေထွက်ခွာသွားတဲ့ နည်းပြကလော့ပ်နေရာမှာ ဖီယင်နုနည်းပြဆလော့ကို အစားထိုးခန့်အပ်လိုက်တယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒါကြောင့် လီဗာပူးနည်းပြသစ်ဆလော့ဟာ အသင်းကို ၂၀၂၄ ဇွန်လ(၁)ရက်မှာ အသင်းကိုစတင်ကိုင်တွယ်မှာဖြစ်ပါတယ်။ ဆလော့ကို နည်းပြခန့်အပ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးနောက် တိုက်စစ်မှူးဆာလက်ကလည်း လာမည့်ရာသီအန်ဖီးလ်မှာ ဆက်နေဖွယ်ရှိပါတယ်။