အာရွေဘာလုံးအဖြဲ႕ခ်ဳပ္၏ ဂုဏ္ထူးေဆာင္ စြမ္းေဆာင္ရည္ ထူးခၽြန္ဆု ဦးေဇာ္ေဇာ္ ခ်ီးျမႇင့္ျခင္းခံရ
အာရွေဘာလုံးအဖြဲ႕ခ်ဳပ္၏ ဂုဏ္ထူးေဆာင္ စြမ္းေဆာင္ရည္ထူးခၽြန္ဆုတစ္ခုကို ျမန္မာနိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ ဥကၠ႒ ဦးေဇာ္ေဇာ္အား ခ်ီးျမႇင့္ခဲ့ေၾကာင္း သိရသည္။
ယေန႔ ေမလ(၁၆) ရက္တြင္ ထိုင္းနိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕၌ က်င္းပျပဳလုပ္သည့္ (၃၄) ႀကိမ္ေျမာက္ အာရွေဘာလုံးအဖြဲ႕ခ်ဳပ္ ညီလာခံတြင္ ခ်ီးျမႇင့္ခဲ့ျခင္းျဖစ္သည္။
ခ်ီးျမႇင့္ခံရသည့္ ဆုတံဆိပ္သည္ အာရွေဒသ ေဘာလုံးအားကစား ဖြံ့ၿဖိဳးတိုးတက္ေရးအတြက္ စိတ္အားထက္သန္စြာ မဆုတ္မနစ္ ထမ္းရြက္မႈမ်ား၊ ေဘာလုံးအားကစားႏွင့္အတူ လူ႔အဖြဲ႕အစည္းေကာင္းက်ိဳးအတြက္ ထူးခၽြန္စြာေဆာင္ရြက္ခဲ့မႈမ်ားအတြက္ ဂုဏ္ျပဳေပးအပ္သည့္ ဂုဏ္ထူးေဆာင္စြမ္းေဆာင္ရည္ထူးခၽြန္ဆုျဖစ္သည္။
ကိုဗစ္ကာလအတြင္း ရန္ကုန္ႏွင့္ မႏၲေလးတြင္ အထူးၾကပ္မတ္ ကုသေဆး႐ုံမ်ား ေဆာက္လုပ္ၿပီး လူနာမ်ားကို ေစာင့္ေရွာက္ေပးျခင္း၊ အခမဲ့စစ္ေဆးမႈ ျပဳလုပ္ေပးျခင္းမ်ားအျပင္ အာရွေဘာလုံးအားကစား တိုးတက္ေရးေဆာင္ရြက္မႈမ်ားေၾကာင့္ ယခုကဲ့သို႔ ဂုဏ္ထူးေဆာင္ စြမ္းေဆာင္ရည္ထူး ခၽြန္ဆု ေပးအပ္ျခင္းျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ ဦးေဇာ္ေဇာ္သည္ အာရွေဘာလုံး အဖြဲ႕ခ်ဳပ္၏ Senior Vice President အျဖစ္တာဝန္ယူ ေဆာင္ရြက္ေနၿပီး AFC Social Responsibility ေကာ္မတီ ဥကၠ႒ အျဖစ္လည္း ေကာင္း၊ AFC Dream Asia Foundation ဘုတ္အဖြဲ႕ဝင္ တစ္ဦးအျဖစ္လည္းေကာင္း၊ အာရွေဘာလုံးအဖြဲ႕ခ်ဳပ္၏ လူမႈေရးလုပ္ငန္းစဥ္မ်ားတြင္ တာဝန္ယူေဆာင္ရြက္လ်က္ရွိသည္။
=======
အာရှဘောလုံးအဖွဲ့ချုပ်၏ ဂုဏ်ထူးဆောင် စွမ်းဆောင်ရည် ထူးချွန်ဆု ဦးဇော်ဇော် ချီးမြှင့်ခြင်းခံရ
အာရှဘောလုံးအဖွဲ့ချုပ်၏ ဂုဏ်ထူးဆောင် စွမ်းဆောင်ရည်ထူးချွန်ဆုတစ်ခုကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်အား ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ယနေ့ မေလ(၁၆) ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပပြုလုပ်သည့် (၃၄) ကြိမ်မြောက် အာရှဘောလုံးအဖွဲ့ချုပ် ညီလာခံတွင် ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
ချီးမြှင့်ခံရသည့် ဆုတံဆိပ်သည် အာရှဒေသ ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်အားထက်သန်စွာ မဆုတ်မနစ် ထမ်းရွက်မှုများ၊ ဘောလုံးအားကစားနှင့်အတူ လူ့အဖွဲ့အစည်းကောင်းကျိုးအတွက် ထူးချွန်စွာဆောင်ရွက်ခဲ့မှုများအတွက် ဂုဏ်ပြုပေးအပ်သည့် ဂုဏ်ထူးဆောင်စွမ်းဆောင်ရည်ထူးချွန်ဆုဖြစ်သည်။
ကိုဗစ်ကာလအတွင်း ရန်ကုန်နှင့် မန္တလေးတွင် အထူးကြပ်မတ် ကုသဆေးရုံများ ဆောက်လုပ်ပြီး လူနာများကို စောင့်ရှောက်ပေးခြင်း၊ အခမဲ့စစ်ဆေးမှု ပြုလုပ်ပေးခြင်းများအပြင် အာရှဘောလုံးအားကစား တိုးတက်ရေးဆောင်ရွက်မှုများကြောင့် ယခုကဲ့သို့ ဂုဏ်ထူးဆောင် စွမ်းဆောင်ရည်ထူး ချွန်ဆု ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဦးဇော်ဇော်သည် အာရှဘောလုံး အဖွဲ့ချုပ်၏ Senior Vice President အဖြစ်တာဝန်ယူ ဆောင်ရွက်နေပြီး AFC Social Responsibility ကော်မတီ ဥက္ကဋ္ဌ အဖြစ်လည်း ကောင်း၊ AFC Dream Asia Foundation ဘုတ်အဖွဲ့ဝင် တစ်ဦးအဖြစ်လည်းကောင်း၊ အာရှဘောလုံးအဖွဲ့ချုပ်၏ လူမှုရေးလုပ်ငန်းစဉ်များတွင် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။