ၿပိဳင္ဘက္အေျပာင္းလဲ ထပ္ျဖစ္ျပန္တဲ့ ​ေဂ်ာ့ရႈဝါဗန္​

(အားကစား) ေမ ၁၄

​ေဂ်ာ့ရႈဝါဗန္​က လာမယ့္ ဇြန္​လ(၁)ရက္​​ေန႔မွာ ဂ်ပန္​ဖိုက္​တာ တက္​ဆူရို တိုင္​ရာနဲ႔ပြဲစဥ္ ပ်က္ျပယ္သြားေၾကာင္းသိရပါတယ္။

UFC က ဂ်ပန္​ဖိုက္​တာ တက္​ဆူရို တိုင္​ရာကို UFC Fight Night ၿပိဳင္ပြဲမွာ ​ေခါင္​ပြဲစဥ္​အျဖစ္​ အဲလက္ ပီရက္ဇ္နဲ႔ ​​ေျပာင္းလဲထိုးခိုင္းလိုက္​ပါတယ္​။

အဲ့ဒီပြဲစဥ္မွာ ​ေဂ်ာ့ရႈဝါဗန္​ကိုလဲ အူလန္ဘီေကာ့ နဲ႔ ေျပာင္းထိုးခိုင္းလိုက္တယ္လို႔ သိရတယ္။ ေဂ်ာ့ရႈဝါဗန္ကေတာ့ UFC မွာ(၃)ပြဲဆက္ အနိုင္ယူျပထားပါတယ္။

အဆိုပါပြဲစဥ္ကို လာမယ့္ ဇြန္လ(၁၅) ရက္ေန႔မွာ ယွဥ္ၿပိဳင္သြားမည္ျဖစ္ေၾကာင္း သိရပါတယ္။

========

ပြိုင်ဘက်အပြောင်းလဲ ထပ်ဖြစ်ပြန်တဲ့ ​ဂျော့ရှုဝါဗန်​

(အားကစား) မေ ၁၄

​ဂျော့ရှုဝါဗန်​က လာမယ့် ဇွန်​လ(၁)ရက်​​နေ့မှာ ဂျပန်​ဖိုက်​တာ တက်​ဆူရို တိုင်​ရာနဲ့ပွဲစဉ် ပျက်ပြယ်သွားကြောင်းသိရပါတယ်။

UFC က ဂျပန်​ဖိုက်​တာ တက်​ဆူရို တိုင်​ရာကို UFC Fight Night ပြိုင်ပွဲမှာ ​ခေါင်​ပွဲစဉ်​အဖြစ်​ အဲလက် ပီရက်ဇ်နဲ့ ​​ပြောင်းလဲထိုးခိုင်းလိုက်​ပါတယ်​။

အဲ့ဒီပွဲစဉ်မှာ ​ဂျော့ရှုဝါဗန်​ကိုလဲ အူလန်ဘီကော့ နဲ့ ပြောင်းထိုးခိုင်းလိုက်တယ်လို့ သိရတယ်။ ဂျော့ရှုဝါဗန်ကတော့ UFC မှာ(၃)ပွဲဆက် အနိုင်ယူပြထားပါတယ်။

အဆိုပါပွဲစဉ်ကို လာမယ့် ဇွန်လ(၁၅) ရက်နေ့မှာ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရပါတယ်။