ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များမှ ပါတီ ပါတီကိုချစ်ခင်အားပေးကြသူများ၊ အသင်းဝင်ဟောင်းများ၊ ပါတီမှ ကင်းကွာပါတီဝင်များနှင့်တွေ့ဆုံ
မေ ၁၃၊ ပြည်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ် ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပါတီဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့်အတူ ၂၀၂၄ ခုနှစ်၊ မေလ (၁၁) ရက်နေ့ နေ့လည် ၁၄၅၀ အချိန်တွင် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်မြို့နယ်ပါတီရုံးခန်းမတွင် ပြုလုပ်သည့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များမှ ပါတီက်ာမတီဝင်များ၊ ပါတီကိုချစ်ခင်အားပေးကြသူများ၊ အသင်းဝင်ဟောင်းများ၊ ပါတီမှ ကင်းကွာပါတီဝင်များနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပါသည်။
တွေ့ဆုံပွဲ ပထမပိုင်းတွင် ပါတီကိုချစ်ခင်အားပေးကြသူများ၊ အသင်းဝင်ဟောင်းများ၊ ပါတီဝင်ကင်းကွာနေသော အင်အားတွေအပါအဝင် (၃၁၈)ဦးနှင့် စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး ပါတီမှ ဆောင်ရွက်နေသော ပြည့်မဏ္ဍိုင်အစီအစဉ်ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူမျး ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် မေးမြန်ဖြေကြား ဆွေးနွေးကြပြီး ပထမပိုင်းအခမ်းအနားကို ညနေ ၁၅၄၀ အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။
ထို့နောက် ညနေ ၁၆၀၀ အချိန်တွင် ဒုတိယပိုင်းအခမ်းအနားဖြစ်သည့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များမှ ပါတီကော်မတီတာဝန်ရှိသူ (၁၆၂)ဦးနှင့် တွေ့ဆုံပြီး ပါတီ၏ ဆောင်ရွက်နေသောလုပ်ငန်းစဉ်များ၊ ရှေ့ဆက်ဆောင်ရွက်မည့်အစီအမံများ၊ ရေတိုရေရှည်ရည်မှန်းချက်များအား ရှင်းလင်းမှာကြားပြီး လိုအပ်သည့်လမ်းညွှန်မှုများပြောကြားပြီး တွေ့ဆုံပွဲကို ညနေ ၁၇၅၀ အချိန်ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
=========