ပူတင္က စီးပြားေရးပညာရွင္ကို ကာကြယ္ေရးဝန္ႀကီးအျဖစ္ အံ့အားသင့္ဖြယ္ အစားထိုးခန႔္အပ္
ယူကရိန္းစစ္ပြဲ ေအာင္နိုင္ေရး ပိုမိုဆန္းသစ္တီထြင္မႈကို အသုံးခ်ဖို႔၊ ကာကြယ္ေရးဘတ္ဂ်က္ကို ပိုမိုေကာင္းမြန္စြာ အသုံးခ်ျခင္းျဖင့္ စီးပြားေရးစစ္ပြဲမွာ ႐ုရွားကို ခိုင္ျမဲေနေစဖို႔ ႀကိဳးပမ္းခ်က္အေနနဲ႔ ႐ုရွားသမၼတ ဗလာဒီမာပူတင္ဟာ အရပ္ဖက္ စီးပြားေရးပညာရွင္တစ္ဦးကို သူ႔ရဲ့ ကာကြယ္ေရးဝန္ႀကီးသစ္အျဖစ္ ခန႔္အပ္လိုက္ေၾကာင္း သိရပါတယ္။
ႏွစ္ဖက္စလုံးမွာ ႀကီးႀကီးမားမား ထိခိုက္ေ-သဆုံးမႈေတြ ေပးဆပ္ထားရၿပီျဖစ္တဲ့ စစ္ပြဲ ၂ ႏွစ္ေက်ာ္ကာလအေရာက္မွာ ပူတင္က စီးပြားေရးအထူးျပဳတစ္ဦးျဖစ္သူ အသက္ ၆၅ ႏွစ္အရြယ္ ဒုတိယဝန္ႀကီးခ်ဳပ္ေဟာင္း အန္ဒရိုင္း ဘဲလ္လူေဆာ့ဗ္ကို သူ႔ရဲ့ ကာလၾကာရွည္ မဟာမိတ္ ကာကြယ္ေရးဝန္ႀကီး ဆာေဂး ရွိုင္ဂူေနရာမွာ အံ့အားသင့္ဖြယ္ အစားထိုးခန႔္အပ္လိုက္တာျဖစ္ပါတယ္။
၂၀၁၂ ခုႏွစ္ကတည္းက ကာကြယ္ေရးတာဝန္ထမ္းေဆာင္ခဲ့ၿပီး ကာလၾကာရွည္ ရပ္တည္ခဲ့တဲ့ မိတ္ေဆြ၊ မဟာမိတ္ျဖစ္သူ ရွိုင္ဂူကို ႐ုရွားရဲ့ ၾသဇာႀကီး လုံျခဳံေရးေကာင္စီအတြင္းေရးမႉးအျဖစ္ ပူတင္က လိုလားခဲ့ၿပီး ယခင္အတြင္းေရးမႉးျဖစ္သူ နီကိုလိုင္ ပါထ႐ူရွက္ဗ္ေနရာမွာ အစားထိုးခဲ့ကာ သူဟာ စစ္တပ္ စက္မႈအေဆာက္အအုံပိုင္းဆိုင္ရာအတြက္လည္း တာဝန္ယူရမွာျဖစ္ေၾကာင္း ကရင္မလင္က ေျပာဆိုခဲ့ပါတယ္။
ပါထ႐ူရွက္ဗ္ဟာလည္း ရာထူးေနရာသစ္ ရရွိမွာျဖစ္ေပမယ့္ သူတာဝန္ယူရမယ့္ေနရာနဲ႔ ပတ္သက္ၿပီး လက္ရွိမွာ ထုတ္ျပန္ေၾကညာျခင္း မရွိေသးပါဘူး။
ပါလီမန္အမတ္ေတြက အတည္ျပဳေပးဖို႔ ေသခ်ာတဲ့ ယခု အေျပာင္းအလဲေတြဟာ ၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီမွာ ယူကရိန္းသို႔ တပ္ဖြဲ႕ဝင္ ေထာင္ေပါင္းမ်ားစြာ ေစလႊတ္ခဲ့ၿပီးေနာက္ပိုင္း ပူတင္က စစ္တပ္ အမိန႔္ေပးကြပ္ကဲမႈပိုင္းကို သိသာအထင္ရွားဆုံး အေျပာင္းအလဲလုပ္ေဆာင္ခဲ့မႈျဖစ္ပါတယ္။
႐ုရွားဟာ စစ္ဘက္နဲ႔ ဥပေဒစိုးမိုးေရး အာဏာပိုင္ေတြ ျပည္တြင္း အသားတင္ထုတ္လုပ္မႈရဲ့ ၇.၄ ရာခိုင္ႏႈန္းကို တြက္ခ်က္အသုံးျပဳတဲ့ ၁၉၈၀ ခုႏွစ္မ်ား အလယ္ပိုင္းက ဆိုဗီယက္ျပည္ေထာင္စု အေျခအေနမ်ိဳး ခ်ဥ္းကပ္လာတာေၾကာင့္ အေျပာင္းအလဲဟာ အဓိပၸါယ္ရွိတယ္လို႔ ကရင္မလင္ ေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီ ပက္ရွ္ေကာ့ဗ္က ေျပာဆိုပါတယ္။
အဆိုပါ အသုံးစရိတ္ေတြနဲ႔ လိုက္ေလ်ာညီေထြရွိေစေရးနဲ႔ နိုင္ငံ စီးပြားေရးတစ္ခုလုံးမွာ ပိုမိုေကာင္းမြန္စြာ ေပါင္းစည္းဖို႔ အေရးႀကီးလာေၾကာင္း ဆိုလိုရင္းျဖစ္ၿပီး ယခုအခ်ိန္မွာ ပူတင္အတြက္ ကာကြယ္ဝန္ႀကီး႒ာနအလုပ္မွာ အရပ္သား စီးပြားေရးပညာရွင္တစ္ဦး အလိုရွိလာရျခင္းျဖစ္တယ္လို႔ ပက္ရွ္ေကာ့ဗ္က ေျပာဆိုခဲ့ပါတယ္။
စီးပြားေရးဝန္ႀကီးေဟာင္းတစ္ဦးျဖစ္သူ ဘဲလ္လူေဆာ့ဗ္ဟာ ပူတင္နဲ႔ အလြန္ရင္းႏွီးသူလို႔ လူသိမ်ားၿပီး ခိုင္မာေသာ နိုင္ငံေတာ္ျပန္လည္တည္ေဆာက္ေရး ႐ုရွားေခါင္းေဆာင္ရဲ့ အျမင္ကို မၽွေဝနားလည္မႈရွိသူျဖစ္ပါတယ္။ ဒါ့အျပင္ သူဟာ ပိုမိုေကာင္းမြန္တဲ့ ဆန္းသစ္တီထြင္မႈနဲ႔ စိတ္ကူး စိတ္သန္းေတြ ပြင့္လင္းျမင္သာလိုတဲ့ ပူတင္ရဲ့ ထိပ္တန္းနည္းပညာရွင္ေတြနဲ႔ လက္တြဲလုပ္ေဆာင္ခဲ့သူလည္း ျဖစ္ပါတယ္။
ဘဲလ္လူေဆာ့ဗ္ဟာ ႐ုရွားရဲ့ ဒ႐ုန္းပရိုဂရမ္ကို ႀကီးၾကပ္ရာမွာ အေရးပါတဲ့ အခန္းက႑ကေန ပါဝင္ခဲ့သူလို႔လည္း သိရပါတယ္။
Ref: Reuters
=======
ပူတင်က စီးပွားရေးပညာရှင်ကို ကာကွယ်ရေးဝန်ကြီးအဖြစ် အံ့အားသင့်ဖွယ် အစားထိုးခန့်အပ်
ယူကရိန်းစစ်ပွဲ အောင်နိုင်ရေး ပိုမိုဆန်းသစ်တီထွင်မှုကို အသုံးချဖို့၊ ကာကွယ်ရေးဘတ်ဂျက်ကို ပိုမိုကောင်းမွန်စွာ အသုံးချခြင်းဖြင့် စီးပွားရေးစစ်ပွဲမှာ ရုရှားကို ခိုင်မြဲနေစေဖို့ ကြိုးပမ်းချက်အနေနဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ အရပ်ဖက် စီးပွားရေးပညာရှင်တစ်ဦးကို သူ့ရဲ့ ကာကွယ်ရေးဝန်ကြီးသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း သိရပါတယ်။
နှစ်ဖက်စလုံးမှာ ကြီးကြီးမားမား ထိခိုက်ေ-သဆုံးမှုတွေ ပေးဆပ်ထားရပြီဖြစ်တဲ့ စစ်ပွဲ ၂ နှစ်ကျော်ကာလအရောက်မှာ ပူတင်က စီးပွားရေးအထူးပြုတစ်ဦးဖြစ်သူ အသက် ၆၅ နှစ်အရွယ် ဒုတိယဝန်ကြီးချုပ်ဟောင်း အန်ဒရိုင်း ဘဲလ်လူဆော့ဗ်ကို သူ့ရဲ့ ကာလကြာရှည် မဟာမိတ် ကာကွယ်ရေးဝန်ကြီး ဆာဂေး ရှိုင်ဂူနေရာမှာ အံ့အားသင့်ဖွယ် အစားထိုးခန့်အပ်လိုက်တာဖြစ်ပါတယ်။
၂၀၁၂ ခုနှစ်ကတည်းက ကာကွယ်ရေးတာဝန်ထမ်းဆောင်ခဲ့ပြီး ကာလကြာရှည် ရပ်တည်ခဲ့တဲ့ မိတ်ဆွေ၊ မဟာမိတ်ဖြစ်သူ ရှိုင်ဂူကို ရုရှားရဲ့ သြဇာကြီး လုံခြုံရေးကောင်စီအတွင်းရေးမှူးအဖြစ် ပူတင်က လိုလားခဲ့ပြီး ယခင်အတွင်းရေးမှူးဖြစ်သူ နီကိုလိုင် ပါထရူရှက်ဗ်နေရာမှာ အစားထိုးခဲ့ကာ သူဟာ စစ်တပ် စက်မှုအဆောက်အအုံပိုင်းဆိုင်ရာအတွက်လည်း တာဝန်ယူရမှာဖြစ်ကြောင်း ကရင်မလင်က ပြောဆိုခဲ့ပါတယ်။
ပါထရူရှက်ဗ်ဟာလည်း ရာထူးနေရာသစ် ရရှိမှာဖြစ်ပေမယ့် သူတာဝန်ယူရမယ့်နေရာနဲ့ ပတ်သက်ပြီး လက်ရှိမှာ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။
ပါလီမန်အမတ်တွေက အတည်ပြုပေးဖို့ သေချာတဲ့ ယခု အပြောင်းအလဲတွေဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှာ ယူကရိန်းသို့ တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ စေလွှတ်ခဲ့ပြီးနောက်ပိုင်း ပူတင်က စစ်တပ် အမိန့်ပေးကွပ်ကဲမှုပိုင်းကို သိသာအထင်ရှားဆုံး အပြောင်းအလဲလုပ်ဆောင်ခဲ့မှုဖြစ်ပါတယ်။
ရုရှားဟာ စစ်ဘက်နဲ့ ဥပဒေစိုးမိုးရေး အာဏာပိုင်တွေ ပြည်တွင်း အသားတင်ထုတ်လုပ်မှုရဲ့ ၇.၄ ရာခိုင်နှုန်းကို တွက်ချက်အသုံးပြုတဲ့ ၁၉၈၀ ခုနှစ်များ အလယ်ပိုင်းက ဆိုဗီယက်ပြည်ထောင်စု အခြေအနေမျိုး ချဉ်းကပ်လာတာကြောင့် အပြောင်းအလဲဟာ အဓိပ္ပါယ်ရှိတယ်လို့ ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်ရှ်ကော့ဗ်က ပြောဆိုပါတယ်။
အဆိုပါ အသုံးစရိတ်တွေနဲ့ လိုက်လျောညီထွေရှိစေရေးနဲ့ နိုင်ငံ စီးပွားရေးတစ်ခုလုံးမှာ ပိုမိုကောင်းမွန်စွာ ပေါင်းစည်းဖို့ အရေးကြီးလာကြောင်း ဆိုလိုရင်းဖြစ်ပြီး ယခုအချိန်မှာ ပူတင်အတွက် ကာကွယ်ဝန်ကြီးဋ္ဌာနအလုပ်မှာ အရပ်သား စီးပွားရေးပညာရှင်တစ်ဦး အလိုရှိလာရခြင်းဖြစ်တယ်လို့ ပက်ရှ်ကော့ဗ်က ပြောဆိုခဲ့ပါတယ်။
စီးပွားရေးဝန်ကြီးဟောင်းတစ်ဦးဖြစ်သူ ဘဲလ်လူဆော့ဗ်ဟာ ပူတင်နဲ့ အလွန်ရင်းနှီးသူလို့ လူသိများပြီး ခိုင်မာသော နိုင်ငံတော်ပြန်လည်တည်ဆောက်ရေး ရုရှားခေါင်းဆောင်ရဲ့ အမြင်ကို မျှဝေနားလည်မှုရှိသူဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ပိုမိုကောင်းမွန်တဲ့ ဆန်းသစ်တီထွင်မှုနဲ့ စိတ်ကူး စိတ်သန်းတွေ ပွင့်လင်းမြင်သာလိုတဲ့ ပူတင်ရဲ့ ထိပ်တန်းနည်းပညာရှင်တွေနဲ့ လက်တွဲလုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
ဘဲလ်လူဆော့ဗ်ဟာ ရုရှားရဲ့ ဒရုန်းပရိုဂရမ်ကို ကြီးကြပ်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့သူလို့လည်း သိရပါတယ်။
Ref: Reuters