လာမယ့္ ဇြန္လ(၂)ရက္ေန႔မွာ ဂ်ပန္ဖိုက္တာနဲ႔ ယွဥ္ၿပိဳင္ထိုးသတ္မယ့္ ေဂ်ာ့ရႈဝါဗန္
(အားကစား) ေမ ၈
ျမန္မာျပည္ဖြား ခ်င္းတိုင္းရင္းသား ေဂ်ာ့ရႈဝါဗန္ဟာ ဂ်ပန္ဖိုက္တာ တက္ဆူရိုတိုင္ရာ နဲ႔ ယွဥ္ၿပိဳင္ထိုးသတ္သြားမည္ကို UFC က အတည္ျပဳထုတ္ျပန္ခဲ့ေၾကာင္း သိရပါတယ္။
အဆိုပါပြဲစဥ္ကို လာမယ့္ ဇြန္လ(၂) ရက္ေန႔မွာ ယွဥ္ၿပိဳင္သြားမည္ျဖစ္ေၾကာင္း သိရပါတယ္။
Flyweight Ranking (၁၃) ရွိတဲ့ ဂ်ပန္ဖိုက္တာတက္ဆူရိုတိုင္ရာဟာ UFC (၅)ပြဲဆက္အနိုင္ရရွိခဲ့ၿပီး Professional Fighter ဘဝ စုစုေပါင္း (၁၅)ပြဲလုံးမွာ ရႈံးပြဲမရွိေသးပဲ (၁၅)ပြဲမွာ (၇)ပြဲကို Submission ႏွင့္ အနိုင္ယူထားၿပီး Knockouts က်ေအာင္ ထိုးသတ္ခဲ့တဲ့ဖိုက္တာလည္းျဖစ္ပါတယ္။
ေဂ်ာ့ရႈဝါဗန္ကေတာ့ UFC မွာ (၃)ပြဲဆက္ အနိုင္ယူျပထားေၾကာင္း သိရပါတယ္။
ဂ်ပန္ပရိတ္သတ္ေတြကေတာ့ ေဂ်ာ့ရႈဝါဗန္ဟာ ဖိုက္တာတက္ဆူရိုတိုင္ရာအတြက္ ခက္ခဲ့တဲ့ၿပိဳင္ဘက္ျဖစ္လာနိုင္တယ္လို႔ ယူဆေနၾကပါတယ္။
========
လာမယ့် ဇွန်လ(၂)ရက်နေ့မှာ ဂျပန်ဖိုက်တာနဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့် ဂျော့ရှုဝါဗန်
(အားကစား) မေ ၈
မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား ဂျော့ရှုဝါဗန်ဟာ ဂျပန်ဖိုက်တာ တက်ဆူရိုတိုင်ရာ နဲ့ ယှဉ်ပြိုင်ထိုးသတ်သွားမည်ကို UFC က အတည်ပြုထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါပွဲစဉ်ကို လာမယ့် ဇွန်လ(၂) ရက်နေ့မှာ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
Flyweight Ranking (၁၃) ရှိတဲ့ ဂျပန်ဖိုက်တာတက်ဆူရိုတိုင်ရာဟာ UFC (၅)ပွဲဆက်အနိုင်ရရှိခဲ့ပြီး Professional Fighter ဘဝ စုစုပေါင်း (၁၅)ပွဲလုံးမှာ ရှုံးပွဲမရှိသေးပဲ (၁၅)ပွဲမှာ (၇)ပွဲကို Submission နှင့် အနိုင်ယူထားပြီး Knockouts ကျအောင် ထိုးသတ်ခဲ့တဲ့ဖိုက်တာလည်းဖြစ်ပါတယ်။
ဂျော့ရှုဝါဗန်ကတော့ UFC မှာ (၃)ပွဲဆက် အနိုင်ယူပြထားကြောင်း သိရပါတယ်။
ဂျပန်ပရိတ်သတ်တွေကတော့ ဂျော့ရှုဝါဗန်ဟာ ဖိုက်တာတက်ဆူရိုတိုင်ရာအတွက် ခက်ခဲ့တဲ့ပြိုင်ဘက်ဖြစ်လာနိုင်တယ်လို့ ယူဆနေကြပါတယ်။