ေဒါ့မြန္အသင္း၏နိုင္ပြဲေၾကာင့္ လာမည့္ရာသီ ခ်န္ပီယံလိဂ္ထပ္တိုးဝင္ခြင့္ လက္က်န္တစ္ေနရာကို ဘြန္ဒစ္လီဂါၿပိဳင္ပြဲရရွိ
ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ ပထမအေက်ာ့ ဒုတိယေန႔တြင္ ေဒါ့မြန္အသင္း အနိုင္ရခဲ့ေသာေၾကာင့္ လာမည့္ရာသီ ခ်န္ပီယံလိဂ္ထပ္တိုးဝင္ခြင့္ လက္က်န္တစ္ေနရာကို ဘြန္ဒစ္လီဂါၿပိဳင္ပြဲက ရရွိခဲ့ေၾကာင္း သိရသည္။
ဆီမီးဖိုင္နယ္ပထမေန႔တြင္ ဂ်ာမန္ကလပ္ ဘိုင္ယန္ျမဴးနစ္အသင္း သေရက်ခဲ့ၿပီး ဒုတိယေန႔တြင္ ေဒါ့မြန္အသင္း နိုင္ပြဲရရွိခဲ့ေသာေၾကာင့္ ထပ္တိုးဝင္ခြင့္ လက္က်န္တစ္ေနရာကို ဘြန္ဒစ္လီဂါၿပိဳင္ပြဲက ရရွိခဲ့ျခင္းျဖစ္သည္။
ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္(UEFA) သည္ ၂၀၂၄-၂၀၂၅ ရာသီမွစ၍ ခ်န္ပီယံလိဂ္ေနာက္ဆုံးအဆင့္ကို (၃၂) သင္းအစား (၃၆) သင္းအျဖစ္ ေျပာင္းလဲက်င္းပမည္ျဖစ္သည္။
ၿပိဳင္ပြဲပုံစံအသစ္ေၾကာင့္ ဝင္ခြင့္(၄)ေနရာ ထပ္တိုးလာၿပီး ယင္းေနရာမ်ားအနက္ ႏွစ္ေနရာကို ယခုရာသီ ဥေရာပကလပ္အသင္းၿပိဳင္ပြဲမ်ားတြင္ စြမ္းေဆာင္ရည္အေကာင္းဆုံး လိဂ္ၿပိဳင္ပြဲႏွစ္ခုမွ တစ္သင္းစီရရွိေစရန္ သတ္မွတ္ထားသည္။
ေမ (၁) ရက္ပြဲစဥ္မ်ားအၿပီး ယခုရာသီ ဥေရာပကလပ္ၿပိဳင္ပြဲမ်ား၌ စြမ္းေဆာင္ရည္အေကာင္းဆုံးစာရင္းတြင္ အီတလီကလပ္မ်ားက ၁၉ ဒသမ ၄၂၈ မွတ္ျဖင့္ ဦးေဆာင္ေနၿပီး ဂ်ာမနီကလပ္မ်ားက ၁၈ ဒသမ ၃၅၇ မွတ္ျဖင့္ ဒုတိယေနရာရရွိရန္ ေသခ်ာသြားၿပီျဖစ္သည္။
တတိယေနရာမွ အဂၤလန္ကလပ္မ်ားမွာမူ ၁၇ ဒသမ ၃၇၅ မွတ္သာရရွိထားသလို ဥေရာပၿပိဳင္ပြဲသုံးခု၌ ဗီလာတစ္သင္းတည္းသာ ကြန္ဖရန႔္လိဂ္ ဆီမီးဖိုင္နယ္တက္ေရာက္ထားသျဖင့္ ဂ်ာမနီကလပ္မ်ားကို လိုက္မီနိုင္ေတာ့မည္မဟုတ္ေၾကာင္း သိရသည္။
သို႔ျဖစ္ရာ ၂၀၂၄-၂၀၂၅ ရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲတြင္ အီတလီႏွင့္ ဂ်ာမနီကလပ္မ်ားက (၅)ေနရာစီ ဝင္ခြင့္ရရွိမည္ ျဖစ္သည္။
=======
ဒေါ့မွန်အသင်း၏နိုင်ပွဲကြောင့် လာမည့်ရာသီ ချန်ပီယံလိဂ်ထပ်တိုးဝင်ခွင့် လက်ကျန်တစ်နေရာကို ဘွန်ဒစ်လီဂါပြိုင်ပွဲရရှိ
ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ ဒုတိယနေ့တွင် ဒေါ့မွန်အသင်း အနိုင်ရခဲ့သောကြောင့် လာမည့်ရာသီ ချန်ပီယံလိဂ်ထပ်တိုးဝင်ခွင့် လက်ကျန်တစ်နေရာကို ဘွန်ဒစ်လီဂါပြိုင်ပွဲက ရရှိခဲ့ကြောင်း သိရသည်။
ဆီမီးဖိုင်နယ်ပထမနေ့တွင် ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်အသင်း သရေကျခဲ့ပြီး ဒုတိယနေ့တွင် ဒေါ့မွန်အသင်း နိုင်ပွဲရရှိခဲ့သောကြောင့် ထပ်တိုးဝင်ခွင့် လက်ကျန်တစ်နေရာကို ဘွန်ဒစ်လီဂါပြိုင်ပွဲက ရရှိခဲ့ခြင်းဖြစ်သည်။
ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) သည် ၂၀၂၄-၂၀၂၅ ရာသီမှစ၍ ချန်ပီယံလိဂ်နောက်ဆုံးအဆင့်ကို (၃၂) သင်းအစား (၃၆) သင်းအဖြစ် ပြောင်းလဲကျင်းပမည်ဖြစ်သည်။
ပြိုင်ပွဲပုံစံအသစ်ကြောင့် ဝင်ခွင့်(၄)နေရာ ထပ်တိုးလာပြီး ယင်းနေရာများအနက် နှစ်နေရာကို ယခုရာသီ ဥရောပကလပ်အသင်းပြိုင်ပွဲများတွင် စွမ်းဆောင်ရည်အကောင်းဆုံး လိဂ်ပြိုင်ပွဲနှစ်ခုမှ တစ်သင်းစီရရှိစေရန် သတ်မှတ်ထားသည်။
မေ (၁) ရက်ပွဲစဉ်များအပြီး ယခုရာသီ ဥရောပကလပ်ပြိုင်ပွဲများ၌ စွမ်းဆောင်ရည်အကောင်းဆုံးစာရင်းတွင် အီတလီကလပ်များက ၁၉ ဒသမ ၄၂၈ မှတ်ဖြင့် ဦးဆောင်နေပြီး ဂျာမနီကလပ်များက ၁၈ ဒသမ ၃၅၇ မှတ်ဖြင့် ဒုတိယနေရာရရှိရန် သေချာသွားပြီဖြစ်သည်။
တတိယနေရာမှ အင်္ဂလန်ကလပ်များမှာမူ ၁၇ ဒသမ ၃၇၅ မှတ်သာရရှိထားသလို ဥရောပပြိုင်ပွဲသုံးခု၌ ဗီလာတစ်သင်းတည်းသာ ကွန်ဖရန့်လိဂ် ဆီမီးဖိုင်နယ်တက်ရောက်ထားသဖြင့် ဂျာမနီကလပ်များကို လိုက်မီနိုင်တော့မည်မဟုတ်ကြောင်း သိရသည်။
သို့ဖြစ်ရာ ၂၀၂၄-၂၀၂၅ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အီတလီနှင့် ဂျာမနီကလပ်များက (၅)နေရာစီ ဝင်ခွင့်ရရှိမည် ဖြစ်သည်။