ကြမ္တုံျပည္နယ္အေဝးေျပးလမ္းၿပိဳက်၍ေ-သဆုံးသူ ၄၈ ဦးအထိရွိလာ
တ႐ုတ္နိုင္ငံေတာင္ပိုင္း ကြမ္တုံျပည္နယ္ရွိ အေဝးေျပးလမ္းမႀကီးၿပိဳၾကမႈေၾကာင့္ ေ-သဆုံးသူ အေရအတြက္သည္ ၄၈ ဦးအထိျမင့္တက္လာေၾကာင္း နိုင္ငံပိုင္မီဒီယာမ်ားကေဖာ္ျပၾကၿပီး ကယ္ဆယ္ေရးလုပ္ငန္းမ်ားကို ဆက္လက္လုပ္ေဆာင္ေနဆဲျဖစ္ေၾကာင္းလည္းသိရသည္။
ကြမ္တုံျပည္နယ္၌ မိုးသည္းထန္စြာရြာသြန္းသျဖင့္ ေျမသားမ်ားၿပိဳက်ကာ လမ္းမ်ားပ်က္စီးခဲ့သည္။ အဆိုပါျပည္နယ္သည္ လူေနထူထပ္ေသာ စက္မႈစြမ္းအင္စက္႐ုံမ်ားတည္ရွိရာေနရာလည္းျဖစ္သည့္အတြက္ မၾကာေသးမီရက္မ်ားအတြင္းက ျပင္းထန္ေသာရာသီဥတုျဖစ္စဥ္မ်ားႏွင့္ ကပ္ေဘးမ်ားက်ေရာက္ခဲ့ရျခင္းလည္းျဖစ္သည္။
ရာသီဥတုေျပာင္းလဲမႈမ်ားေၾကာင့္ ယခုႏွစ္အတြင္းျဖစ္ေပၚသည့္မုန္တိုင္းမ်ားသည္ ေမၽွာ္မွန္းထားသည္ထက္ ပိုမိုျပင္းထန္လာသည္ဟုလည္းသိရသည္။ ယခုျဖစ္ေပၚခဲ့သည့္ အေဝးေျပးလမ္းေျမၿပိဳမႈေၾကာင့္ ကားအစီးေရ ၂၀ ေက်ာ္ပိတ္မိၿပီး လူ ၅၄ ဦးပိတ္မိေနခဲ့သည္ဟုလည္း ဆင္ဟြာသတင္းဌာန၌ေဖာ္ျပထားသည္။
တ႐ုတ္နိုင္ငံသည္ ရာသီဥတုေျပာင္းလဲမႈကို အဓိကျဖစ္ေစသည့္ ဖန္လုံအိမ္ဓါတ္ေငြ႕ ကို အမ်ားဆုံးထုတ္လႊတ္သည့္နိုင္ငံျဖစ္ေသာ္လည္း လာမည့္ ၂၀၆၀ ျပည့္ႏွစ္မွစ၍ အဆိုပါဖန္လုံအိမ္ဓါတ္ေငြ႕ထုတ္လႊတ္မႈအား ေလၽွာ့ခ်မည္ျဖစ္ေၾကာင္းလည္းကတိျပဳထားသည္။
Source : AFP
======
ကွမ်တုံပြည်နယ်အဝေးပြေးလမ်းပြိုကျ၍ေ-သဆုံးသူ ၄၈ ဦးအထိရှိလာ
တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ်ရှိ အဝေးပြေးလမ်းမကြီးပြိုကြမှုကြောင့် ေ-သဆုံးသူ အရေအတွက်သည် ၄၈ ဦးအထိမြင့်တက်လာကြောင်း နိုင်ငံပိုင်မီဒီယာများကဖော်ပြကြပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်းလည်းသိရသည်။
ကွမ်တုံပြည်နယ်၌ မိုးသည်းထန်စွာရွာသွန်းသဖြင့် မြေသားများပြိုကျကာ လမ်းများပျက်စီးခဲ့သည်။ အဆိုပါပြည်နယ်သည် လူနေထူထပ်သော စက်မှုစွမ်းအင်စက်ရုံများတည်ရှိရာနေရာလည်းဖြစ်သည့်အတွက် မကြာသေးမီရက်များအတွင်းက ပြင်းထန်သောရာသီဥတုဖြစ်စဉ်များနှင့် ကပ်ဘေးများကျရောက်ခဲ့ရခြင်းလည်းဖြစ်သည်။
ရာသီဥတုပြောင်းလဲမှုများကြောင့် ယခုနှစ်အတွင်းဖြစ်ပေါ်သည့်မုန်တိုင်းများသည် မျှော်မှန်းထားသည်ထက် ပိုမိုပြင်းထန်လာသည်ဟုလည်းသိရသည်။ ယခုဖြစ်ပေါ်ခဲ့သည့် အဝေးပြေးလမ်းမြေပြိုမှုကြောင့် ကားအစီးရေ ၂၀ ကျော်ပိတ်မိပြီး လူ ၅၄ ဦးပိတ်မိနေခဲ့သည်ဟုလည်း ဆင်ဟွာသတင်းဌာန၌ဖော်ပြထားသည်။
တရုတ်နိုင်ငံသည် ရာသီဥတုပြောင်းလဲမှုကို အဓိကဖြစ်စေသည့် ဖန်လုံအိမ်ဓါတ်ငွေ့ ကို အများဆုံးထုတ်လွှတ်သည့်နိုင်ငံဖြစ်သော်လည်း လာမည့် ၂၀၆၀ ပြည့်နှစ်မှစ၍ အဆိုပါဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှုအား လျှော့ချမည်ဖြစ်ကြောင်းလည်းကတိပြုထားသည်။
Source : AFP