ရန္ကုန္အိမ္ေထာင္စု စာရင္းျဖင့္ ေနျပည္ေတာ္တြင္ ပတ္စ္ပို႔ Online Booking ေလၽွာက္ထားနိုင္

ေနျပည္ေတာ္ရွိ နိုင္ငံကူးလက္မွတ္ ထုတ္ေပးေရး႐ုံးခြဲတြင္ ရန္ကုန္တိုင္းေဒသႀကီး အိမ္ေထာင္စုစာရင္းျဖင့္ Online Booking ေလၽွာက္ထားနိုင္ေၾကာင္း ျမန္မာနိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံးက အသိေပးထားသည္။
ျမန္မာနိုင္ငံကူးလက္မွတ္ထုတ္ေပးေရး ႐ုံးရက္ခ်ိန္းစစ္ေဆးရန္ႏွင့္ ျမန္မာနိုင္ငံကူး လက္မွတ္ေလၽွာက္ထားရန္ Online Appointment ျပဳလုပ္ျခင္းကို လက္ရွိအခ်ိန္အထိ ရက္ခ်ိန္းရယူနိုင္ေသာရက္မွာ ရန္ကုန္ နိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံး 11-11-2024၊ ေနျပည္ေတာ္ နိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံး 02-07-2024၊ မႏၲေလး နိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံး 13-09-2024၊ ပုသိမ္ နိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံး 06-08-2024၊ ပဲခူး နိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံး 03-09-2024 ရက္မ်ားျဖစ္ေၾကာင္း သိရသည္။
ျမန္မာနိုင္ငံကူးလက္မွတ္ထုတ္ေပးေရးအဖြဲ႕အေနျဖင့္ နိုင္ငံကူးလက္မွတ္မ်ားအား ျမန္မာနိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံး (ရန္ကုန္)တြင္ ၂၀၂၃ ခုႏွစ္ ေဖေဖာ္ဝါရီလ (၂၄) ရက္မွစ၍လည္းေကာင္း၊ ေနျပည္ေတာ္၊ မႏၲေလး၊ ပုသိမ္၊ ပဲခူးတို႔တြင္ ၂၀၂၄ ခုႏွစ္ေဖေဖာ္ဝါရီလ (၂၆) ရက္မွစ၍လည္း ေကာင္း Online Appointment System စနစ္ျဖင့္ လုပ္ငန္း စဥ္အတိုင္း စိစစ္ထုတ္ေပးလ်က္ရွိသည္။
ျမစ္ႀကီးနား၊ မုံရြာ၊ လားရွိုး၊ ေတာင္ႀကီး၊ က်ိဳင္းတုံ၊ စစ္ေတြ၊ ဟားခါး၊ ဘားအံ၊ ေမာ္လၿမိဳင္၊ ထားဝယ္၊ မေကြးတို႔တြင္ ၂၀၂၄ ေမလ (၂)ရက္မွစ၍ Online Appointment System ျဖင့္ ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း အသိေပးထားသည္။
ထို႔ျပင္ ကယားျပည္နယ္ အိမ္ေထာင္စုစာရင္းဝင္သူမ်ားသည္ ျပည္နယ္အစိုးရအဖြဲ႕ (သို႔မဟုတ္) တိုင္းစစ္ဌာနခ်ဳပ္ ေထာက္ခံခ်က္ျဖင့္ ေတာင္ႀကီး႐ုံးခြဲသို႔ေရြးခ်ယ္ ေလၽွာက္ထားနိုင္ၿပီး က်န္ျပည္နယ္/ တိုင္းေဒသႀကီးမ်ားရွိ ႐ုံးခြဲမ်ားတြင္ သက္ဆိုင္ရာ အိမ္ေထာင္စုစာရင္းဝင္မ်ားကိုသာ လက္ခံေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
နိုင္ငံကူး လက္မွတ္ေလၽွာက္ထားမည့္သူမ်ားသည္ ေမလ (၁) ရက္ (၉) နာရီအခ်ိန္မွစ၍ ရက္ခ်ိန္းယူနိုင္ေၾကာင္း သိရသည္။

====

ရန်ကုန်အိမ်ထောင်စု စာရင်းဖြင့် နေပြည်တော်တွင် ပတ်စ်ပို့ Online Booking လျှောက်ထားနိုင်

နေပြည်တော်ရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးခွဲတွင် ရန်ကုန်တိုင်းဒေသကြီး အိမ်ထောင်စုစာရင်းဖြင့် Online Booking လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက အသိပေးထားသည်။
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ရုံးရက်ချိန်းစစ်ဆေးရန်နှင့် မြန်မာနိုင်ငံကူး လက်မှတ်လျှောက်ထားရန် Online Appointment ပြုလုပ်ခြင်းကို လက်ရှိအချိန်အထိ ရက်ချိန်းရယူနိုင်သောရက်မှာ ရန်ကုန် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး 11-11-2024၊ နေပြည်တော် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး 02-07-2024၊ မန္တလေး နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး 13-09-2024၊ ပုသိမ် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး 06-08-2024၊ ပဲခူး နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး 03-09-2024 ရက်များဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့အနေဖြင့် နိုင်ငံကူးလက်မှတ်များအား မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်)တွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၂၄) ရက်မှစ၍လည်းကောင်း၊ နေပြည်တော်၊ မန္တလေး၊ ပုသိမ်၊ ပဲခူးတို့တွင် ၂၀၂၄ ခုနှစ်ဖေဖော်ဝါရီလ (၂၆) ရက်မှစ၍လည်း ကောင်း Online Appointment System စနစ်ဖြင့် လုပ်ငန်း စဉ်အတိုင်း စိစစ်ထုတ်ပေးလျက်ရှိသည်။
မြစ်ကြီးနား၊ မုံရွာ၊ လားရှိုး၊ တောင်ကြီး၊ ကျိုင်းတုံ၊ စစ်တွေ၊ ဟားခါး၊ ဘားအံ၊ မော်လမြိုင်၊ ထားဝယ်၊ မကွေးတို့တွင် ၂၀၂၄ မေလ (၂)ရက်မှစ၍ Online Appointment System ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးထားသည်။
ထို့ပြင် ကယားပြည်နယ် အိမ်ထောင်စုစာရင်းဝင်သူများသည် ပြည်နယ်အစိုးရအဖွဲ့ (သို့မဟုတ်) တိုင်းစစ်ဌာနချုပ် ထောက်ခံချက်ဖြင့် တောင်ကြီးရုံးခွဲသို့ရွေးချယ် လျှောက်ထားနိုင်ပြီး ကျန်ပြည်နယ်/ တိုင်းဒေသကြီးများရှိ ရုံးခွဲများတွင် သက်ဆိုင်ရာ အိမ်ထောင်စုစာရင်းဝင်များကိုသာ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံကူး လက်မှတ်လျှောက်ထားမည့်သူများသည် မေလ (၁) ရက် (၉) နာရီအချိန်မှစ၍ ရက်ချိန်းယူနိုင်ကြောင်း သိရသည်။