သၾကၤန္႐ုံးပိတ္ရက္ မတိုင္မီႏွင့္ ပိတ္ရက္အၿပီးတြင္ အထူးရထားမ်ားေျပးဆြဲမည္
ဧၿပီ ၃
သၾကၤန္႐ုံးပိတ္ရက္မတိုင္မီ ဧၿပီလ ၁၁ ရက္မွစတင္ၿပီး အထူးရထားမ်ားကို ေျပးဆြဲေပးသြားမွာ ျဖစ္ေၾကာင္း ရန္ကုန္ဘူတာႀကီးမွ သိရပါတယ္။ သၾကၤန္႐ုံးပိတ္ရက္မတိုင္မီ ဧၿပီလ ၁၁ ရက္ကေန ၁၂ ရက္အထိႏွင့္ သၾကၤန္အၿပီး ဧၿပီလ ၂၀ ရက္ကေန ၂၁ ရက္အထိတို႔တြင္ သၾကၤန္အထူးရထားမ်ားကို ေျပးဆြဲ ေပးမည္ျဖစ္ၿပီး ခရီးသည္အေျခအေနေပၚမူတည္၍ လိုအပ္ပါက ထပ္တိုးေျပးဆြဲေပးမည္ျဖစ္ေၾကာင္း သိရပါတယ္။
ေျပးဆြဲေပးမည့္ခရီးစဥ္မ်ားမွာ ရန္ကုန္-မႏၲေလး၊ ရန္ကုန္-ျပည္၊ ရန္ကုန္-ေမာ္လၿမိဳင္ ခရီးစဥ္တို႔ျဖစ္ၿပီး ရထားလက္မွတ္ေဈးႏႈန္းမ်ား အေျပာင္းအလဲမရွိသလို ခရီးသြားျပည္သူမ်ားအေနျဖင့္ ႀကိဳတင္လက္မွတ္မ်ား ဝယ္ယူရာတြင္ အထက္တန္းအတြက္ ရထားလက္မွတ္မ်ားအား ၃ ရက္ႀကိဳတင္ဝယ္ယူနိုင္ၿပီး ရိုးရိုးတန္း ရထားလက္မွတ္ကို ၁ ရက္ ႀကိဳတင္ဝယ္ယူနိုင္ေၾကာင္း ျမန္မာ့မီးရထား၊ ရန္ကုန္ဘူတာႀကီးကေန သိရပါတယ္။
သၾကၤန္အႀကိဳေန႔ျဖစ္တဲ့ ဧၿပီလ ၁၃ ရက္ ကေန သၾကၤန္အတက္ေန႔ျဖစ္တဲ့ ၁၆ ရက္အထိ လူစီးရထားမ်ား အားလုံးေျပးဆြဲမႈကို ေခတၱရပ္နားထားမွာ ျဖစ္ပါတယ္။
=========
သင်္ကြန်ရုံးပိတ်ရက် မတိုင်မီနှင့် ပိတ်ရက်အပြီးတွင် အထူးရထားများပြေးဆွဲမည်
ဧပြီ ၃
သင်္ကြန်ရုံးပိတ်ရက်မတိုင်မီ ဧပြီလ ၁၁ ရက်မှစတင်ပြီး အထူးရထားများကို ပြေးဆွဲပေးသွားမှာ ဖြစ်ကြောင်း ရန်ကုန်ဘူတာကြီးမှ သိရပါတယ်။ သင်္ကြန်ရုံးပိတ်ရက်မတိုင်မီ ဧပြီလ ၁၁ ရက်ကနေ ၁၂ ရက်အထိနှင့် သင်္ကြန်အပြီး ဧပြီလ ၂၀ ရက်ကနေ ၂၁ ရက်အထိတို့တွင် သင်္ကြန်အထူးရထားများကို ပြေးဆွဲ ပေးမည်ဖြစ်ပြီး ခရီးသည်အခြေအနေပေါ်မူတည်၍ လိုအပ်ပါက ထပ်တိုးပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရပါတယ်။
ပြေးဆွဲပေးမည့်ခရီးစဉ်များမှာ ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်၊ ရန်ကုန်-မော်လမြိုင် ခရီးစဉ်တို့ဖြစ်ပြီး ရထားလက်မှတ်ဈေးနှုန်းများ အပြောင်းအလဲမရှိသလို ခရီးသွားပြည်သူများအနေဖြင့် ကြိုတင်လက်မှတ်များ ဝယ်ယူရာတွင် အထက်တန်းအတွက် ရထားလက်မှတ်များအား ၃ ရက်ကြိုတင်ဝယ်ယူနိုင်ပြီး ရိုးရိုးတန်း ရထားလက်မှတ်ကို ၁ ရက် ကြိုတင်ဝယ်ယူနိုင်ကြောင်း မြန်မာ့မီးရထား၊ ရန်ကုန်ဘူတာကြီးကနေ သိရပါတယ်။
သင်္ကြန်အကြိုနေ့ဖြစ်တဲ့ ဧပြီလ ၁၃ ရက် ကနေ သင်္ကြန်အတက်နေ့ဖြစ်တဲ့ ၁၆ ရက်အထိ လူစီးရထားများ အားလုံးပြေးဆွဲမှုကို ခေတ္တရပ်နားထားမှာ ဖြစ်ပါတယ်။