ေလာင္းကစားစည္းမ်ဥ္းခ်ိဳးေဖာက္မႈျဖင့္ တိုနယ္လီကို အဂၤလန္အက္ဖ္ေအက စြဲခ်က္တင္

မတ္ ၂၉

နယူးကာဆယ္အသင္းရဲ့ ကြင္းလယ္ကစားသမား တိုနာလီဟာ ဒီႏွစ္ေဘာလုံးရာသီ အေစာပိုင္းတုန္းက ေလာင္းကစားအမႈေပါင္း ၅၀ ေလာက္က်ဴးလြန္ခဲ့တယ္လို႔သိရပါတယ္။

ဒါေၾကာင့္ အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ အက္ဖ္ေအဟာ ပရီးမီးယားလိဂ္အသင္းေတြအေပၚ ထုတ္ျပန္ထားခဲ့တဲ့ ေလာင္းကစား ဆိုင္ရာစည္းမ်ဥ္းေတြကို ခ်ိဳးေဖာက္ခဲ့တယ္လို႔ သတ္မွတ္ၿပီး တိုနာလီကို ကို စြဲခ်က္တင္လိုက္တယ္လို႔သိရပါတယ္။

တိုနာလီဟာ ဒီေလာင္းကစားဆိုင္ရာ အျပစ္ေတြကို ၂၀၂၃ ဩဂုတ္လ‌ကေန စက္တင္ဘာလအတြင္း ယွဥ္ၿပိဳင္ခဲ့တဲ့ ပြဲစဥ္ေတြအတြင္းမွာ က်ဴးလြန္ခဲ့တာျဖစ္တယ္လို႔လည္း ေဖာ္ျပခံထားရပါတယ္။

တိုနာလီဟာ အီတလီမွာလည္း အခုလို ေလာင္းကစားျပစ္ဒဏ္ေတြကို က်ဴးလြန္ခဲ့တာျဖစ္ၿပီး ၿပီးခဲတဲ့ႏွစ္ ေအာက္တိုဘာလတုန္းကတည္းက ေဘာလုံးကစားျခင္းကို ၁၀ လတိတိ ပိတ္ပင္ခံထားခဲ့ရတာျဖစ္ပါတယ္။

=========

လောင်းကစားစည်းမျဉ်းချိုးဖောက်မှုဖြင့် တိုနယ်လီကို အင်္ဂလန်အက်ဖ်အေက စွဲချက်တင်

မတ် ၂၉

နယူးကာဆယ်အသင်းရဲ့ ကွင်းလယ်ကစားသမား တိုနာလီဟာ ဒီနှစ်ဘောလုံးရာသီ အစောပိုင်းတုန်းက လောင်းကစားအမှုပေါင်း ၅၀ လောက်ကျူးလွန်ခဲ့တယ်လို့သိရပါတယ်။

ဒါကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေဟာ ပရီးမီးယားလိဂ်အသင်းတွေအပေါ် ထုတ်ပြန်ထားခဲ့တဲ့ လောင်းကစား ဆိုင်ရာစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်လို့ သတ်မှတ်ပြီး တိုနာလီကို ကို စွဲချက်တင်လိုက်တယ်လို့သိရပါတယ်။

တိုနာလီဟာ ဒီလောင်းကစားဆိုင်ရာ အပြစ်တွေကို ၂၀၂၃ ဩဂုတ်လ‌ကနေ စက်တင်ဘာလအတွင်း ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်တွေအတွင်းမှာ ကျူးလွန်ခဲ့တာဖြစ်တယ်လို့လည်း ဖော်ပြခံထားရပါတယ်။

တိုနာလီဟာ အီတလီမှာလည်း အခုလို လောင်းကစားပြစ်ဒဏ်တွေကို ကျူးလွန်ခဲ့တာဖြစ်ပြီး ပြီးခဲတဲ့နှစ် အောက်တိုဘာလတုန်းကတည်းက ဘောလုံးကစားခြင်းကို ၁၀ လတိတိ ပိတ်ပင်ခံထားခဲ့ရတာဖြစ်ပါတယ်။